၄၄လမ္း တိုက္ေပၚကခုန္ခ်ေသဆုံးခဲ့စဥ္က စစ္ေခြးမ်ားႏွင့္ အုပ္ခ်ဳပ္ေရးမႉးမ်ားအျပန္လွန္ေျပာၾကားေနသည့္ အသံဖိုင္
ယေန႔တြင္ အဆိုပါျဖစ္စဥ္၏ အဓိကာဝန္ရွိသူကို ၿမိဳျပေပ်ာက္ၾကားမ်ားရွင္းလင္းသုတ္သင္
ၾကယ္ပြင့္ေလးမ်ား အတြက္ ေသြးေႂကြးဆပ္ျခင္း
ယေန႔ ေန႔လည္ပိုင္းတြင္ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ ၄၂ လမ္းေပၚတြင္ရွိေနေသာ အုပ္ခ်ဳပ္ေရးမႉး သိန္းဝင္း (ခ) ေဘာ္ဘီ Bobby အား Inya Urban Force အဖြဲ႕ႏွင့္ အမည္မေဖာ္လိုသည့္ေျပာက္က်ားတပ္ဖြဲ႕တို႔ ပူးေပါင္းကာ ပစ္ခတ္ရွင္းလင္းခဲ့သည္။
ေသနတ္ျဖင့္ အနီးကပ္ ၃ ခ်က္ ပစ္ခတ္ခဲ့ၿပီး ထိုေနရာမွာပင္ ပြဲခ်င္းၿပီးေသဆုံးခဲ့သည္။
ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ အမွတ္ (၇) ရပ္ကြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး သန္းဝင္း (ခ) ေဘာ္ဘီကို ဒီေန႔ ၁၂ နာရီဝန္းက်င္ေလာက္မွာ ပစ္ခတ္ရွင္းလင္းခဲ့တယ္လို႔ INYA URBAN FORCE အဖြဲ႕တာဝန္ရွိသူတစ္ဦးက DNA ကို ေျပာပါတယ္။
ပစ္ခတ္ခံရမႈျဖစ္ၿပီးေနာက္ အၾကမ္းဖက္စစ္အုပ္စု လက္ေအာက္ခံ တပ္ဖြဲ႕ေတြ အိမ္စီးကားေတြနဲ႔ ေရာက္ရွိလာၿပီး အနီးပတ္ဝန္းက်င္ကို စစ္ေဆးတာေတြလုပ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ ၾသဂုတ္လ ၁၀ ရက္ေန႔ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ၄၄ လမ္းထဲက ေနအိမ္တစ္ခုကို အၾကမ္းဖက္စစ္တပ္ ဝင္ေရာက္စီးနင္းခ်ိန္မွာ လူငယ္ ၅ ဦး တိုက္ေပၚက ခုန္ခ်ခဲ့တာေၾကာင့္ ၃ ဦးေသဆုံးၿပီး ၂ ဦး အဖမ္းခံခဲ့ရတဲ့ျဖစ္စဥ္မွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး သန္းဝင္း(ခ)ေဘာ္ဘီက သတင္းေပးၿပီး ဖမ္းဆီးရာမွာ ဦးေဆာင္ပါဝင္ခဲ့သူလို႔ ေဒသခံေတြက ေျပာပါတယ္။
အဲ့ဒီျဖစ္စဥ္ျဖစ္ၿပီးေနာက္ သန္းဝင္း(ခ)ေဘာ္ဘီဟာ ရပ္ကြက္ထဲကေန ေရွာင္ပုန္းေနခဲ့ၿပီး မၾကာခင္ကမွ ရပ္ကြက္အတြင္း ပရဟိတအလုပ္ေတြလုပ္ေဆာင္ၿပီး ျပန္လည္ေနထိုင္လာခဲ့တာလို႔ သိရပါတယ္။
၄၄လမ်း တိုက်ပေါ်ကခုန်ချသေဆုံးခဲ့စဉ်က စစ်ခွေးများနှင့် အုပ်ချုပ်ရေးမှူးများအပြန်လှန်ပြောကြားနေသည့် အသံဖိုင်
ယနေ့တွင် အဆိုပါဖြစ်စဉ်၏ အဓိကာဝန်ရှိသူကို မြိုပြပျောက်ကြားများရှင်းလင်းသုတ်သင်
ကြယ်ပွင့်လေးများ အတွက် သွေးကြွေးဆပ်ခြင်း
ယနေ့ နေ့လည်ပိုင်းတွင် ဗိုလ်တစ်ထောင်မြို့နယ် ၄၂ လမ်းပေါ်တွင်ရှိနေသော အုပ်ချုပ်ရေးမှူး သိန်းဝင်း (ခ) ဘော်ဘီ Bobby အား Inya Urban Force အဖွဲ့နှင့် အမည်မဖော်လိုသည့်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့သည်။
သေနတ်ဖြင့် အနီးကပ် ၃ ချက် ပစ်ခတ်ခဲ့ပြီး ထိုနေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၇) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း (ခ) ဘော်ဘီကို ဒီနေ့ ၁၂ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ INYA URBAN FORCE အဖွဲ့တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။
ပစ်ခတ်ခံရမှုဖြစ်ပြီးနောက် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့တွေ အိမ်စီးကားတွေနဲ့ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းထဲက နေအိမ်တစ်ခုကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းချိန်မှာ လူငယ် ၅ ဦး တိုက်ပေါ်က ခုန်ချခဲ့တာကြောင့် ၃ ဦးသေဆုံးပြီး ၂ ဦး အဖမ်းခံခဲ့ရတဲ့ဖြစ်စဉ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ)ဘော်ဘီက သတင်းပေးပြီး ဖမ်းဆီးရာမှာ ဦးဆောင်ပါဝင်ခဲ့သူလို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးနောက် သန်းဝင်း(ခ)ဘော်ဘီဟာ ရပ်ကွက်ထဲကနေ ရှောင်ပုန်းနေခဲ့ပြီး မကြာခင်ကမှ ရပ်ကွက်အတွင်း ပရဟိတအလုပ်တွေလုပ်ဆောင်ပြီး ပြန်လည်နေထိုင်လာခဲ့တာလို့ သိရပါတယ်။