မိဘေတြကို မယုံၾကနဲ႔
မိဘေတြဟာ သားသမီးေတြဆီမွာ စားေသာက္တဲ့အခါတိုင္း ဘာေလးေတာ့ စားခ်င္လိုက္တာလို႔တစ္ခါမွ မေတာင္းဆိုဘူးဘူး
ထမင္းစားတဲ့အခါေတြမွာလည္း သူတို႔ႀကိဳက္တဲ့ ဟင္းနဲ႔စားေနရတာေတာင္ ထမင္းမစားရေသးတဲ့သားသမီးေတြရွိေသးတယ္ဆိုရင္ငါက ဒါေတာ့ မႀကိဳက္ဘူးဒါေတာ့ မစားခ်င္ဘူးလို႔ျငင္းဆိုေလ့ရွိတယ္
မယုံၾကပါနဲ႔ အသက္ႀကီးလာရင္ အစာအာဟာရဟာပိုၿပီး လိုအပ္ပါတယ္ အေမရယ္ ဒါကို အရင္တုန္းကအေမႀကိဳက္ပါတယ္လို႔ ေျပာရင္ေတာင္ အရင္က ႀကိဳက္ေပမဲ့ အခုမႀကိဳက္ေတာ့ဘူးလို႔ေတာင္ ပရိယယ္ လုပ္ၿပီး ျငင္းဆိုၾကေလ့ရွိပါတယ္
သားသမီးမ်ား သတိထားၾကည့္ၾကပါ ကိုယ့္ရည္းစား ဘာႀကိဳက္တက္လည္းဆိုတာကို လပိုင္းအတြင္းေတာင္ ေလ့လာနိ ုင္ၾကပါတယ္ႏွစ္ေပါင္းမ်ားစြာအတူေနလာခဲ့ၾကတဲ့ကိုယ့္မိဘ ဘာႀကိဳက္တက္လည္းဆိုတာေတာ့ သားသမီးတိုင္းသိနိင္ေလာက္ပါတယ္
ဒါ့ေၾကာင့္ သူတို႔မႀကိဳက္ဘူးဆိုလည္း ဇြတ္သာေကၽြးၾကပါ ပူတဲ့အခ်ိန္ သင့္ေတာ္တဲ့အစားအစာေအးတဲ့အခ်ိန္လည္း သင့္ေတာ္တဲ့အစားအစာမ်ားကိုသားသမီးတိုင္းက အလိုက္တသိနဲ႔ေကၽြးနိ ုင္ဖို႔ႀကိဳးစားၾကပါ
သူတို႔ေတာင္းဆိုမွ ကိုယ္က ေကၽြးရမယ္ဆိုရင္မိဘေက်းဇူးကို ဒီတသက္ ဆပ္ခြင့္ရမွာမဟုတ္ေတာ့ပါဘူး ဘာ့ေၾကာင့္လည္းဆိုေတာ့သူတို႔က ဒီတသက္ ဘာမွ ေတာင္းဆိုမွာမဟုတ္လို႔ပါပဲ
စီးပြားေရးမေျပလည္တဲ့သားသမီးမ်ားရဲ့မိဘမ်ားနဲ႔သားသမီးကို မွီခိုၿပီးစားေသာက္ေနရတဲ့မိဘမ်ား အတြက္ပိုၿပီး ဂ႐ုစိုက္ေပးၾကပါ
ကိုယ္ငယ္ငယ္က မိဘေတြအဆင္ေျပေျပမေျပေၿပ အားမနာတမ္းေတာင္းဆိုခဲ့ေပမဲ့သားသမီးေတြအဆင္မေျပရင္ မိဘေတြကအားနာတက္တယ္ဆိုတာကို အျမဲသတိရၾကပါ
တခ်ိဳ႕ကမိဘေတြအတြက္ ပူစရာမလိုဘူးဆိူၿပီး ဥေပကၡာၿပ ုတက္ၾကပါတယ္ ေျပလည္တဲ့ မိဘေတြလည္းသားသမီးေတြရဲ့ သိတက္မွ ု႔ကို အျမဲေမၽွာ္လင့္ေနတက္တယ္ဆိုတာ သတိရၾကပါ
ငယ္ငယ္က သားသမီးခ်င္းယွဥ္ရင္ မ်က္ႏွာမငယ္ရေအာင္ ျဖည့္ဆည္းေပးတဲ့ မိဘေတြကိုကိုယ့္ကိုမွီခိုတဲ့အခ်ိန္က်မွ မိဘခ်င္းယွဥ္လို႔မွကိုယ့္မိဘက မ်က္ႏွာငယ္ရမယ္ဆိုရင္ေတာ့သားသမီးမိုက္စာရင္းထဲကိုပါသြားပါလိမ့္မယ္…။
ဒါ့ေၾကာင့္သူတို႔လိုအပ္ခ်က္ကို အျမဲတမ္းေစာင့္ၾကည့္ဖို႔လိုအပ္ပါတယ္သူတို႔ေျပာစကားေတြကို မယုံၾကပါနဲ႔…။???
Crd#KK
Unicode Version
မိဘတွေကို မယုံကြနဲ့
မိဘတွေဟာ သားသမီးတွေဆီမှာ စားသောက်တဲ့အခါတိုင်း ဘာလေးတော့ စားချင်လိုက်တာလို့တစ်ခါမှ မတောင်းဆိုဘူးဘူး
ထမင်းစားတဲ့အခါတွေမှာလည်း သူတို့ကြိုက်တဲ့ ဟင်းနဲ့စားနေရတာတောင် ထမင်းမစားရသေးတဲ့သားသမီးတွေရှိသေးတယ်ဆိုရင်ငါက ဒါတော့ မကြိုက်ဘူးဒါတော့ မစားချင်ဘူးလို့ငြင်းဆိုလေ့ရှိတယ်
မယုံကြပါနဲ့ အသက်ကြီးလာရင် အစာအာဟာရဟာပိုပြီး လိုအပ်ပါတယ် အမေရယ် ဒါကို အရင်တုန်းကအမေကြိုက်ပါတယ်လို့ ပြောရင်တောင် အရင်က ကြိုက်ပေမဲ့ အခုမကြိုက်တော့ဘူးလို့တောင် ပရိယယ် လုပ်ပြီး ငြင်းဆိုကြလေ့ရှိပါတယ်
သားသမီးများ သတိထားကြည့်ကြပါ ကိုယ့်ရည်းစား ဘာကြိုက်တက်လည်းဆိုတာကို လပိုင်းအတွင်းတောင် လေ့လာနိ ုင်ကြပါတယ်နှစ်ပေါင်းများစွာအတူနေလာခဲ့ကြတဲ့ကိုယ့်မိဘ ဘာကြိုက်တက်လည်းဆိုတာတော့ သားသမီးတိုင်းသိနိင်လောက်ပါတယ်
ဒါ့ကြောင့် သူတို့မကြိုက်ဘူးဆိုလည်း ဇွတ်သာကျွေးကြပါ ပူတဲ့အချိန် သင့်တော်တဲ့အစားအစာအေးတဲ့အချိန်လည်း သင့်တော်တဲ့အစားအစာများကိုသားသမီးတိုင်းက အလိုက်တသိနဲ့ကျွေးနိ ုင်ဖို့ကြိုးစားကြပါ
သူတို့တောင်းဆိုမှ ကိုယ်က ကျွေးရမယ်ဆိုရင်မိဘကျေးဇူးကို ဒီတသက် ဆပ်ခွင့်ရမှာမဟုတ်တော့ပါဘူး ဘာ့ကြောင့်လည်းဆိုတော့သူတို့က ဒီတသက် ဘာမှ တောင်းဆိုမှာမဟုတ်လို့ပါပဲ
စီးပွားရေးမပြေလည်တဲ့သားသမီးများရဲ့မိဘများနဲ့သားသမီးကို မှီခိုပြီးစားသောက်နေရတဲ့မိဘများ အတွက်ပိုပြီး ဂရုစိုက်ပေးကြပါ
ကိုယ်ငယ်ငယ်က မိဘတွေအဆင်ပြေပြေမပြေပြေ အားမနာတမ်းတောင်းဆိုခဲ့ပေမဲ့သားသမီးတွေအဆင်မပြေရင် မိဘတွေကအားနာတက်တယ်ဆိုတာကို အမြဲသတိရကြပါ
တချို့ကမိဘတွေအတွက် ပူစရာမလိုဘူးဆိူပြီး ဥပေက္ခာပြ ုတက်ကြပါတယ် ပြေလည်တဲ့ မိဘတွေလည်းသားသမီးတွေရဲ့ သိတက်မှ ု့ကို အမြဲမျှော်လင့်နေတက်တယ်ဆိုတာ သတိရကြပါ
ငယ်ငယ်က သားသမီးချင်းယှဉ်ရင် မျက်နှာမငယ်ရအောင် ဖြည့်ဆည်းပေးတဲ့ မိဘတွေကိုကိုယ့်ကိုမှီခိုတဲ့အချိန်ကျမှ မိဘချင်းယှဉ်လို့မှကိုယ့်မိဘက မျက်နှာငယ်ရမယ်ဆိုရင်တော့သားသမီးမိုက်စာရင်းထဲကိုပါသွားပါလိမ့်မယ်…။
ဒါ့ကြောင့်သူတို့လိုအပ်ချက်ကို အမြဲတမ်းစောင့်ကြည့်ဖို့လိုအပ်ပါတယ်သူတို့ပြောစကားတွေကို မယုံကြပါနဲ့…။???
Crd#KK