ၾကားသိရသမွ်

ကိုျဖိဳးေဇယ်ာေသာ္နဲ႔ပတ္သက္ျပီး အဆိုေတာ္ ရန္ရန္ခ်မ္းေျပာျပီ

ပရိသတ်ကြီးရေ The Voice Myanmar မှာဒိုင်အဖြစ်ပါဝင်ခဲ့ပြီးတော့ ဟစ်ဟော့ပ်လောကမှာ နာမည်ကြီးလူသိများတဲ့ အဆိုတော် ရန်ရန်ချမ်း ကိုတော့ အားလုံးပဲသိကြမှာပါပဲနော်။

သူကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်။

သူ ကတော့ ရောက်ရှိနေတဲ့နေရာကနေ တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။

အဆိုတော် ရန်ရန်ချမ်း ကတော့ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ ဖြိုးဇေယျာသော်အကြောင်းကို ပြောပြခဲ့တဲ့ သတင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

မောင်ကျော်(ဇေယျာသော်) နဲ့ကငယ်ငယ်ထဲကတစ်လမ်းထဲတစ်ကျောင်းထဲဒါမဲ့ဒီကောင်ကနှစ်တန်းငယ်တယ် ကိုယ်ကရွယ်တူတွေနဲ့လည်းပေါင်းသလိုဒီကောင်တွေအတန်းကကောင်တွေနဲ့လည်းပေါင်းတယ်။

အဲ့ခေတ်ကကျောင်းပြေးတာတွေခေတ်စားပေမဲ့ကျွန်တော်တို့ကျောင်းမပြေးခဲ့ဖူးဘူးဘာလို့ဆိုအိမ်ကနေလမ်းကူးရင်ကျောင်း ကျောင်းကနေလမ်းကူးရင်အိမ်ဆိုတော့

ပိုဆိုးတာကကျောင်းကိုစောင့်ရှောက်ရတဲ့တစ်မိသားစုလုံးနဲ့ကတစ်လမ်းထဲသားတွေလိုဖြစ်နေတော့ကိုယ်တွေအတွက်ကပင်ပန်းခံပြီးကျောင်းခြံစည်းရိုးကိုပုဆိုးအပြဲခံပြီးခွကျော်စရာမလိုဘူးတံခါးလေးဖွင့်ပြီးထွက်လာရုံပဲ

အဲ့တော့ကျောင်းပိတ်ရက်တို့ဘာတို့ဆိုကိုယ့်‌ေဘာ်တာတွေရော ဒီကောင့်ဘော်ဒါတွေရောနဲ့ချိန်းပြီး ရင်ပြင်တို့ဘာတို့မှာရေကူးတာတို့တစ်ခါတစ်လေတိရစ္ဆာန်ရုံတို့ဘာတို့‌ေလှျာက်ဂျလန်းကြတာပေါ့…..

တစ်ခေါက် တိရစ္ဆာန်ရုံသွားကြတဲ့အခေါက်ကပေါ့ (ဒီနေရာမှာစကားပုလ္လင်ခံချင်တာကကိုယ့်ကောင်ရဲ့မင်းမလုပ်ရဲပါဘူးကွာဆိုရင်ကြံရည်ကြိတ်စက်ထဲတောင်လက်ထဲ့မဲ့ကောင်ဆိုတာကိုပဲ) အကောင်ပလောင်တွေကြည့်တာနည်းနည်း

နောက်ကြပြောင်ကြခွီကြတာများများဘရုတ်လျှောက်လုပ်ကြလို့အပြီး ကျားရုံတို့ခြင်္သေ့ရုံတို့အရှေ့အရောက်မှာဘယ်ကောင်ကစကြပ်လိုက်လည်းမသိဘူး

ခြင်္သေ့နှုတ်ခမ်းမွှေးဘယ်ကောင်နှုတ်ရဲလည်းဆိုတဲ့တော်တော်လေးပြသာနာရှာတဲ့စိန်ခေါ်မှုကိုလုပ်လိုက်ပါလေရော (ခင်ဗျားတို့သားတွေဆယ်ကျော်သက်အရွယ်zooတွေဘာတွေသွားမယ်ဆိုသတိထားရအောင်ပါ)…..

ဘယ်ကောင်လက်ညှိုး‌ေထာင်လိုက်မယ်ဆိုတာကြိုပြောစရာမလိုအောင်သိပြီးသားပဲဟုတ် ဟုတ်တယ်ခင်ဗျားတို့ထင်တဲ့ကောင်ပဲငါလုပ်ရဲတယ်ဆိုပြီးလက်သီးလက်မောင်းတန်းတော့တာပဲ…..

ခြင်္သေ့လှောင်အိမ်ဆိုတာကသံတိုင်တွေနဲ့ထားတဲ့အပြင်သံတိုင်အတားနောက်တစ်ခုရှေ့မှာထားထားတာမျိုး အဲ့တုန်းကခြင်္သေ့ကလှောင်အိမ်ဒေါင့်အုတ်နဲ့သံတိုင်နားမှာဝါးဒီးပေးပြီးငိုက်နေတဲ့အချိန်

သံတိုင်အတားနဲ့သံလှောင်အိမ်ကြားဝင်ရင်‌ရုပ်ပေါက်မှာဆိုးတာ‌ေရာလူကိုမြင်ရင်နိုးလာမှာ‌ေရာဆိုးတာနဲ့အုတ်ကာနဲ့သံလှောင်အိမ်ဒေါင့်ကနေသူနှိုက်မယ်ပေါ့ ဒါမဲ့လှမ်းနှိုက်ဖို့ကမြင်တစ်ချက်မမြင်တစ်ချက်ဆုိ‌ေတာ့စွန့်စားခန်းကစပြီ…..

သူလက်ချီပဲနှိုက်မယ်ဘေးကကောင်တွေက‌ off-road rallyမောင်းရင်ဘေးကမြေပုံပြောပေးတဲ့သူတွေလိုပြောပေးတယ် ဟေ့ကောင်ဘယ်ဘက်နည်းနည်းရွှေ့အပေါ်ဘက်တိုး

ဟုတ်ပြီမိပြီနှုတ်ဘာညာအော်ပေးကြတာ တော်သေးတယ်ခြင်္သေ့ပါးစပ်ထဲလက်မပါသွားသလို ခြင်္သေ့နှုတ်ခမ်မွှေးလည်းသူ့လက်ထဲမပါခဲ့ဘူး ” လို့ ရန်ရန်ချမ်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

Crd

ZAWGYI

ၿဖိဳးေဇယ်ာေသာ္ ရဲ႕ ငယ္ဘဝအေၾကာင္းကို ေျပာျပခဲ့တဲ့ သူငယ္ခ်င္းျဖစ္သူ အဆိုေတာ္ ရန္ရန္ခ်မ္း

ပရိသတ္ႀကီးေရ The Voice Myanmar မွာဒိုင္အျဖစ္ပါဝင္ခဲ့ၿပီးေတာ့ ဟစ္ေဟာ့ပ္ေလာကမွာ နာမည္ႀကီးလူသိမ်ားတဲ့ အဆိုေတာ္ ရန္ရန္ခ်မ္း ကိုေတာ့ အားလုံးပဲသိၾကမွာပါပဲေနာ္။

သူကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူပူးေပါင္းပါဝင္ခဲ့တဲ့ အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။

ဒါေၾကာင့္ ရန္ရန္ခ်မ္း ကိုေတာ့ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရၿပီးေနာက္ ထြက္ေျပးတိမ္းေရွာင္ေနတာပဲျဖစ္ပါတယ္။

သူ ကေတာ့ ေရာက္ရွိေနတဲ့ေနရာကေန ေတာ္လွန္ေရးအတြက္ က်ရာတာဝန္ေတြကို ထမ္းေဆာင္ေနတာလဲ ျဖစ္ပါတယ္။

အဆိုေတာ္ ရန္ရန္ခ်မ္း ကေတာ့ ငယ္သူငယ္ခ်င္းေတြျဖစ္တဲ့ ၿဖိဳးေဇယ်ာေသာ္အေၾကာင္းကို ေျပာျပခဲ့တဲ့ သတင္းေလးကို ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

ေမာင္ေက်ာ္(ေဇယ်ာေသာ္) နဲ႔ကငယ္ငယ္ထဲကတစ္လမ္းထဲတစ္ေက်ာင္းထဲဒါမဲ့ဒီေကာင္ကႏွစ္တန္းငယ္တယ္ ကိုယ္က႐ြယ္တူေတြနဲ႔လည္းေပါင္းသလိုဒီေကာင္ေတြအတန္းကေကာင္ေတြနဲ႔လည္းေပါင္းတယ္။

အဲ့ေခတ္ကေက်ာင္းေျပးတာေတြေခတ္စားေပမဲ့ကြၽန္ေတာ္တို႔ေက်ာင္းမေျပးခဲ့ဖူးဘူးဘာလို႔ဆိုအိမ္ကေနလမ္းကူးရင္ေက်ာင္း ေက်ာင္းကေနလမ္းကူးရင္အိမ္ဆိုေတာ့

ပိုဆိုးတာကေက်ာင္းကိုေစာင့္ေရွာက္ရတဲ့တစ္မိသားစုလုံးနဲ႔ကတစ္လမ္းထဲသားေတြလိုျဖစ္ေနေတာ့ကိုယ္ေတြအတြက္ကပင္ပန္းခံၿပီးေက်ာင္းၿခံစည္း႐ိုးကိုပုဆိုးအၿပဲခံၿပီးခြေက်ာ္စရာမလိုဘူးတံခါးေလးဖြင့္ၿပီးထြက္လာ႐ုံပဲ

အဲ့ေတာ့ေက်ာင္းပိတ္ရက္တို႔ဘာတို႔ဆိုကိုယ့္‌ေဘာ္တာေတြေရာ ဒီေကာင့္ေဘာ္ဒါေတြေရာနဲ႔ခ်ိန္းၿပီး ရင္ျပင္တို႔ဘာတို႔မွာေရကူးတာတို႔တစ္ခါတစ္ေလတိရစာၦန္႐ုံတို႔ဘာတို႔‌ေလွ်ာက္ဂ်လန္းၾကတာေပါ့…..

တစ္ေခါက္ တိရစာၦန္႐ုံသြားၾကတဲ့အေခါက္ကေပါ့ (ဒီေနရာမွာစကားပုလႅင္ခံခ်င္တာကကိုယ့္ေကာင္ရဲ႕မင္းမလုပ္ရဲပါဘူးကြာဆိုရင္ႀကံရည္ႀကိတ္စက္ထဲေတာင္လက္ထဲ့မဲ့ေကာင္ဆိုတာကိုပဲ) အေကာင္ပေလာင္ေတြၾကည့္တာနည္းနည္း

ေနာက္ၾကေျပာင္ၾကခြီၾကတာမ်ားမ်ားဘ႐ုတ္ေလွ်ာက္လုပ္ၾကလို႔အၿပီး က်ား႐ုံတို႔ျခေသၤ့႐ုံတို႔အေရွ႕အေရာက္မွာဘယ္ေကာင္ကစၾကပ္လိုက္လည္းမသိဘူး

ျခေသၤ့ႏႈတ္ခမ္းေမႊးဘယ္ေကာင္ႏႈတ္ရဲလည္းဆိုတဲ့ေတာ္ေတာ္ေလးျပသာနာရွာတဲ့စိန္ေခၚမႈကိုလုပ္လိုက္ပါေလေရာ (ခင္ဗ်ားတို႔သားေတြဆယ္ေက်ာ္သက္အ႐ြယ္zooေတြဘာေတြသြားမယ္ဆိုသတိထားရေအာင္ပါ)…..

ဘယ္ေကာင္လက္ညႇိဳး‌ေထာင္လိုက္မယ္ဆိုတာႀကိဳေျပာစရာမလိုေအာင္သိၿပီးသားပဲဟုတ္ ဟုတ္တယ္ခင္ဗ်ားတို႔ထင္တဲ့ေကာင္ပဲငါလုပ္ရဲတယ္ဆိုၿပီးလက္သီးလက္ေမာင္းတန္းေတာ့တာပဲ…..

ျခေသၤ့ေလွာင္အိမ္ဆိုတာကသံတိုင္ေတြနဲ႔ထားတဲ့အျပင္သံတိုင္အတားေနာက္တစ္ခုေရွ႕မွာထားထားတာမ်ိဳး အဲ့တုန္းကျခေသၤ့ကေလွာင္အိမ္ေဒါင့္အုတ္နဲ႔သံတိုင္နားမွာဝါးဒီးေပးၿပီးငိုက္ေနတဲ့အခ်ိန္

သံတိုင္အတားနဲ႔သံေလွာင္အိမ္ၾကားဝင္ရင္‌႐ုပ္ေပါက္မွာဆိုးတာ‌ေရာလူကိုျမင္ရင္ႏိုးလာမွာ‌ေရာဆိုးတာနဲ႔အုတ္ကာနဲ႔သံေလွာင္အိမ္ေဒါင့္ကေနသူႏႈိက္မယ္ေပါ့ ဒါမဲ့လွမ္းႏႈိက္ဖို႔ကျမင္တစ္ခ်က္မျမင္တစ္ခ်က္ဆုိ‌ေတာ့စြန႔္စားခန္းကစၿပီ…..

သူလက္ခ်ီပဲႏႈိက္မယ္ေဘးကေကာင္ေတြက‌ off-road rallyေမာင္းရင္ေဘးကေျမပုံေျပာေပးတဲ့သူေတြလိုေျပာေပးတယ္ ေဟ့ေကာင္ဘယ္ဘက္နည္းနည္းေ႐ႊ႕အေပၚဘက္တိုး

ဟုတ္ၿပီမိၿပီႏႈတ္ဘာညာေအာ္ေပးၾကတာ ေတာ္ေသးတယ္ျခေသၤ့ပါးစပ္ထဲလက္မပါသြားသလို ျခေသၤ့ႏႈတ္ခမ္ေမႊးလည္းသူ႔လက္ထဲမပါခဲ့ဘူး ” လို႔ ရန္ရန္ခ်မ္း ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *