ကုမၸဏီအားလုံးႏွင့္ တစ္ဦးခ်င္းပိုင္ ေဒၚလာမ်ားကို က်ပ္ေငြ လဲရမည္ဆိုသည့္ သတင္းမွာ ေကာလာဟလသာျဖစ္ေၾကာင္း စစ္ေကာင္စီ၏ဗဟိုဘဏ္က သတင္းထုတ္ျပန္ေသာ္လည္း လက္ေတြ႕တြင္ ဘဏ္မ်ားက ျပည္သူပိုင္ အေကာင့္မ်ားရွိ ေဒၚလာမ်ားကို က်ပ္ေငြအျဖစ္အတင္း အဓၶမေျပာင္းလဲေနေၾကာင္း သိရသည္။
ေဒၚလာလက္က်န္ေငြမ်ားကို ျမန္မာက်ပ္ေငြစာရင္းသို႔ ေျပာင္းထည့္ရန္ႏွင့္ ထည့္ေပးသည့္ေငြကို ဇူလိုင္လ(၂၉)ရက္ေန႔ထက္ ေနာက္မက်ဘဲ ေနာက္ဆုံးလာေရာက္ဆက္သြယ္ကာ ေငြသားျပန္ထုတ္ယူႏိုင္ေၾကာင္း ဘဏ္မ်ားက ဖုန္းဆက္အေၾကာင္းၾကားသည္ဟု အေၾကာင္းၾကားခံရသည့္ ျပည္သူတစ္ဦးက ဆိုသည္။
“(၂၉)ထက္ေနာက္က်ၿပီးမွ ဆက္သြယ္ရင္ ဘာျဖစ္မလဲဆိုၿပီး ေမးၾကည့္ေတာ့ စာရင္းေျပာင္းထည့္ေပးတာ ၾကန႔္ၾကာႏိုင္ပါတယ္တဲ့။ အခုက ေဒၚလာကို ျမန္မာက်ပ္နဲ႔လဲလွယ္ၿပီး သူတိုဘဏ္ရဲ႕ General Ledger (အေထြေထြလယ္ဂ်ာ) ထဲမွာ ေျပာင္းထည့္ထားလိုက္ၿပီတဲ့။ ေျပာရရင္ စာရင္းဖြင့္ထားသူေတြရဲ႕ USD အေကာင့္ဆိုတာ မရွိေတာ့ဘူး၊ စာရင္းလက္က်န္ သုညကိုျပထားၿပီဆိုတဲ့ သေဘာပဲလား”ဟု ၎က ဆိုသည္။
လက္ရွိ ေဈးကြက္အတြင္း တစ္ေဒၚလာလွ်င္ ၂၄၅၀ က်ပ္ ဝန္းက်င္ ေပါက္ေဈးရွိေနေသာ္လည္း ဗဟိုဘဏ္က ၁၈၅၀ ျဖင့္ လဲခိုင္းေနျခင္းျဖစ္သည္။
TachileikNewsAgency
ဒေါ်လာများအား ကျပ်ငွေလဲရမည်ဆိုသည်မှာ ကောလာဟလဟု ဗဟိုဘဏ်ငြင်းသော်လည်း ဘဏ်များကမူ ဒေါ်လာမှ ကျပ်ငွေအဖြစ် လဲခိုင်းနေ
ကုမ္ပဏီအားလုံးနှင့် တစ်ဦးချင်းပိုင် ဒေါ်လာများကို ကျပ်ငွေ လဲရမည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ကြောင်း စစ်ကောင်စီ၏ဗဟိုဘဏ်က သတင်းထုတ်ပြန်သော်လည်း လက်တွေ့တွင် ဘဏ်များက ပြည်သူပိုင် အကောင့်များရှိ ဒေါ်လာများကို ကျပ်ငွေအဖြစ်အတင်း အဓ္ဓမပြောင်းလဲနေကြောင်း သိရသည်။
ဒေါ်လာလက်ကျန်ငွေများကို မြန်မာကျပ်ငွေစာရင်းသို့ ပြောင်းထည့်ရန်နှင့် ထည့်ပေးသည့်ငွေကို ဇူလိုင်လ(၂၉)ရက်နေ့ထက် နောက်မကျဘဲ နောက်ဆုံးလာရောက်ဆက်သွယ်ကာ ငွေသားပြန်ထုတ်ယူနိုင်ကြောင်း ဘဏ်များက ဖုန်းဆက်အကြောင်းကြားသည်ဟု အကြောင်းကြားခံရသည့် ပြည်သူတစ်ဦးက ဆိုသည်။
“(၂၉)ထက်နောက်ကျပြီးမှ ဆက်သွယ်ရင် ဘာဖြစ်မလဲဆိုပြီး မေးကြည့်တော့ စာရင်းပြောင်းထည့်ပေးတာ ကြန့်ကြာနိုင်ပါတယ်တဲ့။ အခုက ဒေါ်လာကို မြန်မာကျပ်နဲ့လဲလှယ်ပြီး သူတိုဘဏ်ရဲ့ General Ledger (အထွေထွေလယ်ဂျာ) ထဲမှာ ပြောင်းထည့်ထားလိုက်ပြီတဲ့။ ပြောရရင် စာရင်းဖွင့်ထားသူတွေရဲ့ USD အကောင့်ဆိုတာ မရှိတော့ဘူး၊ စာရင်းလက်ကျန် သုညကိုပြထားပြီဆိုတဲ့ သဘောပဲလား”ဟု ၎င်းက ဆိုသည်။
လက်ရှိ ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၂၄၅၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေသော်လည်း ဗဟိုဘဏ်က ၁၈၅၀ ဖြင့် လဲခိုင်းနေခြင်းဖြစ်သည်။
TachileikNewsAgency