ကြားသိရသမျှ

ကိုဂျင်မီ နောက်ဆုံးပြောခဲ့တဲ့ စကားလေး … အဲ့လောက်ထိတောင်လား ကိုဂျင်မီရယ်

ကိုဂျင်မီ နောက်ဆုံးပြောခဲ့တဲ့ စကားလေး … အဲ့လောက်ထိတောင်လား ကိုဂျင်မီရယ် …

“တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ ကိုဂျင်မီက နောက်ဆုံးပြောကြားခဲ့ဟုဆို

“တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ ကိုဂျင်မီက နောက်ဆုံးပြောကြားခဲ့

RNA_ဇူလိုင်၂၄၊၂၀၂၂ ခုနှစ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ်သော် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို သေဒဏ်ကျခံထားရပြီး

အာဏာသိမ်းစစ်ကောင်စီက ကြိုးမိန့်ပေး သေဒဏ်ပေးဖို့ ပြင်ဆင်နေတာဖြစ်ပြီး

(၂၄) မှာတော့ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီလို့ ထုတ်ပြန်လာပြီဖြစ်ပါတယ်။

စစ်အာဏာရှင် လက်ပါးစေတွေက ကိုဂျင်မီကို ကြိုးမိန့်မပေးခင်မှာ သရဏဂုံတင်ခိုင်းပါတယ်၊

Red News Agency သတင်းရင်းမြစ်ကနေကြားသိရတာက “ တော်လှန်ရေးအတွက် လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့

နောက်ဆုံးကဂျင်မီက ပြောခဲ့ကြောင်း၊ ကိုဂျင်မီကို ကြိုးမိန့်ပေးရာတွင် တော်တော်နှင့် မပြီးတဲ့အတွက် (၁၂) မိနစ်ကြာမြင့်ခဲ့သည်ဟု

ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက စုံစမ်းသိရှိထားသည်။

ဇူလိုင်လ (၂၁) ရက်နေ့က မိသားစုနဲ့ အင်းစိန်ထောင်မှာ အွန်လိုင်းက တစ်ဆင့် Zoom နှင့် မိနစ်(၂၀) ပေးတွေ့ခဲ့ ပြီးနောက်

(ဇူလိုင် ၂၂ ) ရက်နေ့မှာ ကိုဂျင်မီနှင့်ကိုဇေယျာသော်ကို ကြိုးပေးမှုကို ပြုလုပ်ခဲ့ကြကြောင်း၊ ဇူလိုင် (၂၄)ရက်နံနက်စောစောက

ကိုလှမျိုးအောင်၊ ကိုအောသူရဇော်တို့ကို ကြိုးမိန့်ပေး စီရင်ခဲ့သည်ဟု Red News Agency ၏ သတင်းရင်းမြစ်ထံမှသိရသည်။

“ လူဆိုးတွေကိုတော့ ငါတို့ ဝါတွင်းလည်း သတ်ရမှာပဲ၊ ငါတို့တရားတယ်၊ ဒီကောင်တွေက လူသတ်ကောင်တွေ ငါတို့ဝိနည်းနဲ့ညီတယ်” ဆိုတာမျိုးထိ

ထောင်ဝန်ထမ်းတွေက ပြောကြားပြီး ကြိုးမိန့်ပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း အင်းစိန်ထောင်မှာ ဗျူဟာမှူးအဆင့်က ဦးဆောင်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ရင်းအလိုက် ရောက်ရှိနေတယ်ဆိုတဲ့ သတင်းကို

Red News Agency ကတင်ပြခဲ့သည့် ဇူလိုင်၂၃ ရက်နေ့ကတည်းက ညပိုင်းမှာ သေဒဏ်စတင်စီရင်ကြောင်း သိခဲ့ရသော်လည်း

သက်သေအထောက်အထားနှင့်တကွ မရရှိသည့်အတွက် တင်ပြနိုင်ခြင်းမရှိခဲ့ပါ။

ယနေ့အထိ ဒေသဏ်စီရင်ခံရသူများ၏ ရုပ်အလောင်းကို မိသားစုကိုလည်း ထုတ်မပေးသလို ကြိုးမိန့်စီရင်လိုက်ပြီဟုလည်း

တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးကြောင်း၊ မိသားစုက အင်းစိန်ထောင် သွားရောက်စုံစမ်းရာတွင်လည်း

သတင်းစာတွင် ကြေညာထားသည့်အတိုင်း သေဒဏ်ကျခံရမည့် အကျဉ်းသား (၄) ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ

ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း၊ သတင်းစာမှာပါသည့်အတိုင်းဟုသာ ပြောကြားခဲ့သည်ဟု သိရသည်။ #RNA

CREDIT

===============

ကိုဂျင်မီ နောက်ဆုံးပြောခဲ့တဲ့ စကားလေး … အဲ့လောက်ထိတောင်လား ကိုဂျင်မီရယ် …

“တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ ကိုဂျင်မီက နောက်ဆုံးပြောကြားခဲ့ဟုဆို

“တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ ကိုဂျင်မီက နောက်ဆုံးပြောကြားခဲ့

RNA_ဇူလိုင်၂၄၊၂၀၂၂ ခုနှစ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ်သော် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို ​သေဒဏ်ကျခံထားရပြီး

အာဏာသိမ်းစစ်ကောင်စီက ကြိုးမိန့်ပေး သေဒဏ်ပေးဖို့ ပြင်ဆင်နေတာဖြစ်ပြီး

(၂၄) မှာတော့ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီလို့ ထုတ်ပြန်လာပြီဖြစ်ပါတယ်။

စစ်အာဏာရှင် လက်ပါးစေတွေက ကိုဂျင်မီကို ကြိုးမိန့်မပေးခင်မှာ သရဏဂုံတင်ခိုင်းပါတယ်၊

Red News Agency သတင်းရင်းမြစ်ကနေကြားသိရတာက “ တော်လှန်ရေးအတွက် လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့

နောက်ဆုံးကဂျင်မီက ပြောခဲ့ကြောင်း၊ ကိုဂျင်မီကို ကြိုးမိန့်ပေးရာတွင် တော်တော်နှင့် မပြီးတဲ့အတွက် (၁၂) မိနစ်ကြာမြင့်ခဲ့သည်ဟု

ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက စုံစမ်းသိရှိထားသည်။

ဇူလိုင်လ (၂၁) ရက်နေ့က မိသားစုနဲ့ အင်းစိန်ထောင်မှာ အွန်လိုင်းက တစ်ဆင့် Zoom နှင့် မိနစ်(၂၀) ပေးတွေ့ခဲ့ ပြီးနောက်

(ဇူလိုင် ၂၂ ) ရက်နေ့မှာ ကိုဂျင်မီနှင့်ကိုဇေယျာသော်ကို ကြိုးပေးမှုကို ပြုလုပ်ခဲ့ကြကြောင်း၊ ဇူလိုင် (၂၄)ရက်နံနက်စောစောက

ကိုလှမျိုးအောင်၊ ကိုအောသူရဇော်တို့ကို ကြိုးမိန့်ပေး စီရင်ခဲ့သည်ဟု Red News Agency ၏ သတင်းရင်းမြစ်ထံမှသိရသည်။

“ လူဆိုးတွေကိုတော့ ငါတို့ ဝါတွင်းလည်း သတ်ရမှာပဲ၊ ငါတို့တရားတယ်၊ ဒီကောင်တွေက လူသတ်ကောင်တွေ ငါတို့ဝိနည်းနဲ့ညီတယ်” ဆိုတာမျိုးထိ

ထောင်ဝန်ထမ်းတွေက ပြောကြားပြီး ကြိုးမိန့်ပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း အင်းစိန်ထောင်မှာ ဗျူဟာမှူးအဆင့်က ဦးဆောင်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ရင်းအလိုက် ရောက်ရှိနေတယ်ဆိုတဲ့ သတင်းကို

Red News Agency ကတင်ပြခဲ့သည့် ဇူလိုင်၂၃ ရက်နေ့ကတည်းက ညပိုင်းမှာ သေဒဏ်စတင်စီရင်ကြောင်း သိခဲ့ရသော်လည်း

သက်သေအထောက်အထားနှင့်တကွ မရရှိသည့်အတွက် တင်ပြနိုင်ခြင်းမရှိခဲ့ပါ။

ယနေ့အထိ ဒေသဏ်စီရင်ခံရသူများ၏ ရုပ်အလောင်းကို မိသားစုကိုလည်း ထုတ်မပေးသလို ကြိုးမိန့်စီရင်လိုက်ပြီဟုလည်း

တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးကြောင်း၊ မိသားစုက အင်းစိန်ထောင် သွားရောက်စုံစမ်းရာတွင်လည်း

သတင်းစာတွင် ကြေညာထားသည့်အတိုင်း သေဒဏ်ကျခံရမည့် အကျဉ်းသား (၄) ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ

ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း၊ သတင်းစာမှာပါသည့်အတိုင်းဟုသာ ပြောကြားခဲ့သည်ဟု သိရသည်။ #RNA

CREDIT

Leave a Reply

Your email address will not be published. Required fields are marked *