ၾကားသိရသမွ်

ပခုကၠဴမွာ ဘုန္းႀကီးေက်ာင္းထဲ အထိုင္ခ်ေနတဲ့ စစ္အုပ္စု ယာယီစခန္းကို စီးနင္းတိုက္ခိုက္၊ (႐ုပ္သံ)

MFP ၊ ဇူလိုင် – ၂၉

မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဘုန်းကန်ရွာ ဘုန်းကြီးကျောင်းထဲ စီးနင်းအထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို မနေ့က ညနေပိုင်းမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စကစ ငါးယောက်ထက်မနည်း သေတယ်လို့ Earthquake People’s Defence Force (UG) က သတင်း ထုတ်ပြန်ပါတယ်။

ဇူလိုင်(၂၈)ရက် မနေ့က ညနေ(၅)နာရီကျော်က ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ရွာထဲ စီးနင်းအထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို Earthquake People’s Defence Force၊ PKU North PDF နှင့် Royal Defence Force PKU တို့ ပူးပေါင်းပြီး စီးနင်းဝင်ရောက် တိုက်ခိုက်ရာမှာ စစ်အုပ်စုရဲ့ ဘန်ကာတစ်ခုနှင့် စကစတွေ အထိုင်ချနေတဲ့ ဘုန်းကြီးကျောင်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စခ ငါးကောင်ထက်မနည်း သုတ်သင်ရှင်းလင်းခဲ့ပြီး မအလ၏ အစေအပါးများ ထိခိုက်ဒဏ်ရာများ ရရှိကာ ဒီထက်မက အသေအပျောက်များမည်ဟု ခန့်မန်းရပါသည်။

တိုက်ပွဲတွင် မိမိတို့ဘက်မှ စစ်ကောင်စီ ဘန်ကာတစ်ခုနှင့် တပ်စွဲထားသော ဘုန်းကြီးကျောင်းကို သိမ်းနိုင်ခဲ့ပြီး စက်ကလေးကုန်းကို ထပ်မံသိမ်းဖို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်စွဲထားသော နည်းပညာ တက္ကသိုလ်ဘက်မှ (၆၀ မမ) သုံးလုံးဖြင့် စစ်ကူပေးခြင်း၊ ပခုက္ကူမှ စစ်ကူကားတစ်စီး ရောက်လာခြင်း၊ အင်ပင်စစ်ကြောင်းမှ စစ်ကူများ ရောက်လာကြောင်း သိရှိရသောကြောင့် မိမိတို့အဖွဲ့များ ပြန်လည် ဆုတ်ခွါခဲ့ရပါသည်။ တိုက်ပွဲတွင် မိမိတို့အဖွဲ့များမှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး သက်ဆိုင်ရာစခန်းများသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပါသည်” လို့ Earthquake People’s Defence Force (UG) က ဖော်ပြပါတယ်။

အဲ့ဒီ အကြမ်းဖက် စစ်အုပ်စု အထိုင်ချနေတဲ့ နေရာကို စီးနင်းသိမ်းပိုက်နိုင်ဖို့ King Cobra People’s Defense Force က လမ်းပမ်းဖြတ်တောက်မှုနှင့် မြေပြင်သတင်းအချက်တွေ ထောက်လှမ်းပေးခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မကွေးတိုင်းထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပြီး ဒေသကာကွယ်ရေး တပ်တွေကလည်း ရရာနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပခုကၠဴမွာ စစ္အုပ္စု ယာယီစခန္းကို စီးနင္းတိုက္ခိုက္၊ စကစ ငါးေယာက္ထက္မနည္း ေသ၊

MFP ၊ ဇူလိုင္ – ၂၉

မေကြးတိုင္း ပခုကၠဴၿမိဳ႕ အေရွ႕ဘုန္းကန္ရြာ ဘုန္းႀကီးေက်ာင္းထဲ စီးနင္းအထိုင္ခ်ေနတဲ့ အၾကမ္းဖက္ စစ္အုပ္စုကို မေန႔က ညေနပိုင္းမွာ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက စီးနင္းတိုက္ခိုက္ သိမ္းပိုက္ခဲ့ၿပီး စကစ ငါးေယာက္ထက္မနည္း ေသတယ္လို႔ Earthquake People’s Defence Force (UG) က သတင္း ထုတ္ျပန္ပါတယ္။

ဇူလိုင္(၂၈)ရက္ မေန႔က ညေန(၅)နာရီေက်ာ္က ပခုကၠဴၿမိဳ႕နယ္၊ အေရွ႕ဘုန္းကန္ရြာထဲ စီးနင္းအထိုင္ခ်ေနတဲ့ အၾကမ္းဖက္ စစ္အုပ္စုကို Earthquake People’s Defence Force၊ PKU North PDF ႏွင့္ Royal Defence Force PKU တို႔ ပူးေပါင္းၿပီး စီးနင္းဝင္ေရာက္ တိုက္ခိုက္ရာမွာ စစ္အုပ္စုရဲ့ ဘန္ကာတစ္ခုႏွင့္ စကစေတြ အထိုင္ခ်ေနတဲ့ ဘုန္းႀကီးေက်ာင္းကို သိမ္းပိုက္နိုင္ခဲ့တာလို႔ ဆိုပါတယ္။

“တိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ စခ ငါးေကာင္ထက္မနည္း သုတ္သင္ရွင္းလင္းခဲ့ၿပီး မအလ၏ အေစအပါးမ်ား ထိခိုက္ဒဏ္ရာမ်ား ရရွိကာ ဒီထက္မက အေသအေပ်ာက္မ်ားမည္ဟု ခန႔္မန္းရပါသည္။

တိုက္ပြဲတြင္ မိမိတို႔ဘက္မွ စစ္ေကာင္စီ ဘန္ကာတစ္ခုႏွင့္ တပ္စြဲထားေသာ ဘုန္းႀကီးေက်ာင္းကို သိမ္းနိုင္ခဲ့ၿပီး စက္ကေလးကုန္းကို ထပ္မံသိမ္းဖို႔ တိုက္ခိုက္ရာတြင္ စစ္ေကာင္စီ တပ္စြဲထားေသာ နည္းပညာ တကၠသိုလ္ဘက္မွ (၆၀ မမ) သုံးလုံးျဖင့္ စစ္ကူေပးျခင္း၊ ပခုကၠဴမွ စစ္ကူကားတစ္စီး ေရာက္လာျခင္း၊ အင္ပင္စစ္ေၾကာင္းမွ စစ္ကူမ်ား ေရာက္လာေၾကာင္း သိရွိရေသာေၾကာင့္ မိမိတို႔အဖြဲ႕မ်ား ျပန္လည္ ဆုတ္ခြါခဲ့ရပါသည္။ တိုက္ပြဲတြင္ မိမိတို႔အဖြဲ႕မ်ားမွ အထိအခိုက္မရွိဆုတ္ခြာနိုင္ခဲ့ၿပီး သက္ဆိုင္ရာစခန္းမ်ားသို႔ ေဘးကင္းစြာ ျပန္လည္ေရာက္ရွိခဲ့ပါသည္” လို႔ Earthquake People’s Defence Force (UG) က ေဖာ္ျပပါတယ္။

အဲ့ဒီ အၾကမ္းဖက္ စစ္အုပ္စု အထိုင္ခ်ေနတဲ့ ေနရာကို စီးနင္းသိမ္းပိုက္နိုင္ဖို႔ King Cobra People’s Defense Force က လမ္းပမ္းျဖတ္ေတာက္မႈႏွင့္ ေျမျပင္သတင္းအခ်က္ေတြ ေထာက္လွမ္းေပးခဲ့တာလို႔ ဆိုပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုဟာ မေကြးတိုင္းထဲ ရြာစဥ္ပတ္ေမႊ ေသာင္းက်န္းေနၿပီး ေဒသကာကြယ္ေရး တပ္ေတြကလည္း ရရာနည္းနဲ႔ တိုက္ခိုက္ေနတာ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *