အထွေအထွေဗဟုသုတ

ပဲပြုတ်ရောင်းကာ ဘဝကိုခက်ခဲပင်ပန်းစွာ ရုန်းကန်နေရရှာတဲ့ အသက် (၈၄)နှစ်အရွယ် အဖိုးကို သွားရောက်ကူညီထောက်ပံ့ခဲ့တဲ့ ချောကလျာ

ပရိသတ်ကြီးရေ ချောကလျာကတော့ သရုပ်ဆောင်၊မော်ဒယ်လ် တစ်ယောက်အနေနဲ့

ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ချောကလျာကတော့ ဒီနေ့မှာ ပဲပြုတ်ရောင်းပြီး ဘဝကို ခက်ခဲပင်ပန်းစွာရုန်းကန်နေရရှာတဲ့

အသက် (၈၄)နှစ်အရွယ်အဘိုးတစ်ယောက်ကို သွားရောက်ကူညီထောက်ပံ့ခဲ့ပါတယ်။

ချောကလျာကတော့ အဖိုးထံသွားရောက်လှူဒါန်းခဲ့မှုအသေးစိတ်ကို “ဒီနေ့ အဖိုးဦးချစ်ထွေးကို ချော တတ်နိုင်သလောက်ကိုယ်တိုင်သွားလှူုဖြစ်တာလေး။

အဖိုးဘာစားပီးပီလဲဆိုတော့ မစားရသေးဘူး သမီးအခုမှ ချက်ရမှာ အဲ့ဒါဆို အဖိုးစားချင်တာဝယ်စားဖို့ သမီး မုန့်ဖိုး (၃ သိန်း) ကန်တော့တယ်နော်

နောက်လဲ အဖိုး တခုခုလိုအပ်တာရှိရင် သမီးဆီ အချိန်မရွေး ဖုန်းလှမ်းဆက်နော် ကျေးဇူးပါ သမီးလေးရယ်တဲ့။

အဖိုးနေမကောင်းတာက လှမ်းဆက်နော် လို့ပြောတော့ သမီးနာမည်ဘယ်လိုခေါ်လဲ တဲ့ သမီးနာမည်က ချောကလျာပါ ပြောတော့

နာမည်နဲ့လူနဲ့လိုက်လိုက်တာသမီးရယ် ချောလိုက်တာဆိုပဲ hehe။ အဖိုးဆီ မကြာမကြာလာနော် တဲ့

စိတ်ချ အဖိုးသမီးမကြာခဏ လာခဲ့ပါ့မယ့် သမီးအလုပ်တွေရှုပ်လို့ ကိုယ်တိုင်မလာနိုင်ရင်လဲ စိတ်မပူနဲ့ သမီးလူလွတ်ပီးအဖိုးဆီ လာခိုင်းပေးမယ်နော် ။

ကျေးဇူးပါ သမီးရယ် တဲ့ အားကိုးစရာသမီးတစ်ယောက် ရတာပေါ့တဲ့ ဒီမှာ သမီးဖုန်းနံပါတ်ဆိုပီး စာလုံးကြီးကြီးနဲ့ ရေးမှတ်ပေးခဲ့လိုက်တယ် ။

ချောကတော့ အမြဲတမ်းအဖိုးဆီ တတ်နိုင်သလောက်လှူုဖို့ ဆုံးဖြတ်လိုက်ပီ ချောလိုပဲ

လှူချင်တဲ့သူတွေရှိရင် အဖိုးရဲ့ဖုန်းနံပါတ်က 09943982020 – အမှတ် ၄၁၀ ကပ်လျက်ကအိမ်ပါ၊

ချယ်ရီလမ်း(၇၂) ရပ်ကွက်၊တောင်ဒဂုံ ပါနော်” ပါဆိုပြီး အဖိုးထံလှူဒါန်းပေးလို့ရကြောင်းပါ မျှဝေထားခဲ့ပါတယ်။

ပရိသတ်ကြီးရေ တကယ်ကို မွန်မြတ်လှတဲ့ အလှူလေးပါပဲနော်။

credit

unicode

Leave a Reply

Your email address will not be published. Required fields are marked *