ၾကားသိရသမွ်

ကိုဂ်င္မီ ၊ ကိုၿဖိဳးေဇယ်ာေသာ္တို႔နဲ႕အတူ ႀကိဳးေပးခံလိုက္ရတဲ့ ဝက္ႀကီး ( ေခၚ ) ကိုလွမ်ဳိးေအာင္ဆိုတာ….ဘယ္လိုလူလဲ

ကိုဂ်င္မီ ၊ ကိုၿဖိဳးေဇယ်ာေသာ္တို႔နဲ႕အတူ ႀကိဳးေပးခံလိုက္ရတဲ့ ဝက္ႀကီး ( ေခၚ ) ကိုလွမ်ဳိးေအာင္ဆိုတာ….ဘယ္လိုလူလဲ

က်ေနာ္သိတဲ့ ဝက္ႀကီး (ေခၚ) ကိုလွမ်ိဳးေအာင္.. ၂၀၀၀ ခုႏွစ္ေက်ာ္ ကာလေတြေပါ့.. အဲ့အခ်ိန္ေတြက က်ေနာ္ေနတဲ့ လႈိင္သာယာၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္တိုင္း၊ နယ္တိုင္းမွာ ဘိလိယက္ခုံေတြ ေခတ္စားတဲ့အခ်ိန္.. အဲ့ဒီကာလမွာ လူငယ္အခ်ိဳ႕ဟာ အလုပ္အ

ကိုင္မယ္မယ္ရရမရွိပဲ ဘိလိယက္ခုံေတြမွာ အခ်ိန္ကုန္ၾကတယ္.. က်ေနာ္အပါအဝင္ေပါ့.. ဒီကစားနည္းကို စကစားၾကတဲ့ က်ေနာ္တို႔လို လူငယ္ေတြကို အေခၚကေတာ့ “ေက်ာင္းသား” လို႔ ေခၚၾကတယ္.. ေလာင္းကစားေလာကမွာ သုံးေလ့ရွိတဲ့ စကားလုံးေပါ့.. ဒီကစားနည္းကို က်ေနာ္တို႔က ေလာင္းကစားတစ္ခုအျဖစ္ပဲ

ရည္႐ြယ္ၿပီး ကစားခဲ့ၾကတာကိုး.. လႈိင္သာယာမွာဆို က်ေနာ္ကလည္း လက္ရည္ေကာင္းတယ္ဆိုတဲ့အထဲမွာပါတဲ့ “ေက်ာင္းသား” ေပါ့.. မွတ္မွတ္ရရ ပထမဆုံး ဝက္ႀကီးနဲ႔ ကစားျဖစ္တာ သမိုင္းလမ္းဆုံက ခုံမွာေပါ့.. သူက်ေနာ့္ကို လႈိင္သာယာကမွန္းမ

သိ.. သူ႔ကိုလည္း လႈိင္သာယာကမွန္း က်ေနာ္မသိေသးဘူး.. သတိထားမိတာေကတာ့ သူက ေတာ္ေတာ္ေကာင္းတဲ့ ကစားသမားတေယာက္ဆိုတာပဲ.. ေနာက္ပိုင္း သူနဲ႔ထိပ္တိုက္ ခ်ိန္းပြဲေတြ ကစားျဖစ္လာရင္း ရင္းႏွီးသြားတယ္.. သူနဲ႔ကစားတဲ့ပြဲေတြမွာ က်ေနာ္ရႈံးတာမ်ားပါတယ္.. ၂၀၀၅ ပတ္ဝန္းက်င္ေလာက္မွာ

သူနဲ႔က်ေနာ္ ေတာ္ေတာ္အတြဲမိသြားတယ္ပဲ ေျပာရမွာေပါ့.. ဘိလိယက္ကစားၿပီး (ဘိလက္ယက္ကစားနည္းလို႔ပဲ သုံးလိုက္ပါမယ္၊ ဖဲခ်က္၊ ရာရွင္၊ စႏူကာ တစ္ခုခ်င္း ရွင္းမျပေတာ့ပါဘူး) ပိုက္ဆံရွာတဲ့ ကာေလေတြေပါ့.. ႏွစ္ေယာက္တြဲၿပီး ေနရာေတာ္ေတာ္မ်ားမ်ားမွာ လိုက္ကစားခဲ့ပါတယ္.. အဲ့အခ်ိန္ကတည္းက သတိထားမိတာ သူ႔လက္ရည္က က်ေနာ့္ထက္ သိသိသာသာ ပိုေကာင္းလာတာပဲ.. သူ႔ရဲ႕အားသာခ်က္က

တဖက္ၿပိဳင္ဘက္ကို ဘယ္ေတာ့မွာ မညႇာပါဘူး.. ဘယ္လိုအႏိုင္ထိုးရမလဲဆိုတဲ့ နည္းလမ္းကို အၿမဲစဥ္းစားေနတာပါပဲ.. က်ေနာ့္ကိုလည္း ခဏခဏေျပာပါတယ္.. မြန္ေလး မင္းၿပိဳင္ဘက္ကို ဘယ္ေတာ့မွ မညႇာနဲ႔တဲ့ သူက သူေျပာတဲ့အတိုင္းလုပ္ပါတယ္.. အၿမဲေလ့က်င့္ပါတယ္.. ၂၀၀၇ ေရာက္ေတာ့ ေ႐ႊဝါေရာင္ေတာ္လွန္ေရးမွာ က်ေနာ္ ေျပးရင္းလႊားရင္း ဒီကစားနည္းကို အဆက္ျပတ္သြားခဲ့တယ္..

၂၀၁၂ / ၂၀၁၃ မႏၲေလးမွာ က်ေနာ္ ဒီကစားနည္းကို ျပန္ကစားျဖစ္ေတာ့ ဝက္ႀကီးက အရမ္းကို ေကာင္းေနၿပီဆိုတဲ့ သတင္းေတြ ၾကားရပါတယ္.. ျမန္မာ့လက္ေ႐ြးစင္ကစားသမားေတြကို သူတင္ကိုတင္ ျပန္ထိုးႏိုင္တဲ့ ကစားသမားတေယာက္ ျဖစ္ေနပါၿပီ.. အာဏာသိမ္းၿပီး သူအဖမ္းခံရတဲ့ သတင္းကိုေတြ႕ေတာ့မွ သူ႔နာမည္အရင္းကို ကိုလွမ်ိဳးေအာင္မွန္း က်ေနာ္သိရတာပါ.. သူလည္းက်ေနာ့္နာမည္အရင္းကို မသိေလာက္ပါဘူး..

အခုေတာ့ သူက ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္တို႔နဲ႔ အတူတူ က်ဆုံးသြားၿပီဆိုေတာ့ က်ေနာ့္မွာ အေတြးတခု ရပါတယ္.. က်ေနာ္သိတဲ့ ဝက္ႀကီး (ေခၚ) ကိုလွမ်ိဳးေအာင္ဟာ တဖက္ၿပိဳင္ဘက္ကို ဘယ္ေတာ့မွ မညႇာခဲ့သလို၊ အခုလည္း ရန္သူ

ကို သူကိုယ္တိုင္ေနာက္ဆုံးအခ်ိန္ထိ အႏိုင္ယူျပခဲ့တာပါ.. ဒါ့ထက္ပိုတာက ေတာ္လွန္ေရးအင္အားစုေတြကို သူ႔အသက္နဲ႔ရင္းၿပီး တပ္လွန႔္ႏႈိးေဆာ္ ေပးခဲ့တာပါပဲ..

crd-(သက္ဦး)

ယူနီကုတ္

ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော်တို့နဲ့အတူ ကြိုးပေးခံလိုက်ရတဲ့ ဝက်ကြီး ( ခေါ် ) ကိုလှမျိုးအောင်ဆိုတာဘယ်လိုလူလဲ

ကျနော်သိတဲ့ ဝက်ကြီး (ခေါ်) ကိုလှမျိုးအောင်.. ၂၀၀၀ ခုနှစ်ကျော် ကာလတွေပေါ့.. အဲ့အချိန်တွေက ကျနော်နေတဲ့ လှိုင်သာယာမြို့နယ်အပါအဝင် မြို့နယ်တိုင်း၊ နယ်တိုင်းမှာ ဘိလိယက်ခုံတွေ ခေတ်စားတဲ့အချိန်.. အဲ့ဒီကာလမှာ လူငယ်အချို့ဟာ

အလုပ်အကိုင်မယ်မယ်ရရမရှိပဲ ဘိလိယက်ခုံတွေမှာ အချိန်ကုန်ကြတယ်.. ကျနော်အပါအဝင်ပေါ့.. ဒီကစားနည်းကို စကစားကြတဲ့ ကျနော်တို့လို လူငယ်တွေကို အခေါ်ကတော့ “ကျောင်းသား” လို့ ခေါ်ကြတယ်.. လောင်းကစားလောကမှာ သုံးလေ့ရှိတဲ့ စကားလုံးပေါ့.. ဒီကစားနည်းကို ကျနော်တို့က လောင်းကစားတစ်ခုအဖြစ်ပဲ

ရည်ရွယ်ပြီး ကစားခဲ့ကြတာကိုး.. လှိုင်သာယာမှာဆို ကျနော်ကလည်း လက်ရည်ကောင်းတယ်ဆိုတဲ့အထဲမှာပါတဲ့ “ကျောင်းသား” ပေါ့.. မှတ်မှတ်ရရ ပထမဆုံး ဝက်ကြီးနဲ့ ကစားဖြစ်တာ သမိုင်းလမ်းဆုံက ခုံမှာပေါ့.. သူကျနော့်ကို လှိုင်သာယာ

ကမှန်းမသိ.. သူ့ကိုလည်း လှိုင်သာယာကမှန်း ကျနော်မသိသေးဘူး.. သတိထားမိတာကေတာ့ သူက တော်တော်ကောင်းတဲ့ ကစားသမားတယောက်ဆိုတာပဲ.. နောက်ပိုင်း သူနဲ့ထိပ်တိုက် ချိန်းပွဲတွေ ကစားဖြစ်လာရင်း ရင်းနှီးသွားတယ်.. သူနဲ့ကစားတဲ့ပွဲတွေမှာ ကျနော်ရှုံးတာများပါတယ်.. ၂၀၀၅ ပတ်ဝန်းကျင်လောက်မှာ

သူနဲ့ကျနော် တော်တော်အတွဲမိသွားတယ်ပဲ ပြောရမှာပေါ့.. ဘိလိယက်ကစားပြီး (ဘိလက်ယက်ကစားနည်းလို့ပဲ သုံးလိုက်ပါမယ်၊ ဖဲချက်၊ ရာရှင်၊ စနူကာ တစ်ခုချင်း ရှင်းမပြတော့ပါဘူး) ပိုက်ဆံရှာတဲ့ ကာလေတွေပေါ့.. နှစ်ယောက်တွဲပြီး နေရာတော်တော်များများမှာ လိုက်ကစားခဲ့ပါတယ်.. အဲ့အချိန်ကတည်းက သတိထားမိတာ သူ့လက်ရည်က ကျနော့်ထက် သိသိသာသာ ပိုကောင်းလာတာပဲ.. သူ့ရဲ့အားသာချက်က

တဖက်ပြိုင်ဘက်ကို ဘယ်တော့မှာ မညှာပါဘူး.. ဘယ်လိုအနိုင်ထိုးရမလဲဆိုတဲ့ နည်းလမ်းကို အမြဲစဉ်းစားနေတာပါပဲ.. ကျနော့်ကိုလည်း ခဏခဏပြောပါတယ်.. မွန်လေး မင်းပြိုင်ဘက်ကို ဘယ်တော့မှ မညှာနဲ့တဲ့ သူက သူပြောတဲ့အတိုင်းလုပ်ပါတယ်.. အမြဲလေ့ကျင့်ပါတယ်.. ၂၀၀၇ ရောက်တော့ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော် ပြေးရင်းလွှားရင်း ဒီကစားနည်းကို အဆက်ပြတ်သွားခဲ့တယ်..

၂၀၁၂ / ၂၀၁၃ မန္တလေးမှာ ကျနော် ဒီကစားနည်းကို ပြန်ကစားဖြစ်တော့ ဝက်ကြီးက အရမ်းကို ကောင်းနေပြီဆိုတဲ့ သတင်းတွေ ကြားရပါတယ်.. မြန်မာ့လက်ရွေးစင်ကစားသမားတွေကို သူတင်ကိုတင် ပြန်ထိုးနိုင်တဲ့ ကစားသမားတယောက် ဖြစ်နေပါပြီ.. အာဏာသိမ်းပြီး သူအဖမ်းခံရတဲ့ သတင်းကိုတွေ့တော့မှ သူ့နာမည်အရင်းကို ကိုလှမျိုးအောင်မှန်း ကျနော်သိရတာပါ.. သူလည်းကျနော့်နာမည်အရင်းကို မသိလောက်ပါဘူး..

အခုတော့ သူက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်တို့နဲ့ အတူတူ ကျဆုံးသွားပြီဆိုတော့ ကျနော့်မှာ အတွေးတခု ရပါတယ်.. ကျနော်သိတဲ့ ဝက်ကြီး (ခေါ်) ကိုလှမျိုးအောင်ဟာ တဖက်ပြိုင်ဘက်ကို ဘယ်တော့မှ မညှာခဲ့သလို၊ အခုလည်း ရန်သူကို သူကိုယ်တိုင်နောက်ဆုံးအချိန်ထိ အနိုင်ယူပြခဲ့တာပါ.. ဒါ့ထက်ပိုတာက တော်လှန်ရေးအင်အားစုတွေကို သူ့အသက်နဲ့ရင်းပြီး တပ်လှန့်နှိုးဆော် ပေးခဲ့တာပါပဲ..

crd-(သက်ဦး)

Leave a Reply

Your email address will not be published. Required fields are marked *