သရက္အေခါက္တြင္း သပ္ထိုး ကိုင္းကူးနည္း
ဝါသနာရွင္မ်ား ေတာင္းဆိုထားလို႔ သရက္အေခါက္တြင္း သပ္ထိုးကိုင္းကူးနည္းေလး တင္ေပးလိုက္ပါတယ္။ ဒီနည္းအတိုင္း သရက္ပင္မွ မဟုတ္ပဲ အျခားအပင္မ်ားကိုလည္း ျပဳလုပ္နိုင္ပါတယ္
– ကိုင္းကူးကိုင္းဆက္တဲ့အခါ အသုံးျပဳမဲ့ ဓား Grafting knife တို႔ လႊစသည့္ အသုံးအေဆာင္မ်ားကို ပိုးသတ္ေပးပါ
အရက္ပ်ံ (Methylated spirit)အသုံးျပဳနိုင္သည္။ ကိုင္းဆက္မည့္သူရဲ့ လက္ကိုလည္း အရက္ပ်ံနဲ႔ ေဆးေပးပါ
– ေအာက္ခံပင္(Stock)ကို ေျမျပင္မွ (၂) ေပခ်န္ၿပီး လႊနဲ႔ မ်က္ႏွာျပင္ ညီညာမႈရွိေအာင္ ဖ်က္ေပးထားပါ
– ေအာက္ခံပင္ မ်က္ႏွာျပင္ကို ဓားျဖင့္ ညီညာေအာင္ ထပ္မံသေပးပါ
– ေအာက္ခံပင္ကို ေထာင္လိုက္ဓားခ်က္ အေခါက္ကို ၁ လက္မခြဲ အနက္ထားၿပီး ဖိခ်ေပးပါ
– မ်ိဳးကိုင္း(Scion) ကို သပ္ပုံစံ တစ္လက္မခြဲ လွီးဖ်က္ထားပါ
– ေအာက္ခံပင္မွ အေခါက္ကို ဓားအၿမီး( bark remover) ျဖင့္ ဟေပးထားပါ
– မ်ိဳးကိုင္းကို ေအာက္ခံပင္ အေခါက္နဲ႔ အသားတိုးလႊာအတြင္းအလိုက္သင့္ ဖိထိုးသြင္းေပးပါ
– တပင္ကို မ်ိဳးကိုင္း ႏွစ္တက္၊ သုံးတက္အထိ ထည့္ေပးနိုင္သည္။ ၿပီးပါက ေအာက္ခံပင္ကိုတိပ္ျဖင့္စည္းေပးပါ။ ၿပီးမ်ိဳးကိုင္းေတြကို တပ္စျဖင့္ ပတ္ေပးပါ
ကိုင္းဆက္ထားေသာ မ်ိဳးကိုင္းမ်ားကို ေနေရာင္ျခည္တိုက္ရိုက္မရေအာင္ သတင္းစာစကၠဴျဖင့္ ဖုံးေပးထားပါ
ပုံႏွင့္တကြ ေလ့လာၾကည့္ပါ။ လက္ေတြ႕လုပ္ၾကည့္ပါ။ မရွင္းတာရွိရင္ ေမးျမန္းနိုင္ပါသည္ Agricounsellor (B.Ag.Sc)
သရက်အခေါက်တွင်း သပ်ထိုး ကိုင်းကူးနည်း
ဝါသနာရှင်များ တောင်းဆိုထားလို့ သရက်အခေါက်တွင်း သပ်ထိုးကိုင်းကူးနည်းလေး တင်ပေးလိုက်ပါတယ်။ ဒီနည်းအတိုင်း သရက်ပင်မှ မဟုတ်ပဲ အခြားအပင်များကိုလည်း ပြုလုပ်နိုင်ပါတယ်
– ကိုင်းကူးကိုင်းဆက်တဲ့အခါ အသုံးပြုမဲ့ ဓား (Grafting knife)တို့ လွှစသည့် အသုံးအဆောင်များကို ပိုးသတ်ပေးပါ
အရက်ပျံ (Methylated spirit)အသုံးပြုနိုင်သည်။ ကိုင်းဆက်မည့်သူရဲ့ လက်ကိုလည်း အရက်ပျံနဲ့ ဆေးပေးပါ
– အောက်ခံပင်(Stock)ကို မြေပြင်မှ (၂) ပေချန်ပြီး လွှနဲ့ မျက်နှာပြင် ညီညာမှုရှိအောင် ဖျက်ပေးထားပါ
– အောက်ခံပင် မျက်နှာပြင်ကို ဓားဖြင့် ညီညာအောင် ထပ်မံသပေးပါ
– အောက်ခံပင်ကို ထောင်လိုက်ဓားချက် အခေါက်ကို ၁ လက်မခွဲ အနက်ထားပြီး ဖိချပေးပါ
– မျိုးကိုင်း(Scion) ကို သပ်ပုံစံ တစ်လက်မခွဲ လှီးဖျက်ထားပါ
– အောက်ခံပင်မှ အခေါက်ကို ဓားအမြီး( bark remover) ဖြင့် ဟပေးထားပါ
– မျိုးကိုင်းကို အောက်ခံပင် အခေါက်နဲ့ အသားတိုးလွှာအတွင်းအလိုက်သင့် ဖိထိုးသွင်းပေးပါ
– တပင်ကို မျိုးကိုင်း နှစ်တက်၊ သုံးတက်အထိ ထည့်ပေးနိုင်သည်။ ပြီးပါက အောက်ခံပင်ကိုတိပ်ဖြင့်စည်းပေးပါ။ ပြီးမျိုးကိုင်းတွေကို တပ်စဖြင့် ပတ်ပေးပါ
ကိုင်းဆက်ထားသော မျိုးကိုင်းများကို နေရောင်ခြည်တိုက်ရိုက်မရအောင် သတင်းစာစက္ကူဖြင့် ဖုံးပေးထားပါ
ပုံနှင့်တကွ လေ့လာကြည့်ပါ။ လက်တွေ့လုပ်ကြည့်ပါ။ မရှင်းတာရှိရင် မေးမြန်းနိုင်ပါသည်။ Agricounsellor (B.Ag.Sc)