အေထြအေထြဗဟုသုတ

သနပ်ခါးလိမ်းတဲ့ မိန်းခလေးတိုင်း သိဖို့ အရေးကြီးတဲ့ အချက်လေးတွေ
















Photo Credit to Owners

Unicode

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ်

သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး တုံးသွေးထည့်လိုက်တာပဲ အဲသလိုလုပ်လို့မရပါဘူး

ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်

ပထမဦးဆုံးအသုံးမပြုခင်မှာဝယ်လာတဲ့ကျောက်ပျဉ် ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါ

နောက်တစ်ရက်မှာနနွန်းတက်နဲ့ဆီ+ဆားနဲ့ကို သွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ်

ဆီခြောက်တော့မှသနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ်

ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့

ကဲ ကျောက်ပျဉ်အသစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့

မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့

ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲ မိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာ မှာထားပြီးသွေးရမယ်တဲ့

သနပ်ခါး ကိုအားစိုက်သွေးနေရတော့ လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမယ့် နှစ်နဲ့ချီပြီးနေ့စဉ် သွေးနေရတော့ လက်မောင်းကြွက်သွားတွေကပိုပြီးသန်မာတယ်

ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့၊ ဘယ်ညာတော့လှည့်သွေးပေါ့တဲ့

ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ်…။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners

Leave a Reply

Your email address will not be published. Required fields are marked *