ၾကားသိရသမွ်

ျမန္မာနယ္နမိတ္ အနီးမွ ရဲကင္းကို မီးရႈိ႕

စစ္တပ္လက္ေအာက္ခံ ပ်ဴေစာထီးအဖြဲ႕က ပစ္သတ္လိုက္ေသာ အိႏၵိယႏိုင္ငံ သား ၂ ဦး၏ ႐ုပ္အေလာင္းကို ျပန္မေပးသည့္အတြက္ အိႏၵိယျပည္သူမ်ား ဆႏၵျပၿပီး ျမန္မာနယ္နမိတ္ အနီးမွ ရဲကင္းကို မီးရႈိ႕

ရန္ကုန္၊ ဇူလိုင္ ၆

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕တြင္ ပ်ဴေစာထီး အဖြဲ႕၏ ပစ္သတ္မႈေၾကာင့္ ေသဆုံးသြားေသာ အိႏၵိယႏိုင္ငံသား ႏွစ္ေယာက္ ၏ အေလာင္းျပန္လည္ရရွိေရး အတြက္ အိႏၵိယႏိုင္ငံ၊ မိုးေရးလူထုက မိုးေရးရဲစခန္းတြင္ သြား ေရာက္ေတာင္းဆို ဆႏၵျပၿပီး ျမန္မာနယ္နမိတ္ အနီးမွ ရဲကင္းကို မီးရႈိ႕လိုက္ေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံ ေျပာဆိုသည္။

ယေန႔ နံနက္ပိုင္းမွစတင္ၿပီး မိုေရးၿမိဳ႕တြင္ ဆႏၵျပၿပီး မြန္းလြဲ ၂ နာရီအခ်ိန္တြင္ အေလာင္းျပန္မေပးသည့္ အတြက္ ျမန္မာနယ္နမိတ္အနီးရွိ ရဲကင္းတစ္ခုကို မီးရႈိ႕ လိုက္ေၾကာင္း သိရွိရသည္။

“အေလာင္းျပန္မေပးလို႔ မိုေရးလူထုက ဆႏၵ ျပေနတာ။ အေလာင္းေတာင္းတာ သတ္မွတ္ခ်ိန္ေက်ာ္တာေတာင္ လာမပို႔လို႔ဆိုၿပီး မြန္းလြဲ ၂ နာရီေက်ာ္မွာ ျမန္ မာ နယ္စပ္အနီးက ရဲကင္းကို မီးရႈိ႕လိုက္တာ။ ရဲကင္း ျပာက်ၿပီ။ ရဲကင္း ျမန္မာနယ္နမိတ္ နားက ျမန္မာရဲကင္းပါ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

လက္ရွိတြင္ အိႏၵိယစစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕မ်ား ေရာက္ရွိလာၿပီး ျမန္မာ-အိႏၵိယ နယ္စပ္တစ္ေလွ်ာက္အင္အားအျပည့္ခ်ထားၿပီး ဆႏၵျပလူထုကို‌ ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရွိရသည္။

အိႏၵိယ-ျမန္မာနယ္စပ္၊ စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕သို႔ လာေရာက္သည့္ အိႏၵိယႏိုင္ငံ သား ၂ ဦးကို စစ္ေကာင္စီလက္ပါးေစ ပ်ဴေစာထီးမ်ားက ဇူလိုင္လ ၅ ရက္ ေန႔လယ္ ၁ နာရီ၌ ပစ္သတ္လိုက္ျခင္းျဖစ္သည္။

ပစ္သတ္ခံရသူမ်ားမွာ အသက္ ၂၈ ႏွစ္အ႐ြယ္ အမ်ိဳးသား ၁ ဦးႏွင့္ အသက္ ၃၅ ႏွစ္အ႐ြယ္ အမ်ိဳးသား ၁ ဦး ျဖစ္ၿပီး၊ အဆိုပါ ၂ ဦးမွာ သာမန္အရပ္သားမ်ားျဖစ္ ေၾကာင္းႏွင့္ တမူးရွိ မိတ္ေဆြမ်ားထံ လာေရာက္လည္ပတ္သူမ်ားသာျဖစ္ ေၾကာင္း သိရွိရသည္။

အဆိုပါ တမီလူမ်ိဳး အိႏၵိယႏိုင္ငံသား ၂ ဦးမွာ ေငြလဲ လုပ္ကိုင္သူမ်ားျဖစ္ၿပီး ပ်ဴေစာထီးမ်ားက ပစ္သတ္ကာ ေငြမ်ား လုယူသြားျခင္းျဖစ္ႏိုင္ေၾကာင္း တမူးသတင္း ရင္းျမစ္ ၁ ဦး က ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

“ေငြလဲတဲ့သူေတြလို႔လည္း ေျပာၾကတယ္၊ တေယာက္က သုံးဘီးေမာင္းတယ္၊ သူတို႔ေတြက တမူးနဲ႔ မိုေရးကို ပစၥည္းကယ္ရီပို႔တဲ့သူေတြလို႔ သိရတယ္။ ကယ္ရီလုပ္တဲ့သူေတြဆိုေတာ့ ေငြလဲတဲ့အလုပ္လည္း လုပ္ႏိုင္တာပဲေလ။ အိႏၵိယစစ္ တပ္ကေတာ့ မိုေရးမွာ အရမ္းစစ္ေနတယ္၊ မိုးေရးမွာရွိတဲ့ ျမန္မာႏိုင္ငံသားေတြကိုေတာ့ ျမန္ျမန္ဆိုင္သိမ္းခိုင္းလို႔ ေခြးေျပးဝက္ေျပး ေျပးခဲ့ရတယ္” ဟု နယ္စပ္တြင္ေနထိုင္သူ ၁ ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

တမူးႏွင့္ မိုေရးၿမိဳ႕မ်ားသည္ ႏိုင္ငံျဖတ္ေက်ာ္ ေဈးေရာင္းသူမ်ားျဖင့္ စည္ကားသည့္ နယ္စပ္ၿမိဳ႕မ်ားျဖစ္သည္။”နယ္စပ္ျဖတ္ၿပီး အိႏၵိယဘက္ကို ေဈးေရာင္းတဲ့ မိသားစု အနည္းဆုံး ၃၀၀ ေက်ာ္ ရွိတယ္။ အခု ပ်ဴေစာထီးေတြ သူတို႔ကို ပစ္သတ္တာက ရည္႐ြယ္ခ်က္ရွိရွိ border tension create လုပ္တာဟုတ္တယ္။ PDF နဲ႔ CDM မိသားစုေတြ အိႏၵိယဘက္ ေနဖို႔ ခက္ခဲေအာင္ တမင္လုပ္တာျဖစ္လိမ့္မယ္” ဟု တမူးရွိ အျခား ေဒသခံ ၁ ဦးက ေျပာဆိုသည္။

အဆိုပါ လူသတ္မႈျဖစ္စဥ္သည္ စစ္ေကာင္စီလက္ပါးေစ ပ်ဴေစာထီးမ်ားက နယ္ စပ္လုံၿခဳံေရး တင္းၾကပ္ရန္ လုပ္ေဆာင္ျခင္းျဖစ္ႏိုင္ေၾကာင္း ေျပာဆိုေနၾကၿပီး အဆိုပါကိစၥႏွင့္ ပတ္သက္၍ သီးျခားအတည္ျပဳႏိုင္ရန္ ရန္ကုန္ေခတ္သစ္က ဆက္လက္စုံစမ္းလ်က္ရွိသည္။

စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့က ပစ်သတ်လိုက်သော အိန္ဒိယနိုင်ငံ သား ၂ ဦး၏ ရုပ်အလောင်းကို ပြန်မပေးသည့်အတွက် အိန္ဒိယပြည်သူများ ဆန္ဒပြပြီး မြန်မာနယ်နမိတ် အနီးမှ ရဲကင်းကို မီးရှို့

ရန်ကုန်၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ပျူစောထီး အဖွဲ့၏ ပစ်သတ်မှုကြောင့် သေဆုံးသွားသော အိန္ဒိယနိုင်ငံသား နှစ်ယောက် ၏ အလောင်းပြန်လည်ရရှိရေး အတွက် အိန္ဒိယနိုင်ငံ၊ မိုးရေးလူထုက မိုးရေးရဲစခန်းတွင် သွား ရောက်တောင်းဆို ဆန္ဒပြပြီး မြန်မာနယ်နမိတ် အနီးမှ ရဲကင်းကို မီးရှို့လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းမှစတင်ပြီး မိုရေးမြို့တွင် ဆန္ဒပြပြီး မွန်းလွဲ ၂ နာရီအချိန်တွင် အလောင်းပြန်မပေးသည့် အတွက် မြန်မာနယ်နမိတ်အနီးရှိ ရဲကင်းတစ်ခုကို မီးရှို့ လိုက်ကြောင်း သိရှိရသည်။

“အလောင်းပြန်မပေးလို့ မိုရေးလူထုက ဆန္ဒ ပြနေတာ။ အလောင်းတောင်းတာ သတ်မှတ်ချိန်ကျော်တာတောင် လာမပို့လို့ဆိုပြီး မွန်းလွဲ ၂ နာရီကျော်မှာ မြန် မာ နယ်စပ်အနီးက ရဲကင်းကို မီးရှို့လိုက်တာ။ ရဲကင်း ပြာကျပြီ။ ရဲကင်း မြန်မာနယ်နမိတ် နားက မြန်မာရဲကင်းပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အိန္ဒိယစစ်တပ်နှင့် ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်အင်အားအပြည့်ချထားပြီး ဆန္ဒပြလူထုကို‌ စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့သို့ လာရောက်သည့် အိန္ဒိယနိုင်ငံ သား ၂ ဦးကို စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက ဇူလိုင်လ ၅ ရက် နေ့လယ် ၁ နာရီ၌ ပစ်သတ်လိုက်ခြင်းဖြစ်သည်။

ပစ်သတ်ခံရသူများမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦး ဖြစ်ပြီး၊ အဆိုပါ ၂ ဦးမှာ သာမန်အရပ်သားများဖြစ် ကြောင်းနှင့် တမူးရှိ မိတ်ဆွေများထံ လာရောက်လည်ပတ်သူများသာဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ တမီလူမျိုး အိန္ဒိယနိုင်ငံသား ၂ ဦးမှာ ငွေလဲ လုပ်ကိုင်သူများဖြစ်ပြီး ပျူစောထီးများက ပစ်သတ်ကာ ငွေများ လုယူသွားခြင်းဖြစ်နိုင်ကြောင်း တမူးသတင်း ရင်းမြစ် ၁ ဦး က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ငွေလဲတဲ့သူတွေလို့လည်း ပြောကြတယ်၊ တယောက်က သုံးဘီးမောင်းတယ်၊ သူတို့တွေက တမူးနဲ့ မိုရေးကို ပစ္စည်းကယ်ရီပို့တဲ့သူတွေလို့ သိရတယ်။ ကယ်ရီလုပ်တဲ့သူတွေဆိုတော့ ငွေလဲတဲ့အလုပ်လည်း လုပ်နိုင်တာပဲလေ။ အိန္ဒိယစစ် တပ်ကတော့ မိုရေးမှာ အရမ်းစစ်နေတယ်၊ မိုးရေးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ မြန်မြန်ဆိုင်သိမ်းခိုင်းလို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတယ်” ဟု နယ်စပ်တွင်နေထိုင်သူ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တမူးနှင့် မိုရေးမြို့များသည် နိုင်ငံဖြတ်ကျော် ဈေးရောင်းသူများဖြင့် စည်ကားသည့် နယ်စပ်မြို့များဖြစ်သည်။”နယ်စပ်ဖြတ်ပြီး အိန္ဒိယဘက်ကို ဈေးရောင်းတဲ့ မိသားစု အနည်းဆုံး ၃၀၀ ကျော် ရှိတယ်။ အခု ပျူစောထီးတွေ သူတို့ကို ပစ်သတ်တာက ရည်ရွယ်ချက်ရှိရှိ border tension create လုပ်တာဟုတ်တယ်။ PDF နဲ့ CDM မိသားစုတွေ အိန္ဒိယဘက် နေဖို့ ခက်ခဲအောင် တမင်လုပ်တာဖြစ်လိမ့်မယ်” ဟု တမူးရှိ အခြား ဒေသခံ ၁ ဦးက ပြောဆိုသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်သည် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက နယ် စပ်လုံခြုံရေး တင်းကြပ်ရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန် ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *