ၾကားသိရသမွ်

ယေန႔ စံခ်ိန္တင္ျမင့္တက္သြားတဲ့ ျပည္တြင္းေရႊေစ်း ႏွင့္ ေဒၚလာေစ်း..

ျပည္တြင္းေ႐ႊေစ်း ၂၃ သိန္းေက်ာ္အထိ ျမင့္တက္သြားၿပီး ေဒၚလာေစ်းက ၂၇၀၀ အထိ ေစ်းေပါက္ေန

ဇူလိူင္ ၂၆-၂၀၂၂

VOM (GG)

ကမာၻေ႐ႊေစ်းက ဆက္တိုက္က်ေနေပမယ့္ ျပည္တြင္း ေ႐ႊေဈးႏူန္းက တက်ပ္သားကို ၂၃ သိန္းေက်ာ္အထိ ျမင့္တက္သြားၿပီး ေဒၚလာေစ်းက ၂၇၀၀ အထိ ေစ်းေပါက္ေနတယ္လို႔ သိရပါတယ္။

YGEA ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ထုတ္ျပန္တဲ့ ရည္ၫြန္းေစ်းက ေ႐ႊတက်ပ္သားကို သိန္း ၂၀၆၀၀၀၀ က်ပ္သာရွိၿပီး ​ျပင္ပေပါက္ေစ်းက ၂၃၄၀၀၀၀ က်ပ္အထိ ရွိေနတာျဖစ္ပါတယ္။

” အျပင္မွာ သူတို႔ေစ်း ဘယ္သူမွအေရာင္းဝယ္မရွိဘူး ။ အခုေပါက္တာ၂၃၄၀၀၀၀ ရွိတယ္။တဆိုင္နဲ႔တဆိုင္ေတာ့မတူဘူး ။ႀကိဳက္ေစ်းလိုျဖစ္ေန “လို႔ ေ႐ႊဆိုင္ ပိုင္ရွင္တဦးကေျပာပါတယ္။

YGEA ဥကၠ႒ ဦးမ်ိဳးျမင့္ကေတာ့ အခုလိုေ႐ႊေစ်း၊ေဒၚလာေစ်း အဆမတန္ျမင့္တက္ေနတာဟာ ႏိုင္ငံေရးအေျခအေနေပၚ လိုက္ၿပီး ေကာလဟာလသတင္းေတြျဖန္႔ကာ ေစ်းကစားေနၾကတာျဖစ္တယ္လို႔ ေျပာပါတယ္။

” အဲ့ဒါက ရန္ကုန္ ေစ်းမဟုတ္ဘူး မႏၲေလးမွာေပါက္တဲ့ေစ်း၊ မႏၲေလးမွာ တအားအဝယ္လိုက္ေနတယ္ ရန္ကုန္မွာေလွ်ာက္ေျပာေနတာ မေပါက္ပါဘူး။ အျပင္မွာ ေစ်းကစားတာကို သြားၿပီးေတာ့ အျပင္မွာ၂၃ သိန္းေပါက္လို႔၂၃ သိန္းတင္ေပးပါလို႔ ေျပာလို႔မရဘူး၊

အိႏၵိယဘက္ေစ်းရွိတယ္ မဲေဆာက္ေငြလဲႏူန္းရွိတယ္ အမွန္တကယ္ ေဒၚလာေစ်းရွိတယ္။ကမာၻ႔ေ႐ႊေစ်းက ေတာက္ေလွ်ာက္က်ေနတာ ၊အသင္းရဲ႕ရည္ၫြန္ေစ်းေပၚမွာ ၅၀၀၀ ၁၀၀၀၀ တင္ေရာင္းၾကတာေတာ့ရွိတယ္၊ အဲ့ဒါကလည္း ဝန္ထမ္းစရိတ္ ဆိုင္ခန္းစရိတ္ အဲ့ဒါအတြက္ကို တင္ေရာင္းၾကတာေပါ့။ဒီမွာက ႏိုင္ငံေရးေကာလဟာလေတြနဲ႔ ​ျဖန္႔ေနတာ။ ေနာက္ၿပီး ေဒၚလာေစ်း ၂၈၀၀ ဆိုတာလည္း မဟုတ္ဘူး။ “လို႔ YGEA ဥကၠ႒ က ေျပာပါတယ္။

ေ႐ႊဆိုင္ေတြအေနနဲ႔ ေ႐ႊေစ်းကိုေဒၚလာေစ်း ၂၄၀၀၊ ၂၅၀၀ႏူန္းနဲ႔တြက္ခ်က္ၿပီး ေရာင္းဝယ္ေနၾကတာျဖစ္လို႔ ေစ်းက ကမာၻ႔ေ႐ႊေစ်းက်ေပမယ့္ ျပည္တြင္း ေ႐ႊေစ်းတက္ေနတာျဖစ္ေၾကာင္း ၊ တကယ္လို႔ YGEA အသင္းဝင္ဆိုင္ေတြအေနနဲ႔ ေစ်းကစားေရာင္းခ်တာဆိုရင္ အသင္းကိုတိုင္ၾကားႏိုင္တယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ ဌာနဆိုင္ရာကလည္း ေ႐ႊေစ်းကစားတာေတြနဲ႔ပတ္သက္ၿပီး ေ႐ႊဆိုင္ေတြကို လိုက္စစ္ဖို႔ရွိတယ္လို႔လည္း သိရပါတယ္။

ဗဟိုဘဏ္က ေဒၚလာသုံးစြဲခြင့္ေတြကို ကန္႔သတ္လိုက္ၿပီး တေဒၚလာကို ၁၈၅၀ က်ပ္နဲ႔လဲလွယ္ရမယ္လို႔သတ္မွတ္တာေတြ သက္မွတ္လိုက္ၿပီးေနာက္ပိုင္း ေဒၚလာေစ်းက ႀကိဳက္ေရာက္ႀကိဳက္ဝယ္ျဖစ္ကာ တေဒၚလာ ၂၇၀၀ အထိျမင့္တက္ၿပီး ေ႐ႊေစ်းကလည္း ရည္ၫြန္းေစ်းထက္ အဆမတန္ျမင့္တက္သြားတာျဖစ္တယ္လို႔ သိရပါတယ္။

နစက ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ျပည္တြင္းေဒၚလာေဈးကြက္မွာ ေဒၚလာေဈးျမင့္ တက္ေနမႈကို ထိန္းညႇိႏိုင္ေရးအတြက္ လက္ရွိကမာၻ႔ေပါက္ေဈးနဲ႔ ခ်ိန္ညႇိ လုပ္ေဆာင္ေနတယ္လို႔ ဒီေန႔ ဇူလိုင္ ၂၆ရက္ကျပဳလုပ္တဲ့ နစက သတင္းစာရွင္းလင္းပြဲမွာ လည္း ေျပာဆိုခဲ့တာလည္း ရွိပါတယ္။

ယနေ့ စံချိန်တင်မြင့်တက်သွားတဲ့ ပြည်တွင်းရွှေဈေး နှင့် ဒေါ်လာဈေး

ပြည်တွင်းရွှေဈေး ၂၃ သိန်းကျော်အထိ မြင့်တက်သွားပြီး ဒေါ်လာဈေးက ၂၇၀၀ အထိ ဈေးပေါက်နေ

ဇူလိူင် ၂၆-၂၀၂၂

VOM (GG)

ကမ္ဘာရွှေဈေးက ဆက်တိုက်ကျနေပေမယ့် ပြည်တွင်း ရွှေဈေးနူန်းက တကျပ်သားကို ၂၃ သိန်းကျော်အထိ မြင့်တက်သွားပြီး ဒေါ်လာဈေးက ၂၇၀၀ အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရည်ညွန်းဈေးက ရွှေတကျပ်သားကို သိန်း ၂၀၆၀၀၀၀ ကျပ်သာရှိပြီး ပြင်ပပေါက်ဈေးက ၂၃၄၀၀၀၀ ကျပ်အထိ ရှိနေတာဖြစ်ပါတယ်။

” အပြင်မှာ သူတို့ဈေး ဘယ်သူမှအရောင်းဝယ်မရှိဘူး ။ အခုပေါက်တာ၂၃၄၀၀၀၀ ရှိတယ်။တဆိုင်နဲ့တဆိုင်တော့မတူဘူး ။ကြိုက်ဈေးလိုဖြစ်နေ “လို့ ရွှေဆိုင် ပိုင်ရှင်တဦးကပြောပါတယ်။

YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကတော့ အခုလိုရွှေဈေး၊ဒေါ်လာဈေး အဆမတန်မြင့်တက်နေတာဟာ နိုင်ငံရေးအခြေအနေပေါ် လိုက်ပြီး ကောလဟာလသတင်းတွေဖြန့်ကာ ဈေးကစားနေကြတာဖြစ်တယ်လို့ ပြောပါတယ်။

” အဲ့ဒါက ရန်ကုန် ဈေးမဟုတ်ဘူး မန္တလေးမှာပေါက်တဲ့ဈေး၊ မန္တလေးမှာ တအားအဝယ်လိုက်နေတယ် ရန်ကုန်မှာလျှောက်ပြောနေတာ မပေါက်ပါဘူး။ အပြင်မှာ ဈေးကစားတာကို သွားပြီးတော့ အပြင်မှာ၂၃ သိန်းပေါက်လို့၂၃ သိန်းတင်ပေးပါလို့ ပြောလို့မရဘူး၊

အိန္ဒိယဘက်ဈေးရှိတယ် မဲဆောက်ငွေလဲနူန်းရှိတယ် အမှန်တကယ် ဒေါ်လာဈေးရှိတယ်။ကမ္ဘာ့ရွှေဈေးက တောက်လျှောက်ကျနေတာ ၊အသင်းရဲ့ရည်ညွန်ဈေးပေါ်မှာ ၅၀၀၀ ၁၀၀၀၀ တင်ရောင်းကြတာတော့ရှိတယ်၊ အဲ့ဒါကလည်း ဝန်ထမ်းစရိတ် ဆိုင်ခန်းစရိတ် အဲ့ဒါအတွက်ကို တင်ရောင်းကြတာပေါ့။ဒီမှာက နိုင်ငံရေးကောလဟာလတွေနဲ့ ဖြန့်နေတာ။ နောက်ပြီး ဒေါ်လာဈေး ၂၈၀၀ ဆိုတာလည်း မဟုတ်ဘူး။ “လို့ YGEA ဥက္ကဋ္ဌ က ပြောပါတယ်။

ရွှေဆိုင်တွေအနေနဲ့ ရွှေဈေးကိုဒေါ်လာဈေး ၂၄၀၀၊ ၂၅၀၀နူန်းနဲ့တွက်ချက်ပြီး ရောင်းဝယ်နေကြတာဖြစ်လို့ ဈေးက ကမ္ဘာ့ရွှေဈေးကျပေမယ့် ပြည်တွင်း ရွှေဈေးတက်နေတာဖြစ်ကြောင်း ၊ တကယ်လို့ YGEA အသင်းဝင်ဆိုင်တွေအနေနဲ့ ဈေးကစားရောင်းချတာဆိုရင် အသင်းကိုတိုင်ကြားနိုင်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဌာနဆိုင်ရာကလည်း ရွှေဈေးကစားတာတွေနဲ့ပတ်သက်ပြီး ရွှေဆိုင်တွေကို လိုက်စစ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဗဟိုဘဏ်က ဒေါ်လာသုံးစွဲခွင့်တွေကို ကန့်သတ်လိုက်ပြီး တဒေါ်လာကို ၁၈၅၀ ကျပ်နဲ့လဲလှယ်ရမယ်လို့သတ်မှတ်တာတွေ သက်မှတ်လိုက်ပြီးနောက်ပိုင်း ဒေါ်လာဈေးက ကြိုက်ရောက်ကြိုက်ဝယ်ဖြစ်ကာ တဒေါ်လာ ၂၇၀၀ အထိမြင့်တက်ပြီး ရွှေဈေးကလည်း ရည်ညွန်းဈေးထက် အဆမတန်မြင့်တက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

နစက ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းဒေါ်လာဈေးကွက်မှာ ဒေါ်လာဈေးမြင့် တက်နေမှုကို ထိန်းညှိနိုင်ရေးအတွက် လက်ရှိကမ္ဘာ့ပေါက်ဈေးနဲ့ ချိန်ညှိ လုပ်ဆောင်နေတယ်လို့ ဒီနေ့ ဇူလိုင် ၂၆ရက်ကပြုလုပ်တဲ့ နစက သတင်းစာရှင်းလင်းပွဲမှာ လည်း ပြောဆိုခဲ့တာလည်း ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *