အေထြအေထြဗဟုသုတ

ကၽြမ္းက်င္မႈနဲ႔ အေတြ႕အၾကဳံက ေစ်းႀကီးပါတယ္

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။မည်သူမျှ မပြုပြင်နိုင်ကြ။ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေအောက်အထိ သေသေချာချာစစ်ဆေးသည်။အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်နေရာကို ကို ညင်သာစွာ ခေါက်လိုက်သည်။ မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။ အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 – တစ်သောင်း ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

“ဘယ်လို….?” ဟု ပိုင်ရှင်က မကြေမနပ်နှင့် မေးသည်။ “မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူ။ ငါ့ကို အသေးစိတ် ဘေလ်ရေးပေးပါ။”

စက်ပြင်ဆရာကဘေလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..

တူဖြင့် ခေါက်ခက- $2 နှစ်ဒေါ်လာ။

ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ အတွက် ပညာကြေးက – $9,998 ( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ…..

တစ်ခါတလေမှာ – “လွယ်လွယ်လေး ” နဲ့ “ဒါလေးပဲဟာ” ဆိုတဲ့ စကားလုံးတွေကို ဘေးဖယ်ထားသင့်ပါတယ်။ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မူရရန် အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျင်၊ ဤကဲ့သို့ မိနစ် 30 နဲ့ ပြီးသွားအောင် 10 နှစ်လောက် အချိန်ပေး လေ့လာ သင်ယူခဲ့ရခြင်းဖြစ်သည်။

ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့ ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဈေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့ လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

Credit

Zawgyi

ဧရာမသေဘၤာႀကီး၏ အင္ဂ်င္ပ်က္သြားသည္။မည္သူမၽွ မျပဳျပင္နိုင္ၾက။ထို႔ေၾကာင့္ အေတြ႕အၾကဳံ ႏွစ္ ၄၀ ေက်ာ္ရွိေသာ စက္ျပင္အင္ဂ်င္နီယာထံ ပို႔လိုက္ၾကေလသည္။

စက္ျပင္ဆရာက အင္ဂ်င္ကို အေပၚကေနေအာက္အထိ ေသေသခ်ာခ်ာစစ္ေဆးသည္။အားလုံးကိုစစ္ၿပီးေနာက္ အင္ဂ်င္နီယာသည္ အိတ္ထဲမွ တူေလးတစ္ေခ်ာင္းကို ဆြဲထုတ္လိုက္သည္။

အင္ဂ်င္စက္ တစ္ေနရာကို ကို ညင္သာစြာ ေခါက္လိုက္သည္။ မၾကာခင္မွာ အင္ဂ်င္ျပန္အသက္ဝင္လာသည္။ အားလုံးေကာင္းသြားေလၿပီ။

အင္ဂ်င္နီယာက ဧရာမသေဘၤာႀကီးကို ျပဳျပင္ရန္ စုစုေပါင္းကုန္က်စရိတ္မွာ ေဒၚလာ 10,000 – တစ္ေသာင္း ျဖစ္ေၾကာင္း ပိုင္ရွင္ကို ေျပာၾကားခဲ့ပါသည္။

“ဘယ္လို….?” ဟု ပိုင္ရွင္က မေၾကမနပ္ႏွင့္ ေမးသည္။ “မင္း ဘာမွ ျပင္ရတာလဲမဟုတ္ဘူ။ ငါ့ကို အေသးစိတ္ ေဘလ္ေရးေပးပါ။”

စက္ျပင္ဆရာကေဘလ္ထဲမွာ ဤကဲ့သို႔ ေရးလိုက္ပါတယ္..

တူျဖင့္ ေခါက္ခက- $2 ႏွစ္ေဒၚလာ။

ဘယ္ေနရာကိုေခါက္ရမယ္ ႏွင့္ ဘယ္ႏွစ္ခ်က္ ေခါက္ရမယ္ဆိုတာ အတြက္ ပညာေၾကးက – $9,998 ( ကိုးေထာင္ကိုးရာကိုးဆယ့္ရွစ္ေဒၚလာ ) ဟူ၍ျဖစ္သည္။

သတိျပဳစရာ…..

တစ္ခါတေလမွာ – “လြယ္လြယ္ေလး ” နဲ႔ “ဒါေလးပဲဟာ” ဆိုတဲ့ စကားလုံးေတြကို ေဘးဖယ္ထားသင့္ပါတယ္။ပညာရွင္တေယာက္ဟာ အေတြ႕အၾကဳံႏွင့္ ကၽြမ္းက်င္မူရရန္ အမ်ားႀကီး ႀကိဳးစားခဲ့ရပါတယ္။

(အလုပ္တစ္ခုကို မိနစ္ 30 ႏွင့္ ၿပီးလ်င္၊ ဤကဲ့သို႔ မိနစ္ 30 နဲ႔ ၿပီးသြားေအာင္ 10 ႏွစ္ေလာက္ အခ်ိန္ေပး ေလ့လာ သင္ယူခဲ့ရျခင္းျဖစ္သည္။

ဒါေၾကာင့္ေပးရတဲ့လုပ္ခဟာ ဆယ္ႏွစ္ ေလာက္ေလ့လာခဲ့ရတဲ့ ပညာေၾကးပါ။မိနစ္ 30 ရဲ့ ၾကာခ်ိန္ အတြက္မဟုတ္ပါဘူး။ )

ကၽြမ္းက်င္မႈနဲ႔ အေတြ႕အၾကဳံက ေဈးႀကီးပါတယ္။

ကံမေကာင္းစြာပဲ၊ ကၽြန္ေတာ္တို႔ဟာ အခုခ်ိန္ထိ လူတေယာက္ရဲ့ လုပ္အားခကို ၾကာခ်ိန္နဲ႔ တြက္ဆေနၾကတုန္းပါပဲ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *