ျပည္တြင္းသတင္း

ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္ကိုယ္တိုင္ အနီးကပ္ကြပ္ကဲကာ ႀကိဳးေပးကြပ္မ်က္ခဲ့….

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို ရန်ကုန် အင်းစိန်ထောင်၌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုယ်တိုင် အနီးကပ်ကွပ်ကဲကာ ကြိုးပေး ကွပ်မျက်ခဲ့ကြောင်း သိရသည်။​

သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားလေးဦးကို ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစားများမှတစ်ဆင့် ထုတ်ပြန်သည်။ သို့သော် မည်သို့ စီရင်ဆောင်ရွက်ခဲ့သည်ကို လုံးဝ ဖော်ပြခဲ့ခြင်း မရှိပေ။

ယမန်နေ့ (ဇူလိုင် ၂၅) တွင် မိသားစုဝင်များက အင်းစိန်ထောင်သို့ သွားရောက်မေးမြန်းရာမှ တုန်လှုပ် ခြောက်ခြားဖွယ်ရာ လူသတ်မှုအကြောင်း အတည်ပြုနိုင်ခြင်းဖြစ်သည်။ သေဒဏ်စီရင်ပြီးသည်မှာ ဟုတ်မှန်ကြောင်း၊ အလောင်းပြန်မပေးနိုင်ကြောင်း ထောင်အာဏာပိုင်များက တုံ့ပြန်ပြောဆိုခဲ့သည်။​

သေဒဏ်စီရင်ခြင်း မပြုရန် နိုင်ငံတကာ၏ အပူတပြင်းတောင်းဆိုတိုက်တွန်းမှုများ ရှိလင့်ကစား အာဏာသိမ်းစစ်တပ်က တိတ်တဆိတ်ကြိုးပေး ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။​ အဆိုပါလုပ်ရပ်နှင့် ပတ်သက်၍ သတင်းအပြည့်အစုံထုတ်ပြန်ခြင်း မပြုသည့်အပြင် မိသားစုဝင်များကို ကြိုတင်အသိပေးခြင်းလည်း မရှိပေ။​

ထင်ရှားသည့်နိုင်ငံရေးသမား ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို စနေနေ့ဖြစ်သော ဇူလိုင် ၂၃ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ် အချိန်တွင် ကြိုးပေးကွပ်မျက်ခြင်းဖြစ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်ကို လုံခြုံးတင်းကျပ်ထားခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသား လေးဦးကို သေဒဏ်စီရင်ရာ၌ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကိုယ်တိုင် အစအဆုံး ကြီးကြပ်ခဲ့ကြောင်း ထိုရဲသတင်းရင်းမြစ်က ပြောသည်။

အကျဉ်းဦးစီးဌာနလက်အောက်ခံ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များကို အပြည့်အဝထိန်းချုပ်နိုင်သည့် ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၀ ဖေဖော်ဝါရီလတွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။​

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးကျွမ်းဝင်သူ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ နေရာတွင် ထိုစဉ်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်သူ စိုးထွဋ်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။​

ဦးဂျင်မီတို့လေးဦးကို ကြိုးပေးကွပ်မျက်ခြင်း မပြုမီ သောကြာနေ့ ညနေပိုင်းကတည်းက အင်းစိန်ထောင်ကို လုံခြုံရေးတင်းကျပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထောင်ဝင်းအတွင်း လှုပ်ရှားသွားလာမှုကိုလည်း ကန့်သတ်ခဲ့ကြောင်း ထောင်သတင်းရင်းမြစ်အချို့ထံမှ သိရသည်။

“ပုံမှန်တော့ အကျဉ်းသားတွေက စားသောက်ချိန်မှာ တန်းစီရတယ်။ သောကြာနေ့ကစပြီး ထမင်းလည်း တန်းမစီရတော့ဘူး။ ထောင်ဝန်ထမ်းတွေကိုယ်တိုင် အဆောင်ထိ လာပေးတယ်လို့ ကြားတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။​

သောကြာနေ့ညပိုင်းက အင်းစိန်ထောင်တစ်ခုလုံး မီးဖြတ်ထားပြီး ကြိုးစင်ရှိရာ အဆောင်တစ်ခုတည်းကိုသာ မီးပေးထားကြောင်း၊ နံနက် ၃ နာရီနှင့် ၄ နာရီဝန်းကျင်တွင် အော်ဟစ်သံများ ကြားရသူအချို့ရှိသည်ဟုလည်း အခြားသတင်းရင်းမြစ်တစ်ခုက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်ပြီးနောက် ထိုနေ့ နံနက် ၄ နာရီကျော်အချိန်၌ ချက်ချင်းမီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

Credit-Myanmar Now

ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္ႏွင့္ ကိုေအာင္သူရေဇာ္တို႔ ေလးဦးကို ရန္ကုန္ အင္းစိန္ေထာင္၌ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကိုယ္တိုင္ အနီးကပ္ကြပ္ကဲကာ ႀကိဳးေပး ကြပ္မ်က္ခဲ့ေၾကာင္း သိရသည္။​

ေသဒဏ္ခ်မွတ္ခံထားရသည့္ နိုင္ငံေရးအက်ဥ္းသားေလးဦးကို ျပစ္ဒဏ္စီရင္ၿပီးေၾကာင္း စစ္ေကာင္စီက နိုင္ငံပိုင္သတင္းစားမ်ားမွတစ္ဆင့္ ထုတ္ျပန္သည္။ သို႔ေသာ္ မည္သို႔ စီရင္ေဆာင္ရြက္ခဲ့သည္ကို လုံးဝ ေဖာ္ျပခဲ့ျခင္း မရွိေပ။

ယမန္ေန႔ (ဇူလိုင္ ၂၅) တြင္ မိသားစုဝင္မ်ားက အင္းစိန္ေထာင္သို႔ သြားေရာက္ေမးျမန္းရာမွ တုန္လႈပ္ ေျခာက္ျခားဖြယ္ရာ လူသတ္မႈအေၾကာင္း အတည္ျပဳနိုင္ျခင္းျဖစ္သည္။ ေသဒဏ္စီရင္ၿပီးသည္မွာ ဟုတ္မွန္ေၾကာင္း၊ အေလာင္းျပန္မေပးနိုင္ေၾကာင္း ေထာင္အာဏာပိုင္မ်ားက တုံ႔ျပန္ေျပာဆိုခဲ့သည္။​

ေသဒဏ္စီရင္ျခင္း မျပဳရန္ နိုင္ငံတကာ၏ အပူတျပင္းေတာင္းဆိုတိုက္တြန္းမႈမ်ား ရွိလင့္ကစား အာဏာသိမ္းစစ္တပ္က တိတ္တဆိတ္ႀကိဳးေပး ကြပ္မ်က္ခဲ့ျခင္းျဖစ္သည္။​ အဆိုပါလုပ္ရပ္ႏွင့္ ပတ္သက္၍ သတင္းအျပည့္အစုံထုတ္ျပန္ျခင္း မျပဳသည့္အျပင္ မိသားစုဝင္မ်ားကို ႀကိဳတင္အသိေပးျခင္းလည္း မရွိေပ။​

ထင္ရွားသည့္နိုင္ငံေရးသမား ဦးဂ်င္မီ၊ လႊတ္ေတာ္အမတ္ေဟာင္း ဦးၿဖိဳးေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္ႏွင့္ ကိုေအာင္သူရေဇာ္တို႔ ေလးဦးကို စေနေန႔ျဖစ္ေသာ ဇူလိုင္ ၂၃ ရက္ေန႔ နံနက္ ၄ နာရီ ၁၅ မိနစ္ အခ်ိန္တြင္ ႀကိဳးေပးကြပ္မ်က္ျခင္းျဖစ္ေၾကာင္း Myanmar Now ၏ သတင္းရင္းျမစ္က ဆိုသည္။

ရန္ကုန္ အင္းစိန္ဗဟိုအက်ဥ္းေထာင္ကို လုံျခဳံးတင္းက်ပ္ထားခဲ့ေၾကာင္း၊ နိုင္ငံေရးအက်ဥ္းသား ေလးဦးကို ေသဒဏ္စီရင္ရာ၌ ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္ကိုယ္တိုင္ အစအဆုံး ႀကီးၾကပ္ခဲ့ေၾကာင္း ထိုရဲသတင္းရင္းျမစ္က ေျပာသည္။

အက်ဥ္းဦးစီးဌာနလက္ေအာက္ခံ နိုင္ငံတစ္ဝန္းရွိ အက်ဥ္းေထာင္မ်ားကို အျပည့္အဝထိန္းခ်ဳပ္နိုင္သည့္ ျပည္ထဲေရးဝန္ႀကီးအျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကို အာဏာသိမ္းေခါင္းေဆာင္ မင္းေအာင္လွိုင္က ၂၀၂၀ ေဖေဖာ္ဝါရီလတြင္ ခန္႔အပ္ခဲ့ျခင္းျဖစ္သည္။​

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ အစိုးရလက္ထက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ရင္းႏွီးကၽြမ္းဝင္သူ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၏ ေနရာတြင္ ထိုစဥ္က စစ္ဘက္ေရးရာလုံျခဳံေရးအရာရွိခ်ဳပ္ျဖစ္သူ စိုးထြဋ္ကို အစားထိုးခန္႔အပ္ခဲ့ျခင္းျဖစ္သည္။​

ဦးဂ်င္မီတို႔ေလးဦးကို ႀကိဳးေပးကြပ္မ်က္ျခင္း မျပဳမီ ေသာၾကာေန႔ ညေနပိုင္းကတည္းက အင္းစိန္ေထာင္ကို လုံျခဳံေရးတင္းက်ပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေထာင္ဝင္းအတြင္း လႈပ္ရွားသြားလာမႈကိုလည္း ကန္႔သတ္ခဲ့ေၾကာင္း ေထာင္သတင္းရင္းျမစ္အခ်ိဳ႕ထံမွ သိရသည္။

“ပုံမွန္ေတာ့ အက်ဥ္းသားေတြက စားေသာက္ခ်ိန္မွာ တန္းစီရတယ္။ ေသာၾကာေန႔ကစၿပီး ထမင္းလည္း တန္းမစီရေတာ့ဘူး။ ေထာင္ဝန္ထမ္းေတြကိုယ္တိုင္ အေဆာင္ထိ လာေပးတယ္လို႔ ၾကားတယ္” ဟု သတင္းရင္းျမစ္တစ္ခုက ေျပာသည္။​

ေသာၾကာေန႔ညပိုင္းက အင္းစိန္ေထာင္တစ္ခုလုံး မီးျဖတ္ထားၿပီး ႀကိဳးစင္ရွိရာ အေဆာင္တစ္ခုတည္းကိုသာ မီးေပးထားေၾကာင္း၊ နံနက္ ၃ နာရီႏွင့္ ၄ နာရီဝန္းက်င္တြင္ ေအာ္ဟစ္သံမ်ား ၾကားရသူအခ်ိဳ႕ရွိသည္ဟုလည္း အျခားသတင္းရင္းျမစ္တစ္ခုက ဆိုသည္။

နိုင္ငံေရးအက်ဥ္းသားေလးဦးကို ကြပ္မ်က္ၿပီးေနာက္ ထိုေန႔ နံနက္ ၄ နာရီေက်ာ္အခ်ိန္၌ ခ်က္ခ်င္းမီးသၿဂႋဳဟ္ခဲ့ေၾကာင္း သိရသည္။

Credit-Myanmar Now

Leave a Reply

Your email address will not be published. Required fields are marked *