ၾကားသိရသမွ်
အကြွေးဆိုတာ ပြန်ယူတတ်ရတယ် ပြညျသူတွေရဲ့ ရင်ထဲက ဆူးတစ်ချောင်းတော့နှုတ်လိုက်ပြီ..
၄၄ လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူငယ်များကို ခုန်ချသေဆုံးစေခဲ့သည့် ဗိုလ်တထောင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဘောဘီ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၈
ယမန်နှစ် ဩဂုတ်လတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူငယ်များကို ဖမ်းဆီးရာတွင် စစ်တပ်နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ပြီး လူငယ်များ တိုက်ပေါ်မှ ခုန်ချသေဆုံးစေခဲ့သည့် ဗိုလ်တထောင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ) ဘောဘီ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဗိုလ်တထောင်မြို့နယ် ၄၂ လမ်းထိပ်တွင် ဗိုလ်တထောင်မြို့နယ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ) ဘောဘီ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူက မနှစ်က ၄၄ လမ်းမှာ မပန်းသီးတို့ လူငယ်လေးတွေကို စစ်တပ်နဲ့အတူ ဝင်ဖမ်းတဲ့နေရာမှာပါခဲ့တယ်။ အဲဒါ သူက ဦးစီးဦးရွက်လုပ်ခဲ့တာ။ အခုတော့ သေပြီ။ ၄၂ လမ်းထိပ်၊ ဘိုကလေးစျေးထိပ်မှာ ၃ ချက်ဖောင်းဒိုင်းအကျွေးခံရတယ်။ ရဲခွေးတွေ အိမ်စီးကားcrow အဖြူနဲ့ လာစစ်နေတယ်။ ၄၄ လမ်းကိစ္စပြီးတော့ ရှောင်နေတာ။ သူက ဘိုကလေစျေးပရဟိတဆိုပြီး ပရဟိတ အယောင်ဆောင်လည်းလုပ်တယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။
ယမန်နှစ် ဩဂုတ်လ ၁၀ ရက်နေ့ ရန်ကုန်ဗိုလ်တထောင် ၄၄ လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းစဉ် တော်လှန်ရေး လူငယ် ၅ ဦး တိုက်ပေါ်မှ ခုန်ချခဲ့ကြပြီး ၃ ဦးသေဆုံးကာ ၂ ဦး အဖမ်းခံခဲ့ရသည်
ရန်ကုန်၊ ဇူလိုင် ၂၈
Leave a Reply
Your email address will not be published. Required fields are marked *