ၾကားသိရသမွ်

ကိုဂျင်မီရဲ့ အိမ်ကိုလည်း အရပ်ဝတ် အကြမ်းဖက်သမားတွေ ရန်ပြု သောင်းကျန်းနေ (ရုပ္သံ)

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ ဆွေမျိုးနေအိမ်များကို အကြမ်းဖက်စစ်ကောင်စီလက်ဝေခံ အရပ်ဝတ် များက လာရောက် အော်ဟစ်ဆဲဆို ဖျက်ဆီးတိုက်ခိုက် ၊ ပတ်ဝန်းကျင်ရှိ ကားများနှင့်နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၇

အင်းစိန်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်ရှိ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့၏ ဆွေမျိုးနေအိမ်များကို အကြမ်း ဖက်စစ်ကောင်စီလက်ဝေခံ အရပ်ဝတ်များက ယနေ့ လာရောက်ဖျက်ဆီး အော်ဟစ်ဆဲဆို ဖျက်ဆီးတိုက်ခိုက်မှုများဖြစ်ပွားကြောင်း အနီးအနားရှိ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇူလိုင် ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ကိုဂျင်မီ၏ အမေဖြစ်သူနှင့်အမဖြစ်သူ နေထိုင်ရာ အင်းစိန်မြို့နယ် ရှိ လမ်းထဲသို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်များ လာရောက်ကြပြီး နေအိမ်ကို ကြက်ဥများဖြင့် ပစ်ပေါက်မှုများလုပ်ဆောင်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။

“အင်းစိန်မှာ ကိုဂျင်မီ အမေနဲ့ ညီမ ရှိနေတဲ့အိမ်ကိုလာပြီး ကြက်ဥတွေနဲ့ထုတယ်။ အိမ်ရှေ့ မှာ လူ ၅၀ ဝန်းကျင် လောက် အော်ဟစ် သောင်းကျန်းတယ်။ ကြက်ဥတွေနဲ့ အကုန်လာပေါက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်းစိန်ရှိ ကိုဂျင်မီ၏ ဆွေမျိုးများ အိမ်သို့ လာရောက် တိုက်ခိုက်သည့်ကားများတွင် 1F/6234 NISSAN VANETTE SK82TN အဖြူရောင်ကား၊ တိုရိုယိုတာပရိုဘောက် 3K/4552 ကား ၊ 7C/ 3030 ကားနံပါတ်တပ်ထားသည့် လိုင်စင်မဲ့ Alphard ကား တို့ပါဝင်ကြောင်း သိရှိရသည်။

အလားတူ ဗိုလ်အောင်ကျော်လမ်းရှိ ကိုဖြိုးဇေယျာသော်အမည်ပေါက် နေအိမ်ကိုလည်း လိုက်ထရပ်ကားများဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်များက လာရောက်သောင်းကျန်းသွားပြီး ဆဲဆိုခြင်း၊ ခဲများဖြင့် ပစ်ခြင်း၊ လောက်လေးခွများဖြင့် ပစ်ခတ်ခြင်းကြောင့် တိုက်ခန်း နေအိမ်များ ထိမှန်ခြင်း၊ အနီးရှိ ဘဏ်ခွဲတစ်ခု၏ မှန်များ ကွဲခြင်းများကြုံတွေ့ရကြောင်း သိရှိရသည်။

“မနက်က ကိုဇေယျာသော်အိမ်ဆိုပြီး အရပ်ဝတ်တွေနဲ့ လိုက်မေးတယ်။ အဲဒါ နေ့လယ်လောက်ကျတော့ လိုက်ထရပ်တွေနဲ့လာပြီး တိုက်ကို ခဲတွေနဲ့ထုတယ်။ ဆဲတယ်။ လေးခွတွေနဲ့ပစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီတို့ကို အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၂၅ ရက်နေ့တွင် သေဒဏ်စီရင်ပြီးဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အကြီးအကျယ် ရှုတ်ချ ပြစ်တင်လျက်ရှိကြောင်း သိရှိရသည်။

ကိုဂ်င္မီႏွင့္ကိုၿဖိဳးေဇယ်ာေသာ္တို႔၏ ေဆြမ်ိဳးေနအိမ္မ်ားကို အၾကမ္းဖက္စစ္ေကာင္စီလက္ေဝခံ အရပ္ဝတ္ မ်ားက လာေရာက္ ေအာ္ဟစ္ဆဲဆို ဖ်က္ဆီးတိုက္ခိုက္ ၊ ပတ္ဝန္းက်င္ရွိ ကားမ်ားႏွင့္ေနအိမ္မ်ား ထိခိုက္ပ်က္စီး

ရန္ကုန္၊ ဇူလိုင္ ၂၇

အင္းစိန္ၿမိဳ႕နယ္ႏွင့္ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ကိုဂ်င္မီႏွင့္ ကိုၿဖိဳးေဇယ်ာေသာ္တို႔၏ ေဆြမ်ိဳးေနအိမ္မ်ားကို အၾကမ္း ဖက္စစ္ေကာင္စီလက္ေဝခံ အရပ္ဝတ္မ်ားက ယေန႔ လာေရာက္ဖ်က္ဆီး ေအာ္ဟစ္ဆဲဆို ဖ်က္ဆီးတိုက္ခိုက္မႈမ်ားျဖစ္ပြားေၾကာင္း အနီးအနားရွိ ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။

ဇူလိုင္ ၂၇ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၁၅ မိနစ္အခ်ိန္ ကိုဂ်င္မီ၏ အေမျဖစ္သူႏွင့္အမျဖစ္သူ ေနထိုင္ရာ အင္းစိန္ၿမိဳ႕နယ္ ရွိ လမ္းထဲသို႔ အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ အရပ္ဝတ္မ်ား လာေရာက္ၾကၿပီး ေနအိမ္ကို ၾကက္ဥမ်ားျဖင့္ ပစ္ေပါက္မႈမ်ားလုပ္ေဆာင္ျခင္း၊ ေအာ္ဟစ္ဆဲဆိုျခင္းမ်ား လုပ္ေဆာင္ေၾကာင္း သိရွိရသည္။

“အင္းစိန္မွာ ကိုဂ်င္မီ အေမနဲ႔ ညီမ ရွိေနတဲ့အိမ္ကိုလာၿပီး ၾကက္ဥေတြနဲ႔ထုတယ္။ အိမ္ေရွ႕ မွာ လူ ၅၀ ဝန္းက်င္ ေလာက္ ေအာ္ဟစ္ ေသာင္းက်န္းတယ္။ ၾကက္ဥေတြနဲ႔ အကုန္လာေပါက္တယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

အင္းစိန္ရွိ ကိုဂ်င္မီ၏ ေဆြမ်ိဳးမ်ား အိမ္သို႔ လာေရာက္ တိုက္ခိုက္သည့္ကားမ်ားတြင္ 1F/6234 NISSAN VANETTE SK82TN အျဖဴေရာင္ကား၊ တိုရိုယိုတာပရိုေဘာက္ 3K/4552 ကား ၊ 7C/ 3030 ကားနံပါတ္တပ္ထားသည့္ လိုင္စင္မဲ့ Alphard ကား တို႔ပါဝင္ေၾကာင္း သိရွိရသည္။

အလားတူ ဗိုလ္ေအာင္ေက်ာ္လမ္းရွိ ကိုၿဖိဳးေဇယ်ာေသာ္အမည္ေပါက္ ေနအိမ္ကိုလည္း လိုက္ထရပ္ကားမ်ားျဖင့္ အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ အရပ္ဝတ္မ်ားက လာေရာက္ေသာင္းက်န္းသြားၿပီး ဆဲဆိုျခင္း၊ ခဲမ်ားျဖင့္ ပစ္ျခင္း၊ ေလာက္ေလးခြမ်ားျဖင့္ ပစ္ခတ္ျခင္းေၾကာင့္ တိုက္ခန္း ေနအိမ္မ်ား ထိမွန္ျခင္း၊ အနီးရွိ ဘဏ္ခြဲတစ္ခု၏ မွန္မ်ား ကြဲျခင္းမ်ားၾကဳံေတြ႕ရေၾကာင္း သိရွိရသည္။

“မနက္က ကိုေဇယ်ာေသာ္အိမ္ဆိုၿပီး အရပ္ဝတ္ေတြနဲ႔ လိုက္ေမးတယ္။ အဲဒါ ေန႔လယ္ေလာက္က်ေတာ့ လိုက္ထရပ္ေတြနဲ႔လာၿပီး တိုက္ကို ခဲေတြနဲ႔ထုတယ္။ ဆဲတယ္။ ေလးခြေတြနဲ႔ပစ္တယ္” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုဂ်င္မီတို႔ကို အၾကမ္းဖက္စစ္တပ္က ဇူလိုင္လ ၂၅ ရက္ေန႔တြင္ ေသဒဏ္စီရင္ၿပီးျဖစ္ေၾကာင္း တရားဝင္သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ျပည္တြင္းျပည္ပႏွင့္ နိုင္ငံတကာအသိုင္းအဝိုင္းက အႀကီးအက်ယ္ ရႈတ္ခ် ျပစ္တင္လ်က္ရွိေၾကာင္း သိရွိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *