ၾကားသိရသမွ်

မြန်မာနိုင်ငံမှာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ချီဖို့ စီစဉ်နေတဲ့ အီလွန်မတ်စ်

မြန်မာနိုင်ငံမှာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ချိဖို့ စီစဉ်နေတဲ့ အီလွန်မတ်စ်

မြန်မာအပါအဝင် အရှေ့တောင်အာရှဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

သူဌေးကြီး အီလွန်မတ်စ်ပိုင် Starlink ဂြိုလ်တု အခြေပြု အင်တာနက် ဝန်ဆောင်မှုဟာ လာမယ့်နှစ်က စပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှ ဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။

SpaceX အာကာသကုမ္ပဏီရဲ့ Starlink ဂြိုလ်တု အင်တာနက်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကပဲ ဖိလစ်ပိုင်နိုင်ငံ တယ်လီကွန်းဆက်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချရထားတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ Starlink ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို ပထမဆုံး ရယူနိုင်တဲ့ နိုင်ငံ ဖြစ်လာတော့မှာပါ။

ကုမ္ပဏီအနေနဲ့ Starlink ဝန်ဆောင်မှုကို အရှေ့တောင်အာရှ ဈေးကွက်နေရာတွေမှာ တိုးချဲ့ ဖြန့်ကြက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်ကုမ္ပဏီဟာ ၂၀၂၃ ဝန်းကျင်လောက်မှာ အင်ဒိုနီးရှား ၊ မေလးရွား ၊ ဗီယက်နမ်နဲ့ မြန်မာတို့မှာ ဝန်ဆောင်မှု ဖြန့်ကြက်သွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ဂြိုလ်တုအခြေပြု မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုဟာ လအနည်းငယ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဂြိုလ်တု အင်တာနက်ဟာ ကျွန်းအမြောက်အများနဲ့ ဖွဲ့စည်းထားတဲ့ ဒေသတွေမှာ သိသာတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ကျွန်းစု ၇၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး အင်ဒိုနီးရှားမှာဆို ကျွန်းပေါင်း ၁၆၀၀၀ ကျော် ရှိပါတယ်။ ဂြိုလ်တု အင်တာနက်ဟာ သမရိုးကျ အင်တာနက် ဝန်ဆောင်မှု လက်လှမ်းမမှီတဲ့ အစွန်အဖျားဒေသတွေနဲ့ ဝေးခေါင်လှတဲ့ ကျွန်းစုတွေမှာ အင်တာနက် ချိတ်ဆက်မှု လြယ္ကူ အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုဟာ မြေအောက်ပင်လယ်ကေဘယ်ဆက်ကြောင်းတွေထက် ချိတ်ဆက်ရလည်း ပိုပြီး လွယ်ကူမယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် ဇန္နဝါရီလမွာ ဖြစ်ပွားခဲ့တဲ့ တွန်ဂါကျွန်းစု မီးလောင်ပေါက်ကွဲမှုကြောင့် ကေဘယ်လိုင်းတွေ ပျက်စီးပြီး ဆက်သွယ်ရေးကွန်ရက်တွေ ပြတ်တောက်သွားချိန်မှာ Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုကြောင့် တွန်ဂါနိုင်ငံဟာ အင်တာနက်ချိတ်ဆက်မှု ပြန်ရခဲ့တဲ့ အတွေ့အကြုံကို ပြန်ညွှန်းနိုင်ပါတယ်။

Starlink ဂြိုလ်တု အင်တာနက်ဟာ Download Speed အနေနဲ့ 100Mbps ကေန 200Mbps အထိ ထွက်တာကြောင့် တွန်ဂါရဲ့ ပုံမှန် အင်တာနက် ဝန်ဆောင်မှုထက် အများကြီး မြန်ဆန်မှု ရှိခဲ့ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အွန်လိုင်း အသုံးအမ်ားဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက အင်တာနက်သုံးသူတွေဟာ ပျမ်းမျှ တစ်ရက်ကို ၁၀ နာရီ နဲ့ ၈ နာရီခြဲစီ ရှိကြပြီး ဒါဟာ တစ်ကမ္ဘာလုံး ပျမ်းမျှအင်တာနက်သုံးစွဲချိန် ၇ နာရီထက္ကို များနေတာ ဖြစ်တယ်လို့လည်း ယူကေသုတေသနကုမ္ပဏီ We Are Social က ဖော်ပြပါတယ်။

မိုဘိုင်းလ်ထုတ်ကုန်တွေရဲ့ Download Speed အနေနဲ့ ဧပြီလထဲမှာ အင်ဒိုနီးရှားဟာ 17.96Mbps နဲ့ ကမ္ဘာ့အဆင့် ၁၀၀ မွာ ရှိပြီး ဖိလစ်ပိုင်ကတော့ 19.45Mbps နှုန်းနဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၁၄၂ နိုင်ငံစာရင်းမှာ အဆင့် ၉၅ နေရာက ရပ်တည်နေပါတယ်။

ဖိလစ်ပိုင်အင်တာနက်သုံးစွဲသူတွေဟာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု သုံးဖို့ စိတ်အားထက်သန်မှု ရှိပေမယ့် Starlink ဝန်ဆောင်မှု Plan တွေက အတော်လေး ဈေးမြောက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ Starlink ဝန်ဆောင်မှု Plan တွေဟာ တစ္လစာဟာ ဒေါ်လာ ၁၁၀ ကေန ဒေါ်လာ ၅၀၀ အထိ ရှိနေပါတယ်။ ဖိလစ်ပိုင်ရဲ့ မိုဘိုင်းအင်တာနက် Plan တချို့ကတော့ ရက် ၃၀ ဒေတာ 24GB အတွက် ဖိလစ်ပိုင်ပီဆို ၃၀၀ (မြန်မာငွေ ၁ သောင်းကျော်) နဲ့ အောက် ဈေးနဲ့ပဲ ရောင်းချနေတာ ဖြစ်ပါတယ်။

ဈေးနှုန်းကြီးမြင့်တာကြောင့် Starlink ဂြိုလ်တုအင်တာနက်ကို ကုမ္ပဏီတွေနဲ့ အစိုးရအေဂျင်စီတွေပဲ အမ်ားဆုံး အသုံးပြုမယ်လို့ ယူဆရပါတယ်။

ဆက်စပ်အကြောင်းအရာများ

Credit

Leave a Reply

Your email address will not be published. Required fields are marked *