ရန်ကုန်၊ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းရှေ့တွင် လမ်းသွားလမ်းလာ အများပြည်သူများကို စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဇူလိုင်လ ၂၈ ရက် ညနေ ၄ နာရီတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း မြင်းခြံခရိုင်၊ တပ်ရင်း ၇ ZERO ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်သည် အင်အား ၃၀ ခန့်ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ၃ ဦးသေဆုံးပြီး ၃ ဦးမှာ အရေးပေါ်အခြေအနေသို့ ပို့ဆောင်သည်ကို မြင်တွေ့ရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့၊ ZERO Power တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း)နှင့် G4G PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၉
မြင်းမူ၊ ညောင်ပင်ဝန်းရဲစခန်းရှေ့ စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၍ စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)