ၾကားသိရသမွ်

စာအရှည်ကြီးရေးပြီး မအေးသောင်းတောင်းပန်ြပီ

ပရိသတ်ကြီးရေ သရုပ်ဆောင် မအေးသောင်းကတော့ မနေ့က social media ပေါ်မှာ အလှပုံတွေ share တာနဲ့ပတ်သတ်ပြီးဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ မအေးသောင်းကပြန်လည်ရှင်းပြထားတာလည်း

ဖြစ်ပါတယ်။မအေးသောင်းက Social Media ကရပ်နားမယ် / တောင်းပန်စာ/ ဖြေရှင်းလွှာ၊ဘာခေါင်းစဉ်တပ်ရမယ်မှန်းမသိတဲ့စာပေါ့လေ၊ဒီစာကိုရေးချိန်က အခု မနက် ၅:၃၄ မနေ့ကမနက်ကတည်းကဝမ်းနည်းတဲ့စိတ်တွေနဲ့အခုထိအိပ်မပျော်နိင်သေးဘူး

အနှစ် ၂၀ လောက်ခင်လာတဲ့သူငယ်ချင်းဇေယျာသော်။ ဟိုတလောကပဲ လွန်ခဲ့တဲ့ ၁၇ နှစ်ကငါတို့ခရီးသွားတဲ့ပုံပြန်တက်လာသေးတယ်လေဟာ။အခု ဆုံးပြီ တဲ့ဟုတ် မဟုတ်ကမသေချာသေးမဟုတ်ပါစေနဲ မဟုတ်ပါစေနဲ ဆုတောင်းရင်းFB မှာ ပထမဆုံး speechless ဆိုပြီFriend only နဲ့တင်လိုက်တယ်။အင်း ငါ public တင်ရင် မ

သေချာတဲ့သတင်းမှားကိုရှဲတာဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ်နဲ့ public မတင်သေးဘူးပေါ့လေ။ အားလုံးကလည်းတိကျတဲ့အဖြေမထွက်သေးဘူးဆိုတော့မဟုတ်ပါစေနဲ့လို့ဆုတောင်းရင်းစောင့်ခဲ့တာပေါ့။အဲ့လိုဆုတောင်းဆို 2021 ဧပြီလ ၈ ရက်နေ့ကိုသွားသတိရမိတယ်

၅၀၅ စာရင်းထဲမှာပါလို့ တိုက်ခန်းတွေပေါ် ခုန်ကူးပြီးထွက်ပြေးရတဲ့ည တညလုံးဘုရားရှိခိုးဆုတောင်းခဲ့တာ မနက်လင်းတဲ့ထိပဲနောက်နေ့အိမ်တလုံးထဲမှာသော့ခတ်ပြီး မီးမသုံး ရေမသုံးပဲညတိုင်းငိုခဲ့ရတဲ့ရက်တွေ အသံမထွက်ရဲခဲ့တဲ့ရက်တွေ တစ်ယောက်တည်းဘယ်သူနဲ့မအဆက်အသွယ်မရပဲနို့တစ်ဗူးတောင်ကုန်အောင်မသောက်နိုင်ခဲ့

တဲ့ရက်တွေ ညညဆိုအကြောက်တရားနဲ့မအိပ်ရဲတဲ့ရက်တွေငိုပြီးဖြတ်သန်းခဲ့ရတယ်။ ညတိုင်းလည်းငိုပြီးဆုတောင်းဖြစ်ခဲ့တယ်။

ဧပြီ ၂၁ ညည မအိပ်တာများလို့အဖမ်းခံလိုက်တော့မယ် မဟုတ်ရင်ငါရူးတော့မှာ။ဘယ်ရောက်ရောက်သွားမယ်ဟာဆိုပြီးဆိုင်ကယ် ၁၄ နာရီစီးပြီးထွက်လာခဲ့တဲ့နေ့တစ်လမ်းလုံးဆုတောင်းခဲ့ပြန်တယ်။ဟိုရောက်တော့ခေါင်း

ပျားပျားအိပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မီးမရ အင်တာနက်မရနဲ့မီးကြိုးတွေတွေ့နေလျက်နဲ့ ဒီနေရာမီးမရကောင်းလားဆိုပြီးစိတ်မကောင်းဖြစ်ခဲ့ဖူးတယ်။

စိမ်းစိမ်းမြင်ရင်ကြောက်ပါတယ်ဆိုမှဇွန်လဆန်းလောက်မှာ စစ်သားအယောက် ၅၀၀ ကရွာကဖြတ်မယ်တဲ့။ နောက်တရွာပြေးကြရတာပေါ့။ စစ်ကလည်းဖြစ်နေတော့ ပထမစစ်ပြေး။စစ်ပြေးကနေထပ်ပြီ စစ်ရှောင်/ပြေးပေါ့။ စစ်တပ်ကရွာကျော်သွားပြီဆိုမှ ပြန်လာတာ သူတို့အိမ်ရှေ့ကဖြတ်တော့ တခါးတွေပိတ်ပြီးပုန်းနေခဲ့မိတာ။ ဟိုနား

ချောင်း ဒီနားချောင်းနဲ့ပေါ့။ကိုယ်တွေနေတဲ့အိမ်ကျော်မှသက်ပြင်းချနိုင်တာ။ဒါပေမဲ့ ကံမကောင်းစွာပဲ အိမ်ဘေးကပ်လျက်တောင်ပေါ်မှာ စခန်းချကြမယ်တဲ့ ။တညလုံး ဇီးကွက်မဖြစ်ရောလေ။တပါတ်လောက်ကြာတော့ မဖြစ်တော့ဘူးနောက်တနေရာပြောင်းမယ်ဆိုပြီးပြောင်းလာခဲ့ကြတယ်။

၅၀၅ လွတ်ငြိမ်းပြီကြားတော့ မဖြစ်နိုင်ဘူးဆိုပြီးမယုံခဲ့ဘူး။ သတင်းကကြေငြာပြီဆိုမှအူကြောင်ကြောင်ဖြစ်နတာ။ တကယ်လားပေါ့။ အမေဖုန်းဆက်ပြီးငိုပြောမှကိုယ်လည်းသေချာပြီပေါ့လေ။ ရန်ကုန်အိမ်ကိုတော့ဒီနေ့ထိပြန်ကိုမရောက်တော့တာမြို့ပေါ်ပြန်လာတော့တခြားတနေရာမှာငှါးနေခဲ့တယ်။သူစိမ်းအိမ်လာရင်အခန်းထဲပြေးပုန်းမိတုန်းပဲ။ လူတွေနဲ့တွေ့ရမှာ မျက်နှာချင်းဆိုင်ရမှာ ကြောက်နေတုန်းအချိန်ပေါ့။

၂ လလောက်နေပြီးမှ အမေတို့နဲ့အတူနောက်တနေရာထပ်ငှါးနေကြတာပေါ့။အိမ်လေးလွမ်းလို့တရက်တော့သွားကြည့်ခဲ့သေးတယ်ကိုယ့်ရဲ့အခန်းထဲဝင်တော့ ထိုင်ငိုမိတာပါပဲ။ဒီအိမ်လေးငါတနေ့ပြန်လာနေမယ်ဆိုပြီးခုထိ

မှတ်ယူတုန်း။ကိုယ့်ဆီအလုပ်လုပ်ဖို့ ဖုန်းဆက်ကြတဲ့သူတွေဓာတ်ပုံရိုက်ဖို့ ပို့စ်တွေတင်ဖို့ပြောတဲ့သူတွေကိုငြင်းခဲြတယ်အော် ထောငတေလုပ်ဖော်ကိုင်ဖက်တွေ ၅၀၅ မလွတ်သေးတဲ့သူတွေငဲ့ပြီးငါအလုပ်လုပ်ရမှာလားပေါ့။ငါ့လိပ်ပြာငါမလုံပါဘူးဆိုပြီး အကုန်ငြင်းခဲ့တယ်။ဒီနေ့ ထိပဲ အလုပ်တွေလက်မခံခဲ့ဖူးဘူး။မနေ့က ၂၅/၇/၂၂

သတင်းကြားကတည်းက ငိုမိတာဘယ်နှစ်ခါမှန်းမသိဘူး။ သတင်းစောင့်နေရင်းက memory တွေပေါ်လာလို့ပြန်ကြည့်တော့ 2017 တုန်းကတင်ခဲ့တဲ့အနာဂတ်ကိုပြောင်းလဲချင်ရင်ပစ္စုပ္ပန်ကိုပြောင်းလဲဖို့လိုတာပေါ့နော် တဲ့ဟာ ဒီစာသားကငါအခုစိတ်ထဲမှာရှိတဲ့စာသားနဲ့တိုက်ဆိုင်လိုက်တာဆိုပြီပြန်ရှဲခဲ့တယ်။ဟောကောမန့်တက်လာ

တယ်ပုံတွေမရှဲနဲ့တဲ့အံမယ်လူတွေအားလုံးဝမ်းနည်းနေတဲ့နေမှာ အလှပုံတင်ရလောက်အောင်တော့ ငါမတုံးဘူးပေါ့သိကြမှာပါ ဆိုပြီးနေခဲ့တာပေါ့။

နောက်တစ်ယောက်လာမန့်တယ်နောက်မှရှဲလို့မရဘူးလားတဲ့ဒီနေ့တင်ခဲ့တဲ့ပို့မို့ ဒီနေ့မို့ရှဲတာလေလို့ပြန်မန့်လိုက်တယ်။အဲ့မှာစပြီးနားလည်မှုတွေလွဲပြီးစတော့တာပဲ။ နောက်တယောက်ကရွံတယ်ဟာာ ဘာလဲပေါ့ ငါကလဲ ပိုရွံတယ်ဟုတ်တယ်ပရိုဖိုင်းတွေထဲဝင်ကြည့်တော့ဖုန်းကဒ်အရောင်းမပြတ်ဘူး။ ကိုယ်ကလည်းသွေးဆူ ဒေါသ

ထွက်ဝမ်းနည်းအကန်တွေပဲပြောချင်နေတာနဲ့တိုက်ဆိုင်သွားတာပေါ့လေ။ ဒါပေမဲ့၂၉ မိနစ်လောက်နေတော့ငါကြောင့်အနှောင့်အယှက်ဖြစ်ပါတယ်လေ ဆိုပြီးonly me လုက်ခဲ့တယ်။ဒါပေမဲ့ SS ပဲတွေ့တဲ့သူတွေကျရှင်းပြလို့မရတော့ဘူး။အလှပုံတင်တာဒီနေ့မို့တင်တာလေဖြစ်သွားရောနားလည်မှုက လွဲသွားခဲ့ပြီ။ ရှင်းလို့ကိုမရတော့တာ။

ငါစာတင်ပြီးတောင်းပန်မှရမယ်ဆိုပြီးတောင်းပန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အားလုံးသွေးဆူပြီးလောင်မြိုက်နေချိန်မို့နားလည်လိုက်တယ်။ကိုယ်တိုင် live လွှင်ပြောမယ်ပေါ့။မဖြစ်သေးပါဘူးမနေ့ကချက်ခြင်းတင်ပြန်ရင်လဲကိုယ့်

အရေးကထက်ကြီးတဲ့ဟာတွေရှိနေတော့ငါကအရေးကြီးလို့လားပေါ့ဆိုပြီး မရှင်းပဲနေခဲ့တယ်။နောက်တစ်ခု SS အတုတွေ Myday အတုကောမန့်အတုတွေပါထွက်လာတယ်။ ကိုယ်နဲ့ friend ဖြစ်တဲ့သူတွေအသိဆုံးပါ Myday မှာ အမဲရောင်တွေပဲဆက်တိုက်တင်ထားတာပါ။

ကျေးဇူးပြုပြီးအဲ့လိုအတုတွေမလုပ်ပါနဲ့ရှင့်ရှင်းရပိုခက်လို့ပါ။ ဒီ ၁ နှစ်ခွဲအတွင်းခုချိန်ထိ live မလွှင့်ခဲ့ဘူး စျေးမရောင်းခဲ့ဘူး။ ဘာပစ္စည်းမှမကြော်ငြာခဲ့ဘူး။ဘာဓာတ်ပုံ video မှလဲမရိုက်ခဲ့ပါဘူး။ ဒီအချိန်ထိဒီစိတ်က

အခိုင်အမာပါပဲ။ဒါကကျမရဲ့အမှန်တရားပါ။နောင်လည်း ကျမ ရပ်တည်ချက်၊ ယုံကြည်ချက်အတိုင်း လုပ်စရာရှိတဲ့အလုပ်တွေ ဆက်လုပ်နေမှာပါ။

crd

Leave a Reply

Your email address will not be published. Required fields are marked *