ပြည်တွင်းသတင်း

အကျဉ်းသား ၄ ဦး ကွ-ပ်မျ–က်ခံရမှုသတင်း ပျံ့နှံ့ပြီးနောက် အင်းစိန်ထောင်အတွင်းမှာတော့.seemore

ဧရာဝတီ၊ ဇူလိုင် ၂၅ ၊ ၂၀၂၂

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ပေးပြီးနောက် ယနေ့တွင် အင်းစိန်ထောင်အတွင်း၌ ဆူပူမှု ဖြစ်ပွားပြီး

အကျဉ်းသား တချို့ကို ထောင်အာဏာပိုင်များက ရိုက်နှက်မှု ပြုလုပ်လျက်ရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံ သိရသည်။

နိုင်ငံရေး အကျဉ်းသား ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့အား သေဒဏ်ပြစ်ဒဏ်စီရင်ပြီး ဖြစ်သည့်သတင်းမှာ မှန်ကန်သည်ဟု

အင်းစိန်ထောင် ဒုထောင်ပိုင်က မိသားစုများကို အတည် ပြုခဲ့ပြီး ရုပ်အလောင်းများကို ထုတ်မပေးနိုင်ကြောင်းလည်း မိသားစုဝင်များကို ယနေ့ မနက်တွင် ပြောကြား လိုက်သည်။

ထို့နောက် ထောင်တွင်း ဆူပူမှု ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦး ဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

“အခုတော့ ထောင်တွင်း အရေးယူမှုတွေ စလုပ်နေပြီ။ ရိုက်မယ်၊ နှက်မယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်တာ ပေါ့။

ဒါက သေဒဏ်ကိစ္စရဲ့ အကျိုးဆက်ပဲ။ အတွင်းမှာလည်း ဒါမျိုးသပိတ်တွေ ဆက်တိုက်ဖြစ်မှာ။

အပြင်မှာလည်း ပြည်သူ့ ခုခံတော်လှန်ရေး အင်အားစု အရေးတော်ပုံ တပ်သားက အခု စပြီးတော့ ဆင်နွှဲပြီး အရှိန်အဟုန် မြှင့်လိုက်ပြီလေ” ဟု ၎င်းက ပြောသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် တဦးကလည်း “ကျနော်တို့လည်း ထောင်ဆူတယ်ဆိုတဲ့ သတင်းကို ကြားသိရပါတယ်။

အသေးစိတ်တော့ မသိသေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းမို့” ဟု ဧရာ ဝတီ ကိုပြောသည်။

အင်းစိန်ထောင်တွင်း ဆူပူမှုများနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ဧရာဝတီက ဆက်လက် စုံစမ်းမေးမြန်းမှုများ ပြု လုပ်လျက်ရှိ သည်။

သေဒဏ်စီရင်မှုသတင်း ထောင်တွင်း ပျံ့နှံ့သွားပြီးနောက် နိုင်ငံရေးအကျဉ်းသားများ ရှိရာ သပြေဆောင်မှစ၍ ဆန္ဒပြရာ ထောင်ဝန်ထမ်းများက ရိုက်နှက်ကြသည်ဟု သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်နှင့်

အခြားနှစ်ဦး ကွပ်မျက်ခံရမှုကို မကျေနပ်၍ ယနေ့ (ဇူလိုင် ၂၅) နံနက်က အင်းစိန်အကျဉ်းထောင်တွင်

ဆန္ဒပြကြသူများ ရိုက်နှက် တိုက်ပိတ်ခံရသည်ဟု ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

သေဒဏ်ကျအကျဉ်းသားတို့ကို ကွပ်မျက်သည့် သတင်းများ အင်းစိန်ထောင်အတွင်း ပျံ့နှံ့ခဲ့ပြီး

နိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စစ်တပ်အရာရှိတစ်ယောက် ရောက်နေတယ် ကြားတယ်။ တိုက်ထဲက ဆူတဲ့သူတွေကို ဆွဲထုတ်ပြီး သူ့ရှေ့မှာတင် ရိုက်နှက်နေတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

အင်းစိန်ထောင်ရှိ အကျဉ်းထောင်ဝန်ထမ်းများကို ပြင်ပနှင့် အဆက်အသွယ်ဖြတ်ထားပြီး

ထောင်တွင်းအခြေအနေကို အသေးစိတ် သိရှိရန် ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။

“၁၅ယောက်လောက်ရှိမယ် စစ်ခွေး (တိုက်) ကို ပို့ထားတယ်။ ထောင်ကိုလည်း Lockdown (အသွားအလာ ပိတ်ဆို့ကန့်သတ်မှု) ပြန်ချမလားမသိဘူး။

တခြားအဆောင်တွေ မကူးအောင် ထောင်လှန့်ဖို့ Stand by (အသင့်) စောင့်နေကြတယ်၊ မျှော်စင်တွေမှာပါ Stand by ချထားတယ်။

ရုံးထုတ်တွေကို ပြန်သွင်းဖို့လည်း ခက်နေတယ်” ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။

အင်းစိန်ထောင်တွင်း ထောင်ဆူပူမှုအခြေအနေများနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာနကို ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လျှို့ဝှက်ကွပ်မျက်သည့်သတင်း ထောင်တွင်း ပေါက်ကြားသည့်အတွက် စစ်တပ်က မကျေနပ်၍ အင်းစိန်ထောင်သို့ ရောက်ရှိလာပြီး

ထောင်ဝန်ထမ်းများနှင့် နိုင်ငံရေးအကျဉ်းသားများကို စစ်ဆေးခဲ့ရာမှ ထောင်ဆူပူမှု စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း

အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ ထောင်ကို Lockdown ချထားတဲ့အတွက် တရားရုံးကြားနာဖို့ အပြင်ထွက်သွားတဲ့ အထဲက အကျဉ်းသားတွေက ထောင်ထဲ ပြန်ဝင်လာလို့ မရသေးဘူး။

ဘယ်လိုလုပ်မလဲတော့ မသိဘူး” ဟု ၎င်းက ဆက်ပြောသည်။ယမန်နှစ်ကတည်း ဖမ်းဆီးခံထားရပြီး ဦးဂျင်မီ၊ ဦးဖြိုးဇေယျောသော်နှင့် ကျန်နှစ်ဦးကို သေဒဏ်စီရင်ပြီးကြောင်း

စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင် ယနေ့ (ဇူလိုင် ၂၅) တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

သေဒဏ်ပေးပြီးဖြစ်သော ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦး၏ ရုပ်အလောင်းများကို ထုတ်မပေးနိုင်ကြောင်း

ထောင်အာဏာပိုင်က မိသားစုဝင်များကို ယနေ့မနက်တွင် ပြောဆိုခဲ့သည်။

အင်းစိန်ထောင်အာဏာပိုင်တို့သည် နိုင်/ကျဉ်းများကို ပစ်မှတ်ထားကာ နည်းမျိုးစုံဖြင့် ဖိနှိပ်နေပြီး အခက်အခဲများကို ဖြေရှင်းပေးရန် တောင်းဆိုသည့်

ထောင်တွင်းဆန္ဒပြပွဲများကို အကြမ်းဖက် ရိုက်နှက်ခြင်းဖြင့်သာ ဖြေရှင်းလေ့ရှိသည်။

ဇူလိုင် ၁၈ က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဥက္ကဋ္ဌ ကျောင်းသားခေါင်းဆောင် ကိုခန့်သူအောင်ကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့သည်။

ထိုနေ့မှာပင် အာဇာနည်နေ့အထိမ်းအမှတ် ဂါရဝပြုရန် ခွင့်တောင်းခဲ့သည့် ကိုဖြိုးထူးအောင်နှင့် ကိုဟိန်းထက်အောင်တို့ နှစ်ဦး အပြင်းအထန် ရိုက်နှက်ခံရပြီး

တစ်ဦး တိုက်ပိတ်ခံရကာ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ပြီး ဆေးကုသနေရသည်။

စစ်ကောင်စီက ဖမ်းဆီးထားသူ ၁၁၇၅၉ ဦးအထိ ရှိနေပြီး ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ ၁၁၇ ဦးအထိ ရှိနေပြီဖြစ်ကြောင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၂၂ တွင် ထုတ်ပြန်ထားသည်။ source-မြန်မာနောင်း

Credit

Leave a Reply

Your email address will not be published. Required fields are marked *