အေထြအေထြဗဟုသုတ

“ေအာင္ျမင္ခ်င္ရင္… ပု႐ြက္ဆိတ္လို ေတြးရမယ္”(အရမ္းေကာင္းတဲ့ ဥပမာေလးပါ..)

“ေအာင္ျမင္ခ်င္ရင္… ပု႐ြက္ဆိတ္လို ေတြးရမယ္”(အရမ္းေကာင္းတဲ့ ဥပမာေလးပါ..)
Ant Philosophy အေၾကာင္း နန္း ဖတ္ဖူးပါတယ္… ပု႐ြတ္ဆိတ္ေတြက ျဖစ္ေပၚလာတဲ့ ျပႆနာကို ေျဖရွင္းတဲ့ခ်ိန္မွာ အဓိကနည္းလမ္း (2) ခု ရွိတယ္…။

နံပါတ္ (1) တစ္ခုက… Think Winter All Summer တဲ့ “ေႏြရာသီမွာ ေဆာင္းရာသီကိုအၿမဲသိတိရတယ္”… “ျပႆနာက ဘယ္ခ်ိန္မွာ jဖစ္လာမလဲဆိုတာ မသိလို႔ပါ”

နန္းတို႔ဘဝမွာ ပု႐ြတ္ဆိတ္ကို ေတြ႕ရင္… သူတို႔က အစာေတြ သယ္ရင္သယ္ထားမယ္ သို႔မဟုတ္ အစာေတြရွိတဲ့ ေနရာကို ခ်ီတက္သြားရင္ သြားေနတာကို ေတြ႕ရတယ္။ သူတို႔ေတြက အစာမရွာပဲ

နားေနတယ္ဆိုတာ မရွိပါဘူး။ ေႏြရာသီမွာ အစာရွာတဲ့အလုပ္ကို အသားကုန္လုပ္တတ္ၿပီး အစာေတြကို သိုေလွာင္ ထားတတ္တယ္။

သူတို႔ရဲ႕အေတြးထဲမွာ ေႏြရာသီဆိုတာ ဘယ္လိုပဲျဖစ္ျဖစ္ ေက်ာ္သြားမွာပဲ… ေႏြရာသီၿပီးရင္ ေဆာင္းရာသီက ေရာက္လာမယ္လို႔ သူတို႔ ေကာင္းေကာင္း နားလည္ပါတယ္။

ေဆာင္းရာသီ ေရာက္လာတာပဲျဖစ္ျဖစ္ သို႔မဟုတ္ ႐ုတ္တရက္ မုန္တိုင္းဝင္ရင္ သူတို႔အစာရွာထြက္လို႔ မရဘူးလို႔ သူတို႔ေတြးတယ္။

ဒါေၾကာင့္ ရာသီဥတု ဘယ္လိုပဲ ေျပာင္းလဲပါေစ… သူတို ႔စုေဆာင္းထားတဲ့ အစာေတြေၾကာင့္ သူတို႔ အသက္ရွင္ဖို႔ စိတ္ပူစရာ မလိုေတာ့ပါဘူး။

ဒါေၾကာင့္…. “အေကာင္းဆုံး အေျခအေနမွာ မထင္မွတ္တဲ့ အဆိုးဆုံးအေျခအေန အတြက္ အဆင္သင့္ျဖစ္ေအာင္ အၿမဲ ျပင္ဆင္ပါ”

နံပါတ္ (2) အခ်က္က… Think Summer All Winter ပါပဲ…။ “ေဆာင္းရာသီမွာ ေႏြရာသီကိုသတိရပါ”

အခြင့္အေရးကို အၿမဲတမ္း ေစာင့္ေမွ်ာ္ေနတယ္။ ေဆာင္းရာသီမွာပဲျဖစ္ေစ… အကယ္၍ ရာသီဥတုက

႐ုတ္တရက္ ေကာင္းလာၿပီး ေနေကာင္းေကာင္း ထြက္တဲ့ေန႔မွာ ပု႐ြတ္ဆိတ္ေတြက ခ်က္ခ်င္း အစာရွာ ထြက္တတ္ပါတယ္။

သူတို႔က အၿမဲတမ္း အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ တတ္ပါတယ္။ အခြင့္အေရးကို လက္လႊတ္ဆုံးရႈံးမႈ မခံဘူး။

ဒါေၾကာင့္ ပု႐ြတ္ဆိတ္ေတြက ဘယ္ေလာက္ ဆိုး႐ြားတဲ့အေျခအေနမွာ မဆို အသက္ရွင္ႏိုင္တဲ့ သတၱဝါ ျဖစ္ပါတယ္။

ယွဥ္ၾကည့္မယ္ဆိုရင္… အလုပ္ေတြ ေကာင္းတဲ့ခ်ိန္၊ စီးပြားေရး ေကာင္းတဲ့ခ်ိန္မွာ မ်ားေသာအားျဖင့္ တျခားအေျခအေနကို မေတြးခဲ့ပါဘူး… ေကာင္းေနတာပဲ ၊ အဆင္ေျပေနတာပဲ ဆိုၿပီး တစ္ရက္ၿပီး တစ္ရက္ ကုန္ဆုံးသြားပါတယ္။

နန္းက ေတြးၿပီးေၾကာက္ခိုင္းတာ မဟုတ္ပါဘူး… ေတြးၿပီး ႀကိဳတင္ ျပင္ဆင္ေစခ်င္တာပါ။ ပု႐ြက္ဆိတ္ေတြလို ႀကိဳတင္ ျပင္ဆင္ထားပါ။ ဘာကိစၥမွာပဲျဖစ္ျဖစ္

သူမ်ားထက္ ေအာင္ျမင္ခ်င္ရင္ေတာ့… သူမ်ားထက္ အဆင္သင့္ျဖစ္ေနေအာင္ ႀကိဳတင္ ျပင္ဆင္ထားရမွာပဲ…။

“Think Winter All Summer…. Think Summer All Winter” ပါေနာ္…။ သာယာေသာေန႔ေလးျဖစ္ပါေစရွင့္

Credit#Nann Yu Yu Htwe #ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

“အောင်မြင်ချင်ရင်… ပုရွက်ဆိတ်လို တွေးရမယ်”(အရမ်းကောင်းတဲ့ ဥပမာလေးပါ..)
Ant Philosophy အကြောင်း နန်း ဖတ်ဖူးပါတယ်… ပုရွတ်ဆိတ်တွေက ဖြစ်ပေါ်လာတဲ့ ပြဿနာကို ဖြေရှင်းတဲ့ချိန်မှာ အဓိကနည်းလမ်း (2) ခု ရှိတယ်…။

နံပါတ် (1) တစ်ခုက… Think Winter All Summer တဲ့ “နွေရာသီမှာ ဆောင်းရာသီကိုအမြဲသိတိရတယ်”… “ပြဿနာက ဘယ်ချိန်မှာ jဖစ်လာမလဲဆိုတာ မသိလို့ပါ”

နန်းတို့ဘဝမှာ ပုရွတ်ဆိတ်ကို တွေ့ရင်… သူတို့က အစာတွေ သယ်ရင်သယ်ထားမယ် သို့မဟုတ် အစာတွေရှိတဲ့ နေရာကို ချီတက်သွားရင် သွားနေတာကို တွေ့ရတယ်။ သူတို့တွေက အစာမရှာပဲ

နားနေတယ်ဆိုတာ မရှိပါဘူး။ နွေရာသီမှာ အစာရှာတဲ့အလုပ်ကို အသားကုန်လုပ်တတ်ပြီး အစာတွေကို သိုလှောင် ထားတတ်တယ်။

သူတို့ရဲ့အတွေးထဲမှာ နွေရာသီဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ကျော်သွားမှာပဲ… နွေရာသီပြီးရင် ဆောင်းရာသီက ရောက်လာမယ်လို့ သူတို့ ကောင်းကောင်း နားလည်ပါတယ်။

ဆောင်းရာသီ ရောက်လာတာပဲဖြစ်ဖြစ် သို့မဟုတ် ရုတ်တရက် မုန်တိုင်းဝင်ရင် သူတို့အစာရှာထွက်လို့ မရဘူးလို့ သူတို့တွေးတယ်။

ဒါကြောင့် ရာသီဥတု ဘယ်လိုပဲ ပြောင်းလဲပါစေ… သူတို့စုဆောင်းထားတဲ့ အစာတွေကြောင့် သူတို့ အသက်ရှင်ဖို့ စိတ်ပူစရာ မလိုတော့ပါဘူး။

ဒါကြောင့်…. “အကောင်းဆုံး အခြေအနေမှာ မထင်မှတ်တဲ့ အဆိုးဆုံးအခြေအနေ အတွက် အဆင်သင့်ဖြစ်အောင် အမြဲ ပြင်ဆင်ပါ”

နံပါတ် (2) အချက်က… Think Summer All Winter ပါပဲ…။ “ဆောင်းရာသီမှာ နွေရာသီကိုသတိရပါ”

အခွင့်အရေးကို အမြဲတမ်း စောင့်မျှော်နေတယ်။ ဆောင်းရာသီမှာပဲဖြစ်စေ… အကယ်၍ ရာသီဥတုက

ရုတ်တရက် ကောင်းလာပြီး နေကောင်းကောင်း ထွက်တဲ့နေ့မှာ ပုရွတ်ဆိတ်တွေက ချက်ချင်း အစာရှာ ထွက်တတ်ပါတယ်။

သူတို့က အမြဲတမ်း အဆင်သင့်ဖြစ်အောင် ပြင်ဆင် တတ်ပါတယ်။ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမှု မခံဘူး။

ဒါကြောင့် ပုရွတ်ဆိတ်တွေက ဘယ်လောက် ဆိုးရွားတဲ့အခြေအနေမှာ မဆို အသက်ရှင်နိုင်တဲ့ သတ္တဝါ ဖြစ်ပါတယ်။

ယှဉ်ကြည့်မယ်ဆိုရင်… အလုပ်တွေ ကောင်းတဲ့ချိန်၊ စီးပွားရေး ကောင်းတဲ့ချိန်မှာ များသောအားဖြင့် တခြားအခြေအနေကို မတွေးခဲ့ပါဘူး… ကောင်းနေတာပဲ ၊ အဆင်ပြေနေတာပဲ ဆိုပြီး တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားပါတယ်။

နန်းက တွေးပြီးကြောက်ခိုင်းတာ မဟုတ်ပါဘူး… တွေးပြီး ကြိုတင် ပြင်ဆင်စေချင်တာပါ။ ပုရွက်ဆိတ်တွေလို ကြိုတင် ပြင်ဆင်ထားပါ။ ဘာကိစ္စမှာပဲဖြစ်ဖြစ်

သူများထက် အောင်မြင်ချင်ရင်တော့… သူများထက် အဆင်သင့်ဖြစ်နေအောင် ကြိုတင် ပြင်ဆင်ထားရမှာပဲ…။

“Think Winter All Summer…. Think Summer All Winter” ပါနော်…။ သာယာသောနေ့လေးဖြစ်ပါစေရှင့်

Credit#Nann Yu Yu Htwe #လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *