ၾကားသိရသမွ်

ခမရ ၅၅၆ မွ ဗိုလ္ႀကီးေနရဲထက္ မဂၤလာေဆာင္ၿပီး ၇ လအၾကာ ဥကရစ္ထ တိုက္ပြဲတြင္ က်ဆုံး

ခမရ ၅၅၆ မွ ဗိုလ္ႀကီးေနရဲထက္ မဂၤလာေဆာင္ၿပီး ၇ လအၾကာ ဥကရစ္ထ တိုက္ပြဲတြင္ က်ဆုံး

ရန္ကုန္၊ ဇူလိုင္ ၇

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ဥကရစ္ထ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ ခမရ ၅၅၆ တပ္မွ တိုက္ခိုက္ေခ်မႈန္းေရး ပထမဆုရ ဗိုလ္ႀကီးေနရဲထက္ ေသဆုံးသြားေၾကာင္း ၎၏ မိတ္ေဆြအသိုင္းအဝိုင္းတခ်ိဳ႕ထံမွ သိရွိရသည္

OTS ဗသက-အပတ္စဥ္ ၁၁၉ ေက်ာင္းဆင္း ဗိုလ္ႀကီးေနရဲထက္သည္ စစ္ေကာင္စီတပ္ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (စကခ-၁၃) လက္ေအာက္ခံ တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕နယ္

ေျချမန္တပ္ရင္း-ခမရ ၅၅၆ မွျဖစ္ၿပီး မအူပင္ဇာတိျဖစ္ေၾကာင္း၊ ဥကရစ္ထ တိုက္ပြဲတြင္ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း၊ အေလာင္းျပန္လည္ မရရွိေၾကာင္း သိရွိရသည္

ဗိုလ္ႀကီးေနရဲထက္သည္ မင္းေအာင္လွိုင္ကို ဘုရားကဲ့သို႔ ကိုးကြယ္သူျဖစ္ၿပီး လူမႈကြန္ရက္တြင္ NUG PDF မ်ားကို ေလွာင္ေျပာင္သူ ျဖစ္ေၾကာင္း၊ ဇနီးျဖစ္သူ

ေခ်ာနႏၵာေအာင္(ခ) မီးငယ္ႏွင့္ ၂၀၂၁ ခုႏွစ္ နိုဝင္ဘာလ ၂၁ ရက္ေန႔တြင္ မဂၤလာေဆာင္ခဲ့ေၾကာင္း၊ မဂၤလာေဆာင္ၿပီး ၇ လနီးပါး ၾကာျမင့္လာခ်ိန္တြင္ ေသဆုံးသြားျခင္းျဖစ္သည္

Dbျပန္မရဘူး နာေရးပဲ လုပ္ရတယ္။ သူက မအူပင္ ဇာတိ၊ သူ႔မိဘေတြက မအူပင္ အိုင္ဝိုင္းေက်းရြာက။ သူ႔အမ်ိဳးသမီးနဲ႔ မဂၤလာေဆာင္ထားတာက မႏွစ္ နိုဝင္ဘာ ၂၁ ရက္ေန႔ကမွ မဂၤလာေဆာင္ထားတာ။ စနိုက္ပါထိလို႔ေသတယ္လို႔လည္း သူတို႔ရဲ့ ေဖ့ဘုတ္စ္အေကာင့္ ကြန္မန႔္ေတြမွာ ေတြ႕တယ္

မိသားစုဘက္က ဘာျဖစ္လို႔ ေသလဲဆိုတာ မေျပာဘူး။ သူ႔အမ်ိဳးသမီးက မရမ္းကုန္း ၃ ရပ္ကြက္ဘက္က။ က်ေနာ္နဲ႔ သူ႔မိဘေတြနဲ႔ အသိေတြပဲ။ သူတို႔က သားက ဗိုလ္ႀကီးဆိုၿပီး ရပ္ထဲရြာထဲမွာ အေတာ္ကို ဘယ္လိုေျပာရမလဲ အထက္စီးက လူေတြကို ဆက္ဆံတာ ဟု မိတ္ေဆြတစ္ဦးက ဆိုသည္

စစ္ေကာင္စီတပ္၏ ေျပာခြင့္ရ ေဇာ္မင္းထြန္းက ဥကရစ္ထစခန္းကို စစ္ေကာင္စီတပ္က အေကာင္း ဆုံးခုခံနိုင္ခဲ့ၿပီး စစ္ကူမ်ား ေစလႊတ္ထားေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုထားသည္ Crd- Khit Thit

ခမရ ၅၅၆ မှ ဗိုလ်ကြီးနေရဲထက် မင်္ဂလာဆောင်ပြီး ၇ လအကြာ ဥကရစ်ထ တိုက်ပွဲတွင် ကျဆုံး

ရန်ကုန်၊ ဇူလိုင် ၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဥကရစ်ထ တိုက်ပွဲတွင် စစ်ကောင်စီတပ် ခမရ ၅၅၆ တပ်မှ တိုက်ခိုက်ချေမှုန်းရေး ပထမဆုရ ဗိုလ်ကြီးနေရဲထက် သေဆုံးသွားကြောင်း ၎င်း၏ မိတ်ဆွေအသိုင်းအဝိုင်းတချို့ထံမှ သိရှိရသည်

OTS ဗသက-အပတ်စဉ် ၁၁၉ ကျောင်းဆင်း ဗိုလ်ကြီးနေရဲထက်သည် စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တနင်္သာရီတိုင်း မြိတ်မြို့နယ်

ခြေမြန်တပ်ရင်း-ခမရ ၅၅၆ မှဖြစ်ပြီး မအူပင်ဇာတိဖြစ်ကြောင်း၊ ဥကရစ်ထ တိုက်ပွဲတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းပြန်လည် မရရှိကြောင်း သိရှိရသည်

ဗိုလ်ကြီးနေရဲထက်သည် မင်းအောင်လှိုင်ကို ဘုရားကဲ့သို့ ကိုးကွယ်သူဖြစ်ပြီး လူမှုကွန်ရက်တွင် NUG PDF များကို လှောင်ပြောင်သူ ဖြစ်ကြောင်း၊ ဇနီးဖြစ်သူ

ချောနန္ဒာအောင်(ခ) မီးငယ်နှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မင်္ဂလာဆောင်ခဲ့ကြောင်း၊ မင်္ဂလာဆောင်ပြီး ၇ လနီးပါး ကြာမြင့်လာချိန်တွင် သေဆုံးသွားခြင်းဖြစ်သည်

Dbပြန်မရဘူး နာရေးပဲ လုပ်ရတယ်။ သူက မအူပင် ဇာတိ၊ သူ့မိဘတွေက မအူပင် အိုင်ဝိုင်းကျေးရွာက။ သူ့အမျိုးသမီးနဲ့ မင်္ဂလာဆောင်ထားတာက မနှစ် နိုဝင်ဘာ ၂၁ ရက်နေ့ကမှ မင်္ဂလာဆောင်ထားတာ။ စနိုက်ပါထိလို့သေတယ်လို့လည်း သူတို့ရဲ့ ဖေ့ဘုတ်စ်အကောင့် ကွန်မန့်တွေမှာ တွေ့တယ်

မိသားစုဘက်က ဘာဖြစ်လို့ သေလဲဆိုတာ မပြောဘူး။ သူ့အမျိုးသမီးက မရမ်းကုန်း ၃ ရပ်ကွက်ဘက်က။ ကျနော်နဲ့ သူ့မိဘတွေနဲ့ အသိတွေပဲ။ သူတို့က သားက ဗိုလ်ကြီးဆိုပြီး ရပ်ထဲရွာထဲမှာ အတော်ကို ဘယ်လိုပြောရမလဲ အထက်စီးက လူတွေကို ဆက်ဆံတာ ဟု မိတ်ဆွေတစ်ဦးက ဆိုသည်

စစ်ကောင်စီတပ်၏ ပြောခွင့်ရ ဇော်မင်းထွန်းက ဥကရစ်ထစခန်းကို စစ်ကောင်စီတပ်က အကောင်း ဆုံးခုခံနိုင်ခဲ့ပြီး စစ်ကူများ စေလွှတ်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည် Crd- Khit Thit

Leave a Reply

Your email address will not be published. Required fields are marked *