ပြည်တွင်းသတင်း









မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်ခဲ့တဲ့အတွက် အမြဲတမ်းဂုဏ်ယူနေပါတယ်ဆိုတဲ့ ကိုပေါက်

ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောကရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့အပြင် သရုပ်ဆောင်အဖြစ် နှစ်ပေါင်းများစွာတိုင် သရုပ်ဆောင်လမ်းကြောင်းကို လျှောက်လှမ်းလာခဲ့တဲ့ ဒါရိုက်တာ ကိုပေါက် ကိုတော့ အားလုံးပဲချစ်ခင်ကြမယ်လို့ ထင်ပါတယ်။

ကိုပေါက် ဟာ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးတဲ့နေရာမှာ တော်ရုံတင်မကပဲ အနုပညာနဲ့ပတ်သက်တဲ့အရာတွေကို တတ်ကျွမ်းတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါအပြင် ဟင်းချက်တာကိုဝါသနာပါသူတစ်ဦးဖြစ်ပြီး တစ်ခါတရံ ကိုယ်တိုင်ချက်ပြုတ်စားသောက် တတ်ပါသေးတယ်။

ဒါရိုက်တာ ကိုပေါက် ဟာ မိသားစုနဲ့ ဝေးကွာတဲ့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။

အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး စိတ်ဓာတ်ခိုင်မာလွန်းတဲ့ ကိုပေါက် ဟာ တောထဲမှာ အဆင်ပြေသလိုနေထိုင်းရင်း စစ်ကောင်စီကို တွန်းလှန်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်ခွင့်ရတဲ့အတွက် ဘဝမှာဂုဏ်ယူမိတယ်ဆိုတဲ့အကြောင်းကို” တို့တွေ လျှောက်ခဲ့သော လျှောက်နေသော လမ်းအတွက် ဘယ်အချိန်ဖြစ်ဖြစ် ရင်ကိုကော့ ခေါင်းကိုမော့ပြီးလျှောက်ခွင့်ရနေမှာပါ” လို့ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ မှန်ကန်တဲ့လမ်းကို ရွေးချယ်ခဲ့မိလို့ ဂုဏ်ယူနေပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *