အေထြအေထြဗဟုသုတ

ႏြားေရာင္းမည္ ၂,၀၀၀ က်ပ္ ၾကက္ေရာင္းမည္ ၂၀၀,၀၀၀ က်ပ္ဆုိျပီး ေရာင္းခဲ့တဲ့ အဘြားၾကီးရဲ႕ရယ္ရြယ္ခ်က္

ႏြားေရာင္းမည္(၂,၀၀၀)က်ပ္ . ၾကက္ေရာင္းမည္(၂၀၀,၀၀၀)က်ပ္

?ႏြားေရာင္းမည္(၂,၀၀၀)က်ပ္?ၾကက္ေရာင္းမည္(၂၀၀,၀၀၀)က်ပ္ ?မွတ္ခ်က္။ ။ခြဲမေရာင္းပါ?

?တစ္ခါကရြာေလးတစ္ရြာမွာ အဘိုးႀကီးနဲ႔အဘြားႀကီး လင္မယားႏွစ္ေယာက္ ရွိတယ္…

သူတို့မွာ သားသမီးလည္း မရွိရွာဘူးတဲ့…

?တစ္ေန႔ေတာ့ အဘိုးႀကီး အသည္းအသန္ျဖစ္ ေသခါနီးေတာ့ အဘြားႀကီးကို မွာတယ္…?

? ငါ အရင္က ဘာကုသိုလ္ ဘာေကာင္းမွုမွ လုပ္ခဲ့ဖူးတာ မရွိဘူး

ငါေသသြားရင္ ဘဝကူးေကာင္းေအာင္ အိမ္ကႏြားေလးကို ေရာင္းၿပီး တစ္ဝက္ကို ငါ့အတြက္ ရည္စူးၿပီး ကုသိုလ္ ေကာင္းမွု လုပ္ေပးပါ

တစ္ဝက္ကိုေတာ့ ငါမရွိခ်ိန္ နင္ လုပ္ကိုင္စားဖို့ယူေပါ့ …?

?အဘြားႀကီးလည္း စိတ္မေကာင္းစြာ မ်က္ရည္စက္လက္နဲ႔ ေျပာတဲ့အတိုင္း လုပ္ပါမယ္လို့ ကတိေပးလိုက္တယ္…?

?ဒီလိုနဲ႔ အဘိုးႀကီး ေသသြားၿပီး ႏွစ္ရက္ေလာက္ေနေတာ့ အဘြားႀကီးက အဘိုးႀကီး မွာခဲ့တာကို ျပန္ေတြးၿပီး

ကပ္ေစးနည္းစိတ္ ဝင္လာသတဲ့ (ဝင္မွာေပါ့) လူပဲကိုး…?

?ဒီႏြားေလးတစ္ေကာင္ရွိလို့ ငွားစားေနရတာကို ေရာင္းၿပီး တစ္ဝက္ကိုလွူလိုက္ရမယ္ဆိုေတာ့ ငါ့မွာလည္း လုပ္စားစရာကမရွိေတာ့ … ဒုက္ခပဲ …?

?ဒါေပမယ့္ အဘိုးႀကီးကို ေပးခဲ့တဲ့ ကတိကိုလည္း မဖ်က္ခ်င္ဘူး ဒါနဲ႔ ဘယ္လိုလုပ္ရမလဲ အႀကံထုတ္ေနသတဲ့။

ေနာက္ေတာ့ အႀကံရသြားၿပီး အိမ္ေရွ႕မွာဆိုင္းဘုတ္တစ္ခု ေကာက္ေရးၿပီးေထာင္ထားလိုက္တယ္…✍️

? ႏြားတစ္ေကာင္ေရာင္းမည္(၂,၀၀၀)က်ပ္ ၾကက္တစ္ေကာင္ေရာင္းမည္(၂၀၀,၀၀၀)က်ပ္

မွတ္ခ်က္ ။ အတြဲလိုက္သာ ေရာင္းမည္။ (လုံးဝ လုံးဝ) ခြဲမေရာင္းပါ…??

?သူ သတ္မွတ္ထားတဲ့ေစ်းက ေျပာင္းျပန္ႀကီးမို့ ဖတ္မိၾကတဲ့လူေတြ ရယ္ၾကတယ္…။

ဒါေပမယ့္ အဲဒါကို ဖတ္မိၿပီးေစ်းကို သေဘာက်တဲ့ လူတစ္ေယာက္က ေဈးမစစ္ပဲ အတြဲလိုက္ပဲဝယ္သြားသတဲ့…??

?အဲဒီေတာ့မွ အဘြားႀကီးက အဘိုးႀကီးရဲ့ ရက္လည္မွာ ႏြားေရာင္းရေငြ(၂,၀၀၀)က်ပ္ထဲက တစ္ဝက္ကိုခြဲ

၁၀၀၀ဘိုးဆန္ျပဳတ္ ျပဳတ္ၿပီး ဘုန္းႀကီးကိုကပ္လိုက္တယ္ ။

ၾကက္ေရာင္းရေငြ(၂၀၀,၀၀၀)ကိုေတာ့ ႏြားေလးတစ္ေကာင္ျပန္ဝယ္ၿပီး အရင္အတိုင္းပဲ လုပ္ကိုင္စားေနသတဲ့ သူကတိ မပ်က္ခဲ့ဘူးေလ…?

?(မိန္းမဆိုတဲ့အမ်ိဳးက ေခတ္အဆက္ဆက္ ကတည္းက ထက္ျမက္ၿပီး ဉာဏ္ေကာင္းတဲ့ အမ်ိဳးဆိုတာ လက္ခံသြားၿပီလား)…?

Crd – Ba Moe Hein

Unicode

နွားရောင်းမည်(၂,၀၀၀)ကျပ် . ကြက်ရောင်းမည်(၂၀၀,၀၀၀)ကျပ်

?နွားရောင်းမည်(၂,၀၀၀)ကျပ်?ကြက်ရောင်းမည်(၂၀၀,၀၀၀)ကျပ် ?မှတ်ချက်။ ။ခွဲမရောင်းပါ?

?တစ်ခါကရွာလေးတစ်ရွာမှာ အဘိုးကြီးနဲ့အဘွားကြီး လင်မယားနှစ်ယောက် ရှိတယ်…

သူတို့မှာ သားသမီးလည်း မရှိရှာဘူးတဲ့…

?တစ်နေ့တော့ အဘိုးကြီး အသည်းအသန်ဖြစ် သေခါနီးတော့ အဘွားကြီးကို မှာတယ်…?

? ငါ အရင်က ဘာကုသိုလ် ဘာကောင်းမှုမှ လုပ်ခဲ့ဖူးတာ မရှိဘူး

ငါသေသွားရင် ဘဝကူးကောင်းအောင် အိမ်ကနွားလေးကို ရောင်းပြီး တစ်ဝက်ကို ငါ့အတွက် ရည်စူးပြီး ကုသိုလ် ကောင်းမှု လုပ်ပေးပါ

တစ်ဝက်ကိုတော့ ငါမရှိချိန် နင် လုပ်ကိုင်စားဖို့ယူပေါ့ …?

?အဘွားကြီးလည်း စိတ်မကောင်းစွာ မျက်ရည်စက်လက်နဲ့ ပြောတဲ့အတိုင်း လုပ်ပါမယ်လို့ ကတိပေးလိုက်တယ်…?

?ဒီလိုနဲ့ အဘိုးကြီး သေသွားပြီး နှစ်ရက်လောက်နေတော့ အဘွားကြီးက အဘိုးကြီး မှာခဲ့တာကို ပြန်တွေးပြီး

ကပ်စေးနည်းစိတ် ဝင်လာသတဲ့ (ဝင်မှာပေါ့) လူပဲကိုး…?

?ဒီနွားလေးတစ်ကောင်ရှိလို့ ငှားစားနေရတာကို ရောင်းပြီး တစ်ဝက်ကိုလှူလိုက်ရမယ်ဆိုတော့ ငါ့မှာလည်း လုပ်စားစရာကမရှိတော့ … ဒုက်ခပဲ …?

?ဒါပေမယ့် အဘိုးကြီးကို ပေးခဲ့တဲ့ ကတိကိုလည်း မဖျက်ချင်ဘူး ဒါနဲ့ ဘယ်လိုလုပ်ရမလဲ အကြံထုတ်နေသတဲ့။

နောက်တော့ အကြံရသွားပြီး အိမ်ရှေ့မှာဆိုင်းဘုတ်တစ်ခု ကောက်ရေးပြီးထောင်ထားလိုက်တယ်…✍️

? နွားတစ်ကောင်ရောင်းမည်(၂,၀၀၀)ကျပ် ကြက်တစ်ကောင်ရောင်းမည်(၂၀၀,၀၀၀)ကျပ်

မှတ်ချက် ။ အတွဲလိုက်သာ ရောင်းမည်။ (လုံးဝ လုံးဝ) ခွဲမရောင်းပါ…??

?သူ သတ်မှတ်ထားတဲ့ဈေးက ပြောင်းပြန်ကြီးမို့ ဖတ်မိကြတဲ့လူတွေ ရယ်ကြတယ်…။

ဒါပေမယ့် အဲဒါကို ဖတ်မိပြီးဈေးကို သဘောကျတဲ့ လူတစ်ယောက်က ဈေးမစစ်ပဲ အတွဲလိုက်ပဲဝယ်သွားသတဲ့…??

?အဲဒီတော့မှ အဘွားကြီးက အဘိုးကြီးရဲ့ ရက်လည်မှာ နွားရောင်းရငွေ(၂,၀၀၀)ကျပ်ထဲက တစ်ဝက်ကိုခွဲ

၁၀၀၀ဘိုးဆန်ပြုတ် ပြုတ်ပြီး ဘုန်းကြီးကိုကပ်လိုက်တယ် ။

ကြက်ရောင်းရငွေ(၂၀၀,၀၀၀)ကိုတော့ နွားလေးတစ်ကောင်ပြန်ဝယ်ပြီး အရင်အတိုင်းပဲ လုပ်ကိုင်စားနေသတဲ့ သူကတိ မပျက်ခဲ့ဘူးလေ…?

?(မိန်းမဆိုတဲ့အမျိုးက ခေတ်အဆက်ဆက် ကတည်းက ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ အမျိုးဆိုတာ လက်ခံသွားပြီလား)…?

Crd – Ba Moe Hein

Leave a Reply

Your email address will not be published. Required fields are marked *