ဒေါ်လာပြတ်လပ်မှုနဲ့ ငွေပေးခြေမှု စိုးရိမ်စရာဖြစ် ၊ ကုန်စျေးနှုန်းဆက်လက်မြင့်တက်နိုင်ပြီး
စီးပွားရေးအလားအလာ နိမ့်ပါးနေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်
မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ ဒေါ်လာရှားပါးမှုနဲ့ ကာလရှည်ကြာ ပြည်တွင်းပဋိပက္ခတွေဖြစ်ပွားမှုဟာ ကိုဗစ်ကြောင့်ထိခိုက်
ခဲ့ရတဲ့ စီးပွားရေးပြန်လည်နာလန်ထူရေးမှာ စိန်ခေါ်မှုတွေရှိနေတာကြောင့် မြန်မာ့စီးပွားရေး အလားအလာဟာ
နိမ့်ပါးနေသေးကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာလကုန်ထိ ဘဏ္ဍာရေးနှစ်အတွက် ဂျီဒီပီတိုးတက်မှုနှုန်းဟာ ယခင်မျှော်မှန်းထားတာထက် ကောင်းမွန်ခဲ့ပေမယ့်လည်း
၂၀၂၂ ခုနှစ်ဂျီဒီပီဟာ ၂၀၁၉ ခုနှစ်ထက် ၁၃ ရာခိုင်နှုန်းလျော့နည်းမယ်လို့ အာရှဒေသအတွက် ကမ္ဘာ့ဘဏ်က
ဇူလိုင် ၂၁ ရက်မနက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ ပြောပါတယ်။
လောင်စာဆီအပါအ၀င် တင်သွင်းလာတဲ့ကုန်ပစ္စည်းအများအပြား ရရှိနိုင်မှုကို ကန့်သတ်ထားပြီး အမေရိကန်ဒေါ်လာပြတ်လပ်မှုနဲ့အတူ
ငွေပေးချေမှုအခြေအနေတွေဟာ အလွန်စိုးရိမ်စရာဖြစ်ပြီး ကုန်စျေးနှုန်းတွေ ဆက်လက်မြင့်တက်နေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ကပြောပါတယ်။
နိုင်ငံရဲ့နေရာအတော်များများမှာ ပြင်းထန်နေတဲ့ပဋိပက္ခတွေက စီးပွားရေးတိုးတက်မှုတွေကို ဆက်လက်အဟန့်အတားဖြစ်စေတာ
ကြောင့် မကြာမီကာလတွေအတွင်း ကပ်ရောဂါမတိုင်ခင်အချိန်ကလိုမျိုး စီးပွားရေးအခြေအနေပြန်ဖြစ်ဖို့
မလွယ်ဘူးလို့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်ဖြစ်ပွားခဲ့သော နိုင်ငံရေးအပြောင်းအလဲဟာ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိနေဆဲဖြစ်ပြီး မကြာသေးမီက
မူဝါဒပြောင်းလဲမှုတွေဟာ စီးပွားရေးကျဆင်းမှုအပေါ် ထပ်လောင်းအန္တရာယ်များစေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မတ်လအတွင်းငွေကြေးဖောင်းပွမှုဟာ ၁၇ ဒသမ ၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
ကန့်သတ်ချက်တွေဟာ ယခင်ကပြုပြင်ပြောင်းလဲမှုတွေအပေါ် အခက်တွေ့စေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref: Bloomberg ,Photo: Reuters
zawgyi,
ေဒၚလာျပတ္လပ္မႈနဲ႔ ေငြေပးေျခမႈ စိုးရိမ္စရာျဖစ္ ၊ ကုန္ေစ်းႏႈန္းဆက္လက္ျမင့္တက္ႏိုင္ၿပီး
စီးပြားေရးအလားအလာ နိမ့္ပါးေနေၾကာင္း ကမာၻ႔ဘဏ္ထုတ္ျပန္
ျမန္မာႏိုင္ငံမွာ ေငြေၾကးေဖာင္းပြမႈ၊ ေဒၚလာရွားပါးမႈနဲ႔ ကာလရွည္ၾကာ ျပည္တြင္းပဋိပကၡေတြျဖစ္ပြားမႈဟာ ကိုဗစ္ေၾကာင့္ထိခိုက္
ခဲ့ရတဲ့ စီးပြားေရးျပန္လည္နာလန္ထူေရးမွာ စိန္ေခၚမႈေတြရွိေနတာေၾကာင့္ ျမန္မာ့စီးပြားေရး အလားအလာဟာ
နိမ့္ပါးေနေသးေၾကာင္း ကမာၻ႔ဘဏ္က ထုတ္ျပန္လိုက္ပါတယ္။
စက္တင္ဘာလကုန္ထိ ဘ႑ာေရးႏွစ္အတြက္ ဂ်ီဒီပီတိုးတက္မႈႏႈန္းဟာ ယခင္ေမွ်ာ္မွန္းထားတာထက္ ေကာင္းမြန္ခဲ့ေပမယ့္လည္း
၂၀၂၂ ခုႏွစ္ဂ်ီဒီပီဟာ ၂၀၁၉ ခုႏွစ္ထက္ ၁၃ ရာခိုင္ႏႈန္းေလ်ာ့နည္းမယ္လို႔ အာရွေဒသအတြက္ ကမာၻ႔ဘဏ္က
ဇူလိုင္ ၂၁ ရက္မနက္မွာထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ ၿပီးခဲ့တဲ့ ဘ႑ာေရးႏွစ္မွာ ၁၈ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့တယ္လို႔ ေျပာပါတယ္။
ေလာင္စာဆီအပါအ၀င္ တင္သြင္းလာတဲ့ကုန္ပစၥည္းအမ်ားအျပား ရရွိႏိုင္မႈကို ကန္႔သတ္ထားၿပီး အေမရိကန္ေဒၚလာျပတ္လပ္မႈနဲ႔အတူ
ေငြေပးေခ်မႈအေျခအေနေတြဟာ အလြန္စိုးရိမ္စရာျဖစ္ၿပီး ကုန္ေစ်းႏႈန္းေတြ ဆက္လက္ျမင့္တက္ေနႏိုင္တယ္လို႔ ကမာၻ႔ဘဏ္ကေျပာပါတယ္။
ႏိုင္ငံရဲ႕ေနရာအေတာ္မ်ားမ်ားမွာ ျပင္းထန္ေနတဲ့ပဋိပကၡေတြက စီးပြားေရးတိုးတက္မႈေတြကို ဆက္လက္အဟန္႔အတားျဖစ္ေစတာ
ေၾကာင့္ မၾကာမီကာလေတြအတြင္း ကပ္ေရာဂါမတိုင္ခင္အခ်ိန္ကလိုမ်ိဳး စီးပြားေရးအေျခအေနျပန္ျဖစ္ဖို႔
မလြယ္ဘူးလို႔ ကမာၻ႔ဘဏ္ရဲ႕အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
၂၀၂၁ ခုႏွစ္ျဖစ္ပြားခဲ့ေသာ ႏိုင္ငံေရးအေျပာင္းအလဲဟာ ျမန္မာ့စီးပြားေရးအေပၚ သက္ေရာက္မႈရွိေနဆဲျဖစ္ၿပီး မၾကာေသးမီက
မူဝါဒေျပာင္းလဲမႈေတြဟာ စီးပြားေရးက်ဆင္းမႈအေပၚ ထပ္ေလာင္းအႏၲရာယ္မ်ားေစတယ္လို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံမွာ မတ္လအတြင္းေငြေၾကးေဖာင္းပြမႈဟာ ၁၇ ဒသမ ၃ ရာခိုင္ႏႈန္းထိ ျမင့္တက္ခဲ့ၿပီး ကုန္သြယ္မႈနဲ႔ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း
ကန္႔သတ္ခ်က္ေတြဟာ ယခင္ကျပဳျပင္ေျပာင္းလဲမႈေတြအေပၚ အခက္ေတြ႕ေစတယ္လို႔ ကမာၻ႔ဘဏ္ရဲ႕အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
Ref: Bloomberg ,Photo: Reuters