ဇူလိုင်လ ၃၀ရက်နေ့မှာ မွန်ပြည်နယ်၊ မော်လမြိုင်တစ်မြို့နယ်လုံး နံနက် ၈နာရီကစပြီး ညနေ ၅နာရီအထိ
လျှပ်စစ်ဓါတ်အားပြတ်တောက်မည်ဟုပြည်နယ်လျှပ်စစ်အင်ဂျင်နီယာဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မော်လမြိုင်မြို့ 230 ကေဗွီ မော်လမြိုင်ပင်မဓါတ်အားခွဲရုံမှာ 230/66/11 (50)MVA X’ mer No (1)&(2) အထွက် 66kV main Bus
ကြိုးများလဲလှယ်ခြင်းလုပ်ငန်း၊ 230/66/11 (100)MVA X’ mer အသစ်တည်ဆောက်ရာမှာ Dropper ချခြင်းလုပ်ငန်းနဲ့
66kV main Bus Section DS (၂)စုံနဲ့ Main Bus Conductor ကြား
(66kV Bus တစ်ခုနဲ့တစ်ခုချိတ်ဆက်နိုင်ရေးဆောင်ရွက်ထားတဲ့ DS)
Dropper ချခြင်းလုပ်ငန်းများဓါတ်အားပိတ်၍ဆောင်ရွက်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထို့အတွက်ကြောင့် ဓါတ်အားပိတ်လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မော်လမြိုင်မြို့နယ်တစ်ခုလုံး
ဇူလိုင်လ ၃၀ရက်နေ့ နံနက် ၈နာရီမှ ညနေ ၅နာရီအချိန်အထိ
ဓါတ်အားပြတ်တောက်နေမှာဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။
zawgyi,
ေမာ္လၿမိဳင္တစ္ၿမိဳ႕နယ္လုံး လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မည္
ဇူလိုင္လ ၃၀ရက္ေန႔မွာ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္တစ္ၿမိဳ႕နယ္လုံး နံနက္ ၈နာရီကစၿပီး ညေန ၅နာရီအထိ
လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မည္ဟုျပည္နယ္လွ်ပ္စစ္အင္ဂ်င္နီယာဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။
ေမာ္လၿမိဳင္ၿမိဳ႕ 230 ေကဗြီ ေမာ္လၿမိဳင္ပင္မဓါတ္အားခြဲ႐ုံမွာ 230/66/11 (50)MVA X’ mer No (1)&(2) အထြက္ 66kV main Bus
ႀကိဳးမ်ားလဲလွယ္ျခင္းလုပ္ငန္း၊ 230/66/11 (100)MVA X’ mer အသစ္တည္ေဆာက္ရာမွာ Dropper ခ်ျခင္းလုပ္ငန္းနဲ႔
66kV main Bus Section DS (၂)စုံနဲ႔ Main Bus Conductor ၾကား
(66kV Bus တစ္ခုနဲ႔တစ္ခုခ်ိတ္ဆက္ႏိုင္ေရးေဆာင္႐ြက္ထားတဲ့ DS)
Dropper ခ်ျခင္းလုပ္ငန္းမ်ားဓါတ္အားပိတ္၍ေဆာင္႐ြက္မွာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
ထို႔အတြက္ေၾကာင့္ ဓါတ္အားပိတ္လုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း ေမာ္လၿမိဳင္ၿမိဳ႕နယ္တစ္ခုလုံး
ဇူလိုင္လ ၃၀ရက္ေန႔ နံနက္ ၈နာရီမွ ညေန ၅နာရီအခ်ိန္အထိ
ဓါတ္အားျပတ္ေတာက္ေနမွာျဖစ္တယ္လို႔ ထုတ္ျပန္အသိေပးထားတာျဖစ္ပါတယ္။