ျပည္တြင္းသတင္း

ခဏခဏ ျပန္ ၾကည့္ခ်င္သြားမယ့္ ျမင္းမူသားေတြရဲ႕ ၀ုန္းခ်က္..ကားႀကီးေတာင္ေပ်ာက္သြားတယ္..ရုပ္သံၾကည့္ရန္

MFP ၊ ဇူလိုင္ – ၅

စစ္ကိုင္းကေန မုံ႐ြာဘက္ ေမာင္းႏွင္လာတဲ့ အၾကမ္းဖက္ စစ္အုပ္စုရဲ႕ ကားႀကီးတစ္စီးကို ဒီကေန႔ ညေနပိုင္းက ျမင္းမူၿမိဳ႕နယ္ ထီးေဆာင္းႏွင့္ ကန္ဖ်ားဇရပ္ၾကားမွာ မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး ကားကို ဒဲ့ထိမွန္ကာ စကစ သုံးေယာက္ ထက္မနည္း ေသမယ္လို႔ Moe Nyo Revolution Force – M.N.R.F က သတင္းထုတ္ျပန္ပါတယ္။

ဒီေန႔ ဇူလိုင္(၅)ရက္ ညေန(၃)နာရီေက်ာ္မွာ စစ္ကိုင္းက ထြက္လာတဲ့ စစ္အုပ္စုရဲ႕ (၁၂)ဘီးကားကို Moe Nyo Revolution Force – M.N.R.F၊ PENTAGRAM – ငါးေထာင့္ၾကယ္၊ PEOPLE REVOLUTION FORCE P.R.F ႏွင့္ People’s Guerillas Commando – Myinmu ညီေနာင္ေလးဖြဲ႕ ေပါင္းၿပီး မိုင္းရွစ္လုံးနဲ႔ ေဖာက္ခြဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“စစ္ကိုင္းမွ ထြက္လာေသာ ေခြးမ်ား တင္ေဆာင္လာေသာ (၁၂)ဘီးကားအား ျမင္းမူၿမိဳ႕နယ္ ထီးေဆာင္းႏွင့္ ကန္ဖ်ားဇရပ္ၾကားတြင္ ေပါင္မုန႔္ ရွစ္လုံးျဖင့္ ဧည့္ခံခဲ့ရာ ေခြးသုံးေကာင္ ေနရာတြင္ စားပိုးနင့္ကာ ေလွ်ာသြားခဲ့သည္။ စာအုပ္ေရာင္းမည့္ ေခြးမ်ားစြာလည္း အစာအဆိပ္သင့္ သြားသည္ဟု စုံစမ္းသိရွိရပါသည္။ ပူးေပါင္းေဆာင္႐ြက္သည့္ ဤစစ္ဆင္ေရးတြင္ မိမိတို႔ညီေနာင္ေလးဖြဲ႕မွ ရဲေဘာ္မ်ား အထိခိုက္မရွိပဲ ျပန္လည္ ဆုတ္ခြာႏိုင္ခဲ့သည္” လို႔ MNRF က ေဖာ္ျပပါတယ္။

မေန႔ည (၉)နာရီေက်ာ္ကလည္း စစ္ကိုင္းၿမိဳ႕ တပ္ရင္း(၃၃)ထဲက ထြက္လာတဲ့ အၾကမ္းဖက္ စစ္အုပ္စုရဲ႕ ကားတစ္စီးကို စစ္ကိုင္း – မုံ႐ြာလမ္း၊ ျမင္းမူၿမိဳ႕နယ္ နပဲၾကဴးဇရပ္ႏွင့္ ကန္ဖ်ားဇရပ္ၾကားမွာ Moe Nyo Revolution Force – M.N.R.F၊ PENTAGRAM – ငါးေထာင့္ၾကယ္၊ PEOPLE REVOLUTION FORCE – P.R.F ႏွင့္ People’s Guerillas Commando – Myinmu ညီေနာင္ေလးဖြဲ႕ ေပါင္းၿပီး မိုင္းဆြဲ တိုက္ခိုက္ခဲ့ရာ စကစ သုံးေယာက္ထက္မနည္း ေသတယ္လို႔ MNRF က ႐ုပ္သံဖိုင္ႏွင့္တကြ သတင္းထုတ္ျပန္ထားပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုဟာ စစ္ကိုင္း – မုံ႐ြာလမ္းႏွင့္ စစ္ကိုင္း – ေ႐ႊဘိုလမ္းေတြမွာ ကင္းပုန္းေတြ အထပ္ထပ္ခ်ထားၿပီး မၾကာခဏ မိုင္းရွင္းတာ၊ ကင္းပတ္တာ၊ ခရီးသြားေတြကို ဖမ္းဆီးေငြညႇစ္ ဆက္ေၾကးေတာင္းတာေတြ လုပ္ေနေပမယ့္ ေဒသကာကြယ္ေရး တပ္ဖြဲပေတြရဲ႕ မိုင္းေထာင္ေဖာက္ခြဲ တိုက္ခိုက္တာကို မၾကာခဏ ခံေနရတာ ျဖစ္ပါတယ္။

စစ်ကိုင်း – မုံရွာလမ်း၊ ထီးဆောင်းအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားကို မိုင်းဆွဲ၊ ဒဲ့ထိမှန်၊

MFP ၊ ဇူလိုင် – ၅

စစ်ကိုင်းကနေ မုံရွာဘက် မောင်းနှင်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားကြီးတစ်စီးကို ဒီကနေ့ ညနေပိုင်းက မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကားကို ဒဲ့ထိမှန်ကာ စကစ သုံးယောက် ထက်မနည်း သေမယ်လို့ Moe Nyo Revolution Force – M.N.R.F က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ ဇူလိုင်(၅)ရက် ညနေ(၃)နာရီကျော်မှာ စစ်ကိုင်းက ထွက်လာတဲ့ စစ်အုပ်စုရဲ့ (၁၂)ဘီးကားကို Moe Nyo Revolution Force – M.N.R.F၊ PENTAGRAM – ငါးထောင့်ကြယ်၊ PEOPLE REVOLUTION FORCE P.R.F နှင့် People’s Guerillas Commando – Myinmu ညီနောင်လေးဖွဲ့ ပေါင်းပြီး မိုင်းရှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကိုင်းမှ ထွက်လာသော ခွေးများ တင်ဆောင်လာသော (၁၂)ဘီးကားအား မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် ပေါင်မုန့် ရှစ်လုံးဖြင့် ဧည့်ခံခဲ့ရာ ခွေးသုံးကောင် နေရာတွင် စားပိုးနင့်ကာ လျှောသွားခဲ့သည်။ စာအုပ်ရောင်းမည့် ခွေးများစွာလည်း အစာအဆိပ်သင့် သွားသည်ဟု စုံစမ်းသိရှိရပါသည်။ ပူးပေါင်းဆောင်ရွက်သည့် ဤစစ်ဆင်ရေးတွင် မိမိတို့ညီနောင်လေးဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိပဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်” လို့ MNRF က ဖော်ပြပါတယ်။

မနေ့ည (၉)နာရီကျော်ကလည်း စစ်ကိုင်းမြို့ တပ်ရင်း(၃၃)ထဲက ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားတစ်စီးကို စစ်ကိုင်း – မုံရွာလမ်း၊ မြင်းမူမြို့နယ် နပဲကြူးဇရပ်နှင့် ကန်ဖျားဇရပ်ကြားမှာ Moe Nyo Revolution Force – M.N.R.F၊ PENTAGRAM – ငါးထောင့်ကြယ်၊ PEOPLE REVOLUTION FORCE – P.R.F နှင့် People’s Guerillas Commando – Myinmu ညီနောင်လေးဖွဲ့ ပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက်ထက်မနည်း သေတယ်လို့ MNRF က ရုပ်သံဖိုင်နှင့်တကွ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်း – မုံရွာလမ်းနှင့် စစ်ကိုင်း – ရွှေဘိုလမ်းတွေမှာ ကင်းပုန်းတွေ အထပ်ထပ်ချထားပြီး မကြာခဏ မိုင်းရှင်းတာ၊ ကင်းပတ်တာ၊ ခရီးသွားတွေကို ဖမ်းဆီးငွေညှစ် ဆက်ကြေးတောင်းတာတွေ လုပ်နေပေမယ့် ဒေသကာကွယ်ရေး တပ်ဖွဲပတွေရဲ့ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်တာကို မကြာခဏ ခံနေရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *