ၾကားသိရသမွ်

လမ်းမပေါ်တွင် မီးသွေးခဲကိုအသုံးပြုပြီး အထင်ကြီးစေလောက်သော ပန်းချီကားများကို ရေးဆွဲပြခဲ့သည့် အိမ်ခြေရာမဲ့ အဖိုးအိုတစ်ဦး

လမ်းမပေါ်တွင် မီးသွေးခဲကိုအသုံးပြုပြီး အထင်ကြီးစေလောက်သော ပန်းချီကားများကို ရေးဆွဲပြခဲ့သည့် အိမ်ခြေရာမဲ့ အဖိုးအိုတစ်ဦး

အများစုက သူတို့ဝါသနာပါရာ ကျွမ်းကျင်သည့်အရာများနှင့် အသက်မွေးဝမ်းကျောင်းပြုပြီး ဝင်ငွေများစွာရရှိနေသော်လည်း အချို့သောမပြည့်စုံသူများအဖို့ အရည်အချင်းရှိပေမယ့် လုပ်စားခွင့်မရတာမျိုးရှိနေသည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံ Quezon Cityရှိ လမ်းမပေါ်တွင် နေထိုင်သော အသက်၆၀အရွယ် အဖိုးအိုတစ်ဦးသည် မိသားစု ဆွေမျိုးများလည်း မရှိကြတော့၍ လမ်းဘေးအိပ် လမ်းဘေးစား အိမ်ခြေရာမဲ့ဖြစ်နေခဲ့သည်။

အဖိုးအိုသည် လမ်းဘေးရှိ ဖြတ်သွားဖြတ်လာသူတွေဆီကနေ စားစရာအချို့တောင်းခံရင်း အလုံအလောက်မရသည့်အခါ အမှိုက်ပုံထဲရှိ စားကြွင်းစားကျန်များကို ရှာစားခဲ့ရသည်။

သို့သော်လည်း အဖိုးအိုသည် တစ်နေ့တွင် လမ်းမပေါ်တွင် သူဝါသနာပါသော ပန်းချီအား မီးသွေးခဲတစ်မျိုးတည်းကိုသာသုံးပြီး ရေးဆွဲခဲ့ရာ မယုံနိုင်လောက်အောင် လက်ရာပြောင်မြောက်လွန်းနေသည့်အတွက် အများမှ အာရုံစိုက်လာကြပြီး ချီးမွမ်းခဲ့ကြသည်။

ထို့နောက် အဖိုးအိုအား တောင်းရမ်းသူဘဝကနေ လွတ်မြောက်စေချင်ပြီး သူ့ရဲ့လှပသေသပ်သော ပန်းချီကားတွေဆီကနေ ကိုယ်ပိုင်ဝင်ငွေရှာနိုင်ရန်အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများဝယ်ယူရန် လူမှုကွန်ယက်တွင် မျှဝေကာ အကူအညီတောင်းပေးခဲ့ကြသည်။

Zawgyi

လမ္းမေပၚတြင္ မီးေသြးခဲကိုအသုံးျပဳၿပီး အထင္ႀကီးေစေလာက္ေသာ ပန္းခ်ီကားမ်ားကို ေရးဆြဲျပခဲ့သည့္ အိမ္ေျခရာမဲ့ အဖိုးအိုတစ္ဦး

 

အမ်ားစုက သူတို႔ဝါသနာပါရာ ကြၽမ္းက်င္သည့္အရာမ်ားႏွင့္ အသက္ေမြး၀မ္းေက်ာင္းျပဳၿပီး ဝင္ေငြမ်ားစြာရရွိေနေသာ္လည္း အခ်ိဳ႕ေသာမျပည့္စုံသူမ်ားအဖို႔ အရည္အခ်င္းရွိေပမယ့္ လုပ္စားခြင့္မရတာမ်ိဳးရွိေနသည္။

သို႔ျဖစ္၍ ဖိလစ္ပိုင္ႏိုင္ငံ Quezon Cityရွိ လမ္းမေပၚတြင္ ေနထိုင္ေသာ အသက္၆၀အ႐ြယ္ အဖိုးအိုတစ္ဦးသည္ မိသားစု ေဆြမ်ိဳးမ်ားလည္း မရွိၾကေတာ့၍ လမ္းေဘးအိပ္ လမ္းေဘးစား အိမ္ေျခရာမဲ့ျဖစ္ေနခဲ့သည္။

 

အဖိုးအိုသည္ လမ္းေဘးရွိ ျဖတ္သြားျဖတ္လာသူေတြဆီကေန စားစရာအခ်ိဳ႕ေတာင္းခံရင္း အလုံအေလာက္မရသည့္အခါ အမႈိက္ပုံထဲရွိ စားႂကြင္းစားက်န္မ်ားကို ရွာစားခဲ့ရသည္။

သို႔ေသာ္လည္း အဖိုးအိုသည္ တစ္ေန႔တြင္ လမ္းမေပၚတြင္ သူဝါသနာပါေသာ ပန္းခ်ီအား မီးေသြးခဲတစ္မ်ိဳးတည္းကိုသာသုံးၿပီး ေရးဆြဲခဲ့ရာ မယုံႏိုင္ေလာက္ေအာင္ လက္ရာေျပာင္ေျမာက္လြန္းေနသည့္အတြက္ အမ်ားမွ အာ႐ုံစိုက္လာၾကၿပီး ခ်ီးမြမ္းခဲ့ၾကသည္။

ထို႔ေနာက္ အဖိုးအိုအား ေတာင္းရမ္းသူဘဝကေန လြတ္ေျမာက္ေစခ်င္ၿပီး သူ႔ရဲ႕လွပေသသပ္ေသာ ပန္းခ်ီကားေတြဆီကေန ကိုယ္ပိုင္ဝင္ေငြရွာႏိုင္ရန္အတြက္ လိုအပ္သည့္ ပစၥည္းကိရိယာမ်ားဝယ္ယူရန္ လူမႈကြန္ယက္တြင္ မွ်ေဝကာ အကူအညီေတာင္းေပးခဲ့ၾကသည္။

Leave a Reply

Your email address will not be published. Required fields are marked *