အလှူအတန်းရက်ရောပါတယ်ဆိုပြီး နာမည်ကြီးတဲ့ ဖေ့စ်ဘုတ်ဆယ်လီရဲ့ အောက်ခြေလွတ်နေတဲ့သရုပ်မှန်ကို ပြောပြလာတဲ့ Russell
သရုပ်ဆောင် Russell ကတော့ “ည” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ နာမည်ကျော်ခဲ့သူ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ Russell ဟာ အနုပညာအလုပ်တွေကို အရှိန်အဟုန်မြင့်လုပ်ဆောင်နေတုန်းပဲ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့်
သူချစ်တဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ပြီး တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Russell က ပြည်သူတွေကို ခုတုံးလုပ်ပြီး အလှူအတန်းတွေဗန်းပြလုပ်ကိုင်နေတဲ့ ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်အကြောင်းကို ရင်ဖွင့်လာခဲ့ပါတယ်။
Russell က “အလှူအတန်း အရမ်းရက်ရောပါတယ် ဆိုပြီးနာမည်ကြီးခဲ့တဲ့ မရီရတဲ့ပျက်လုံးတွေနဲ့ ခွေးတိုးပေါက်ကနေ ဝင်ခဲ့တဲ့ FB ဆယ်လီ ညီမလေးအကြောင်းပါ။ တို့ မြန်မာတွေက အရမ်းသနားတတ် ၊ အယုံလွယ်တတ်တာကို အသုံးချပြီး နေရာတစ်နေရာ ရအောင် ယူတတ်ရဲခဲ့တာလည်း အံ့အောမိပါတယ် ။
ရှူတင်တွေမှာ မင်းသမီး အထှာဖမ်းပြီး ကြော်ငြာဈေးကို ထိပ်တန်း မင်းသမီးထက်တောင် ကျော်အောင် တောင်းရဲတာလည်း သတ္တိပါပဲ ။ ပြီးရင် မြန်မာအနုပညာရှင်တွေကို သူအလုပ်ပေးထားရတာဆိုတဲ့ အထှာနဲ့ ။ မီဒီယာလောက ထဲက မောင်နှမတွေဆို သူနဲ့ အင်တာဗြူးပြီး
ဘယ်လို စိတ်ပျက်စရာကောင်းလဲ ၊ ဘယ်လိုprofessional မဆန်လဲ ရိုင်းလဲဆိုတာ ရင်လာဖွင့်ကြလွန်းလို့ ၊ အစက ကိုယ်တွေ တစ်ယောက် နှစ်ယောက်ပဲထင်နေတာ။ တစ်ခါက ကြော်ငြာအပ်ဖို့ အလုပ်လာအပ်တုန်းကလည်း ကြော်ငြာတစ်ခုကို သိန်း ၁၅၀ ကျပ် နဲ့ ၃ ခုစာ လာအပ်တာတဲ့ ။
စရံငွေ ၁၅၀ လည်း ပါလာတယ် ချက်ချင်းပေးဖို့ ၊ သူ့အိမ်သွားတာ မနိုးသေးလို့ ကလိုင်းရန့်က ထိုင်စောင့်ပေးနေရတာတဲ့ ။ ( ဘယ်နာမည်ကြီး မင်းသမီးမှ သူ့လို စောက်ချိုးမချိုးကြဘူး ) ”“နိုးလာတော့လည်း ပိုက်ဆံပေးဖို့ စောင့်နေရတဲ့ ကလိုင်းရန့်တွေကို ချက်ချင်းလာမတွေသေးဘူး ၊
ညဝတ်အင်္ကျီတောင်မချွတ် ၊ အခန်းထဲ ဝင်လိုက်/ထွက်လာလိုက်နဲ့ ၊ နှုတ်တောင်မဆက်ပဲ မီးဖိုချောင်တန်းဝင်ပြီး ထမင်းတွေထိုင်စားနေတာတဲ့ ။ ပြီးတော့ “ ရှင်တို့ လာတဲ့ကိစ္စပြောပါဦး “ ဆိုပြီး ထမင်းတွေ ပလုပ်ပလောင်းနဲ့ အော်မေးတာတဲ့ဗျာ ။
အဲ့မှာ ရိုက်ကူးရေးလုပ်ဖို့ ပါလာတဲ့ ကျနော့ ဘော်ဒါ ဒါရိုက်တာရော သူဌေးကပါ စိတ်ပျက်သွားပြီး သူဌေးက ” တော်ပြီ သူနဲ့ လုံးဝ မရိုက်တော့ဘူး “ ပြောလို့ လှည့်ပြန်လာခဲ့ကြတာတဲ့ ။ နောက်တစ်ခါက ကိုယ်တွေနဲ့ အသိဘော်ဒါတစ်ယောက် ပရုပ်ဆီကြော်ငြာရိုက်တုန်းကလည်း
ချိန်းထားတာ မနက် ၈ နာရီ ၊ ရောက်လာတာ နေ့လည် ၁၁ ၊ ပြီးတော့ “ ညနေ ၄ နာရီအထိပဲ အချိန်ပေးနိုင်မယ် ၊ ပွဲသွားရမှာမို့ “ ဆိုပြီး ရိုက်ကူးရေးသမားတွေကို လော ၊ သူနဲ့အတူတူ တွဲရိုက်တဲ့သူတွေကိုလည်း မကြားကြားအောင် “ နောက်ဆို သူတစ်ယောက်တည်းပဲ ဦးတည်တဲ့ ကြော်ငြာ ရွေးလက်ခံတော့မယ် ၊
အာရုံနောက်တယ် “ ဘာညာ နဲ့ တွဲသရုပ်ဆောင်တဲ့သူတွေကို အားမနာ လူပါးကဝလိုက်သေး ။ တွဲရိုက်တာလည်း စောက်ရူးစောက်ပေါ တစ်ယောက်မှ မပါ ၊ အကယ်ဒမီဆုရှင်တောင်ပါသေး ။”“ညနေ ၄ နာရီထိုးတော့ ရိုက်စရာရှိတာအများကြီးကို ဂရုမစိုက်ပဲ ပြန်ချသွားတာ ၊ ကျန်တဲ့သူတွေကပဲ အဆင်ပြေအောင် ရိုက်လိုက်ရတယ် ။
( ဘယ်မင်းသားမင်းသမီးမှ သူ့လိုစောက်ချိုး မချိုးဘူးနော် ) ။နေ့လည်ခင်း နေပူကြီး ရှုတင်လာကြည့်တဲ့ ရွာသားတွေကိုလည်း “ ပါမလား ၊ လက်ဆောင်ပေးမယ် “ ဆိုပြီး နေပူကြီးထဲ အကြာကြီးရပ်ခိုင်းပြီး တစ်ယောက်ကို ပရုပ်ဆီဘူး အသေးလေးတစ်ဘူးဆီ ပေးပြီး ပြန်လွှတ်လိုက်တာနော် ။ မသိရင်သူပေးသလိုနဲ့ ။ လှူနေတယ်ဆိုတာလည်း မုန့်ဆီကြော်နဲ့ မုန့်ပြန်ကြော်နေတာနော် ။
Clients တွေဆီကနေ လှူစရာပစ္စည်းတွေ အလကားတောင်းပြီး သူလှူပေးသလိုနဲ့ နာမည်ယူတာ လူလည်မ က ။ သူကြော်ငြာရိုက်လို့ သိန်း ၈၀ ရရင် ပြန်လှူတာ ၁ သိန်း ၂ သိန်းဖိုးလောက်ပဲရှိမယ် ၊ ကျန်တာ သူများပေးထားတဲ့ ပစ္စည်းတွေနဲ့ မျက်နှာလုပ်တာဗျ ။
သူ့ရှာထားတဲ့ ပိုက်ဆံ ဘယ်လိုသုံးသုံး သူ့ကိစ္စပါ ၊ ရိုးသားတဲ့ မြန်မာပြည်သူတွေရဲ့ မေတ္တာကို အသုံးချပြီး လုပ်စားသွားတာ ကို ပြောချင်တာ ။ Coup စဖြစ်တော့လည်း သူ့ကိုချစ်ကြတဲ့ ပြည်သူတွေရဲ့မျက်နှာကိုမှ မထောက် “ သူနဲ့ နိုင်ငံရေးဘာဆိုင်လို့လဲ “ ဆိုပြီး မန့်သေးတာနော် ။
သူ့ကို အားပေးနေတဲ့ နယ်တွေ/ရွာတွေ ဆီက လူတွေရဲ့ Like ကိုအသုံးချပြီး ပိုက်ဆံတွေရှာခဲ့တာ ၊ ရွှေတွေဝယ် ၊ ၃ ထပ်တိုက်အိမ်ကြီး ဆောက်နိုင်ခဲ့တာ မဟုတ်ဘူးလား ??? မှတ်ချက် : ကျနော်ပြောသမျှ အကုန် records တွေရှိပါတယ် ၊ အလကား PA ကြောင့် ပြောနေတာမဟုတ်ဘူးနော် ။
နောက်ဆို သေချာ ဘွိုင်းကော့သင့်တဲ့သူတွေကို နောင်ကျဉ်အောင် လုပ်ရပါမယ် ။ ဒါသူ့အကြောင်း ပထမနဲ့ နောက်ဆုံးပါပဲ ။ တော်လှန်ရေးပြီးရင် သူ့လိုအနုပညာလောက်ကောင်တွေ မရှိအောင်ပါ ။ မှန်တာပြောရင် အရေးတော်ပုံ အမြန်အောင်ပါစေ Stop making Stupid People Famous ” ဆိုပြီး ပြောလာပါတယ်။
Russell ရဲ့ ပိုစ့်အောက်မှာတော့ ပရိသတ်တွေက Russell ပြောတဲ့ ဖေ့စ်ဘုတ်ဆယ်လီဆိုတာဟာ ဖြူဖြူထွေးဖြစ်တယ်လို့ မှတ်ချက်ပေးနေကြတာပဲဖြစ်ပါတယ်။ Russell ကတော့ နာမည်တပ်မပြောထားပေမယ့် Russell ပြောတဲ့အချက်တွေထဲက “ သူနဲ့ နိုင်ငံရေးဘာဆိုင်လို့လဲ “ ဆိုတဲ့စကားဟာ ဖြူဖြူထွေးပြောခဲ့တဲ့ စကားပဲဖြစ်ပါတယ်။
အလႉအတန္းရက္ေရာပါတယ္ဆိုၿပီး နာမည္ႀကီးတဲ့ ေဖ့စ္ဘုတ္ဆယ္လီရဲ႕ ေအာက္ေျခလြတ္ေနတဲ့သ႐ုပ္မွန္ကို ေျပာျပလာတဲ့ Russell
သ႐ုပ္ေဆာင္ Russell ကေတာ့ “ည” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ နာမည္ေက်ာ္ခဲ့သူ မင္းသားတစ္ေယာက္ပဲျဖစ္ပါတယ္။ Russell ဟာ အႏုပညာအလုပ္ေတြကို အရွိန္အဟုန္ျမင့္လုပ္ေဆာင္ေနတုန္းပဲ စစ္အာဏာသိမ္းမႈျဖစ္ပြားခဲ့တာေၾကာင့္
သူခ်စ္တဲ့ အႏုပညာအလုပ္ေတြကို စြန႔္လႊတ္ခဲ့ၿပီး ေတာ္လွန္ေရးလုပ္ငန္းေတြကို လုပ္ကိုင္ခဲ့တာပဲျဖစ္ပါတယ္။ ဒီကေန႔မွာလည္း Russell က ျပည္သူေတြကို ခုတုံးလုပ္ၿပီး အလႉအတန္းေတြဗန္းျပလုပ္ကိုင္ေနတဲ့ ေဖ့စ္ဘုတ္ဆယ္လီတစ္ေယာက္အေၾကာင္းကို ရင္ဖြင့္လာခဲ့ပါတယ္။
Russell က “အလႉအတန္း အရမ္းရက္ေရာပါတယ္ ဆိုၿပီးနာမည္ႀကီးခဲ့တဲ့ မရီရတဲ့ပ်က္လုံးေတြနဲ႔ ေခြးတိုးေပါက္ကေန ဝင္ခဲ့တဲ့ FB ဆယ္လီ ညီမေလးအေၾကာင္းပါ။ တို႔ ျမန္မာေတြက အရမ္းသနားတတ္ ၊ အယုံလြယ္တတ္တာကို အသုံးခ်ၿပီး ေနရာတစ္ေနရာ ရေအာင္ ယူတတ္ရဲခဲ့တာလည္း အံ့ေအာမိပါတယ္ ။
ရႉတင္ေတြမွာ မင္းသမီး အထွာဖမ္းၿပီး ေၾကာ္ျငာေဈးကို ထိပ္တန္း မင္းသမီးထက္ေတာင္ ေက်ာ္ေအာင္ ေတာင္းရဲတာလည္း သတၱိပါပဲ ။ ၿပီးရင္ ျမန္မာအႏုပညာရွင္ေတြကို သူအလုပ္ေပးထားရတာဆိုတဲ့ အထွာနဲ႔ ။ မီဒီယာေလာက ထဲက ေမာင္ႏွမေတြဆို သူနဲ႔ အင္တာျဗဴးၿပီး
ဘယ္လို စိတ္ပ်က္စရာေကာင္းလဲ ၊ ဘယ္လိုprofessional မဆန္လဲ ႐ိုင္းလဲဆိုတာ ရင္လာဖြင့္ၾကလြန္းလို႔ ၊ အစက ကိုယ္ေတြ တစ္ေယာက္ ႏွစ္ေယာက္ပဲထင္ေနတာ။ တစ္ခါက ေၾကာ္ျငာအပ္ဖို႔ အလုပ္လာအပ္တုန္းကလည္း ေၾကာ္ျငာတစ္ခုကို သိန္း ၁၅၀ က်ပ္ နဲ႔ ၃ ခုစာ လာအပ္တာတဲ့ ။
စရံေငြ ၁၅၀ လည္း ပါလာတယ္ ခ်က္ခ်င္းေပးဖို႔ ၊ သူ႔အိမ္သြားတာ မႏိုးေသးလို႔ ကလိုင္းရန႔္က ထိုင္ေစာင့္ေပးေနရတာတဲ့ ။ ( ဘယ္နာမည္ႀကီး မင္းသမီးမွ သူ႔လို ေစာက္ခ်ိဳးမခ်ိဳးၾကဘူး ) ”“ႏိုးလာေတာ့လည္း ပိုက္ဆံေပးဖို႔ ေစာင့္ေနရတဲ့ ကလိုင္းရန႔္ေတြကို ခ်က္ခ်င္းလာမေတြေသးဘူး ၊
ညဝတ္အက်ႌေတာင္မခြၽတ္ ၊ အခန္းထဲ ဝင္လိုက္/ထြက္လာလိုက္နဲ႔ ၊ ႏႈတ္ေတာင္မဆက္ပဲ မီးဖိုေခ်ာင္တန္းဝင္ၿပီး ထမင္းေတြထိုင္စားေနတာတဲ့ ။ ၿပီးေတာ့ “ ရွင္တို႔ လာတဲ့ကိစၥေျပာပါဦး “ ဆိုၿပီး ထမင္းေတြ ပလုပ္ပေလာင္းနဲ႔ ေအာ္ေမးတာတဲ့ဗ်ာ ။
အဲ့မွာ ႐ိုက္ကူးေရးလုပ္ဖို႔ ပါလာတဲ့ က်ေနာ့ ေဘာ္ဒါ ဒါ႐ိုက္တာေရာ သူေဌးကပါ စိတ္ပ်က္သြားၿပီး သူေဌးက ” ေတာ္ၿပီ သူနဲ႔ လုံးဝ မ႐ိုက္ေတာ့ဘူး “ ေျပာလို႔ လွည့္ျပန္လာခဲ့ၾကတာတဲ့ ။ ေနာက္တစ္ခါက ကိုယ္ေတြနဲ႔ အသိေဘာ္ဒါတစ္ေယာက္ ပ႐ုပ္ဆီေၾကာ္ျငာ႐ိုက္တုန္းကလည္း
ခ်ိန္းထားတာ မနက္ ၈ နာရီ ၊ ေရာက္လာတာ ေန႔လည္ ၁၁ ၊ ၿပီးေတာ့ “ ညေန ၄ နာရီအထိပဲ အခ်ိန္ေပးႏိုင္မယ္ ၊ ပြဲသြားရမွာမို႔ “ ဆိုၿပီး ႐ိုက္ကူးေရးသမားေတြကို ေလာ ၊ သူနဲ႔အတူတူ တြဲ႐ိုက္တဲ့သူေတြကိုလည္း မၾကားၾကားေအာင္ “ ေနာက္ဆို သူတစ္ေယာက္တည္းပဲ ဦးတည္တဲ့ ေၾကာ္ျငာ ေ႐ြးလက္ခံေတာ့မယ္ ၊
အာ႐ုံေနာက္တယ္ “ ဘာညာ နဲ႔ တြဲသ႐ုပ္ေဆာင္တဲ့သူေတြကို အားမနာ လူပါးကဝလိုက္ေသး ။ တြဲ႐ိုက္တာလည္း ေစာက္႐ူးေစာက္ေပါ တစ္ေယာက္မွ မပါ ၊ အကယ္ဒမီဆုရွင္ေတာင္ပါေသး ။”“ညေန ၄ နာရီထိုးေတာ့ ႐ိုက္စရာရွိတာအမ်ားႀကီးကို ဂ႐ုမစိုက္ပဲ ျပန္ခ်သြားတာ ၊ က်န္တဲ့သူေတြကပဲ အဆင္ေျပေအာင္ ႐ိုက္လိုက္ရတယ္ ။
( ဘယ္မင္းသားမင္းသမီးမွ သူ႔လိုေစာက္ခ်ိဳး မခ်ိဳးဘူးေနာ္ ) ။ေန႔လည္ခင္း ေနပူႀကီး ရႈတင္လာၾကည့္တဲ့ ႐ြာသားေတြကိုလည္း “ ပါမလား ၊ လက္ေဆာင္ေပးမယ္ “ ဆိုၿပီး ေနပူႀကီးထဲ အၾကာႀကီးရပ္ခိုင္းၿပီး တစ္ေယာက္ကို ပ႐ုပ္ဆီဘူး အေသးေလးတစ္ဘူးဆီ ေပးၿပီး ျပန္လႊတ္လိုက္တာေနာ္ ။ မသိရင္သူေပးသလိုနဲ႔ ။ လႉေနတယ္ဆိုတာလည္း မုန႔္ဆီေၾကာ္နဲ႔ မုန႔္ျပန္ေၾကာ္ေနတာေနာ္ ။
Clients ေတြဆီကေန လႉစရာပစၥည္းေတြ အလကားေတာင္းၿပီး သူလႉေပးသလိုနဲ႔ နာမည္ယူတာ လူလည္မ က ။ သူေၾကာ္ျငာ႐ိုက္လို႔ သိန္း ၈၀ ရရင္ ျပန္လႉတာ ၁ သိန္း ၂ သိန္းဖိုးေလာက္ပဲရွိမယ္ ၊ က်န္တာ သူမ်ားေပးထားတဲ့ ပစၥည္းေတြနဲ႔ မ်က္ႏွာလုပ္တာဗ် ။
သူ႔ရွာထားတဲ့ ပိုက္ဆံ ဘယ္လိုသုံးသုံး သူ႔ကိစၥပါ ၊ ႐ိုးသားတဲ့ ျမန္မာျပည္သူေတြရဲ႕ ေမတၱာကို အသုံးခ်ၿပီး လုပ္စားသြားတာ ကို ေျပာခ်င္တာ ။ Coup စျဖစ္ေတာ့လည္း သူ႔ကိုခ်စ္ၾကတဲ့ ျပည္သူေတြရဲ႕မ်က္ႏွာကိုမွ မေထာက္ “ သူနဲ႔ ႏိုင္ငံေရးဘာဆိုင္လို႔လဲ “ ဆိုၿပီး မန႔္ေသးတာေနာ္ ။
သူ႔ကို အားေပးေနတဲ့ နယ္ေတြ/႐ြာေတြ ဆီက လူေတြရဲ႕ Like ကိုအသုံးခ်ၿပီး ပိုက္ဆံေတြရွာခဲ့တာ ၊ ေ႐ႊေတြဝယ္ ၊ ၃ ထပ္တိုက္အိမ္ႀကီး ေဆာက္ႏိုင္ခဲ့တာ မဟုတ္ဘူးလား ??? မွတ္ခ်က္ : က်ေနာ္ေျပာသမွ် အကုန္ records ေတြရွိပါတယ္ ၊ အလကား PA ေၾကာင့္ ေျပာေနတာမဟုတ္ဘူးေနာ္ ။
ေနာက္ဆို ေသခ်ာ ဘြိဳင္းေကာ့သင့္တဲ့သူေတြကို ေနာင္က်ဥ္ေအာင္ လုပ္ရပါမယ္ ။ ဒါသူ႔အေၾကာင္း ပထမနဲ႔ ေနာက္ဆုံးပါပဲ ။ ေတာ္လွန္ေရးၿပီးရင္ သူ႔လိုအႏုပညာေလာက္ေကာင္ေတြ မရွိေအာင္ပါ ။ မွန္တာေျပာရင္ အေရးေတာ္ပုံ အျမန္ေအာင္ပါေစ Stop making Stupid People Famous ” ဆိုၿပီး ေျပာလာပါတယ္။
Russell ရဲ႕ ပိုစ့္ေအာက္မွာေတာ့ ပရိသတ္ေတြက Russell ေျပာတဲ့ ေဖ့စ္ဘုတ္ဆယ္လီဆိုတာဟာ ျဖဴျဖဴေထြးျဖစ္တယ္လို႔ မွတ္ခ်က္ေပးေနၾကတာပဲျဖစ္ပါတယ္။ Russell ကေတာ့ နာမည္တပ္မေျပာထားေပမယ့္ Russell ေျပာတဲ့အခ်က္ေတြထဲက “ သူနဲ႔ ႏိုင္ငံေရးဘာဆိုင္လို႔လဲ “ ဆိုတဲ့စကားဟာ ျဖဴျဖဴေထြးေျပာခဲ့တဲ့ စကားပဲျဖစ္ပါတယ္။
#Credit