အေထြအေထြဗဟုသုတ

နတ္ကိုင္ၾကမ္းလွပါတယ္ဆိုတဲ့သစ္ပင္ႀကီးေအာက္က နတ္႐ုပ္ႀကီးကို တံတားလုပ္တက္နင္းျဖတ္တဲ့လူရဲ့ အျဖစ္..

နတ္ကိုင္ၾကမ္းလွပါတယ္ဆိုတဲ့သစ္ပင္ႀကီးေအာက္က နတ္႐ုပ္ႀကီးကို တံတားလုပ္တက္နင္းျဖတ္တဲ့လူရဲ့အျဖစ္

နတ္ကိုင္ၾကမ္းလွပါတယ္ဆိုတဲ့သစ္ပင္ႀကီးေအာက္ကနတ္႐ုပ္ႀကီးကို တံတားလုပ္တက္နင္းျဖတ္တဲ့လူရဲ့အျဖစ္…

လူေကာင္းကို အနိုင္က်င့္ရတာ လြယ္တယ္ ၊ပုံျပင္ကေလးက ဒီလိုဗ်…

တခါက ရြာတရြာမွာ ရြာဦးနတ္ကြန္းေဘးမွာ ေရႏႈတ္ေျမာင္း ျဖတ္စီးေနတယ္ နတ္ကြန္းထဲက နတ္႐ုပ္က မတ္တတ္ကိုယ္ေတာ္ႀကီး ၊

တေန႔ေတာ့ လူတေယာက္က ေျမာင္းေဘာင္အတိုင္း ေလၽွာက္လာၿပီး ဟိုဘက္ကမ္းကို ကူးမယ္လုပ္တယ္ ၊ အဲ့ေျမာင္းထဲမွာ ေရေတာ္ေတာ္မ်ားေနတယ္။

ညက မိုးရြာထားတာကိုး ၊ ခုန္ကူးရေအာင္ကလဲ မမီမကမ္းနဲ႔ ၊ ေျမာင္းထဲ ဆင္းကူးယင္လဲ ေရစိုမယ္ေလ ၊

ၿပီးေတာ့ ဒီလူကလဲ ခပ္ရြတ္ရြတ္ဆိုေတာ့ နတ္ကြန္းထဲက နတ္႐ုပ္ႀကီးကို ဆြဲခ်လာ၊ ေျမာင္းေပၚခြေက်ာ္ပီး ခ်၊ပီးမွ နတ္႐ုပ္ႀကီးကို တုံးတံတားလုပ္ၿပီး ေျမာင္းကို ကူးသြားတယ္ ၊

ဟိုဘက္ကမ္းအဆင္းမွာ နတ္႐ုပ္ႀကီး မ်က္ႏွာခြက္ကိုေတာင္ ေဆာင့္နင္းသြားလိုက္ေသးသတဲ့ ၊သိပ္မၾကာလိုက္ပါဘူး ၊ လယ္သမားႀကီးတေယာက္ ေရာက္လာတယ္ ၊

သူကေတာ့ နတ္႐ုပ္ႀကီးမ်က္ခြက္မွာ ရႊံ့ေျခရာႀကီး ေပေနတာ ေတြ႕ေတာ့..

မ်က္ေစ့ေတာင္ ပ်ာခနဲ ျဖစ္သြားပီး ေျမာင္းထဲဆင္း၊ ေရေတြ လက္ခုပ္နဲ႔ ခပ္၊ နတ္႐ုပ္ႀကီးကိုေဆး၊မနိုင့္တနိုင္နဲ႔ မ၊ နတ္ကြန္းထဲ ျပန္ထူထားလိုက္တယ္ ။

အဲ့မွာ မထီမဲ့ျမင္လုပ္တယ္ဆိုပီး နတ္ႀကီးက ဖမ္းစားသတဲ့ ၊ ဘယ္သူ႔ကိုလဲဆိုေတာ့..

သူ႔ကို နတ္ကြန္းထဲ ျပန္ထားတဲ့ လယ္သမားႀကီး ကို၊ သူ႔ကို ခ်နင္းသြားတဲ့ လူကို မဟုတ္ဘူး ၊

နတ္႐ုပ္ကို ေရႊ႕ေျပာင္းရာမွာ အစဥ္အလာရွိတဲ့အတိုင္း အေမႊးတိုင္ထြန္းၿပီး မပင့္မေလၽွာက္လို႔တဲ့၊

နတ္ဆရာေတြက ဒီလိုေဟာလို႔ လယ္သမားႀကီးက ဝက္ေပၚၿပီး ပူေဇာ္ရသတဲ့ ၊

ဒါနဲ႔ သူ႔သူငယ္ခ်င္းနတ္ေတြက အဲ့နတ္ကို ဝိုင္းေလွာင္ၾကတယ္-မင္းကြာ မင့္ကို တက္နင္းသြားတဲ့ ေကာင္ေတာ့ ဖမ္းမစားရဲဘူး ေပါ့ ၊

ဟ..ငါ့ကိုမရိုမေသမေၾကာက္မရြံ့လို႔မွ မ်က္ခြက္ေတာင္ ဖေနာင့္နဲ႔ေပါက္သြားတဲ့လူကိုငါကသြားကိုင္ရင္ မေၾကာက္ရြံ့တဲ့အျပင္ ငါ့နတ္စင္ပါေတာင္အမႈန႔္ႀကိတ္သြားမွာေပါ့..

သူငယ္ခ်င္းနတ္ေတြက” ဒါဆို…မင္းကိုရိုေသေၾကာက္ရြံ့တဲ့လူကိုပဲအမိအရကိုင္လိုက္တာေပါ့”ဒီေတာ့ အဲ့နတ္က အားရပါးရ ရယ္ပီး ျပန္ေျပာသတဲ့ ၊့

‘ေဟ့ေကာင္ေတြ၊ မင္းတို႔ မသိဘူးလား၊ လူေကာင္းကို အနိုင္က်င့္ရတာ လြယ္တယ္ကြ’ တဲ့ ၊

တခ်ိဳ႕ေတြက သူတို႔အခြက္ကို တက္နင္းတဲ့ ေကာင္ေတြနဲ႔ပဲ တန္တယ္…။

Credit – Yan shin

Unicode Version

နတ်ကိုင်ကြမ်းလှပါတယ်ဆိုတဲ့သစ်ပင်ကြီးအောက်က နတ်ရုပ်ကြီးကို တံတားလုပ်တက်နင်းဖြတ်တဲ့လူရဲ့အဖြစ်

နတ်ကိုင်ကြမ်းလှပါတယ်ဆိုတဲ့သစ်ပင်ကြီးအောက်ကနတ်ရုပ်ကြီးကို တံတားလုပ်တက်နင်းဖြတ်တဲ့လူရဲ့အဖြစ်…

လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ် ၊ပုံပြင်ကလေးက ဒီလိုဗျ…

တခါက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေးမှာ ရေနှုတ်မြောင်း ဖြတ်စီးနေတယ် နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ်ကိုယ်တော်ကြီး ၊

တနေ့တော့ လူတယောက်က မြောင်းဘောင်အတိုင်း လျှောက်လာပြီး ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ် ၊ အဲ့မြောင်းထဲမှာ ရေတော်တော်များနေတယ်။

ညက မိုးရွာထားတာကိုး ၊ ခုန်ကူးရအောင်ကလဲ မမီမကမ်းနဲ့ ၊ မြောင်းထဲ ဆင်းကူးယင်လဲ ရေစိုမယ်လေ ၊

ပြီးတော့ ဒီလူကလဲ ခပ်ရွတ်ရွတ်ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ၊ မြောင်းပေါ်ခွကျော်ပီး ချ၊ပီးမှ နတ်ရုပ်ကြီးကို တုံးတံတားလုပ်ပြီး မြောင်းကို ကူးသွားတယ် ၊

ဟိုဘက်ကမ်းအဆင်းမှာ နတ်ရုပ်ကြီး မျက်နှာခွက်ကိုတောင် ဆောင့်နင်းသွားလိုက်သေးသတဲ့ ၊သိပ်မကြာလိုက်ပါဘူး ၊ လယ်သမားကြီးတယောက် ရောက်လာတယ် ၊

သူကတော့ နတ်ရုပ်ကြီးမျက်ခွက်မှာ ရွှံ့ခြေရာကြီး ပေနေတာ တွေ့တော့..

မျက်စေ့တောင် ပျာခနဲ ဖြစ်သွားပီး မြောင်းထဲဆင်း၊ ရေတွေ လက်ခုပ်နဲ့ ခပ်၊ နတ်ရုပ်ကြီးကိုဆေး၊မနိုင့်တနိုင်နဲ့ မ၊ နတ်ကွန်းထဲ ပြန်ထူထားလိုက်တယ် ။

အဲ့မှာ မထီမဲ့မြင်လုပ်တယ်ဆိုပီး နတ်ကြီးက ဖမ်းစားသတဲ့ ၊ ဘယ်သူ့ကိုလဲဆိုတော့..

သူ့ကို နတ်ကွန်းထဲ ပြန်ထားတဲ့ လယ်သမားကြီး ကို၊ သူ့ကို ချနင်းသွားတဲ့ လူကို မဟုတ်ဘူး ၊

နတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ အစဉ်အလာရှိတဲ့အတိုင်း အမွှေးတိုင်ထွန်းပြီး မပင့်မလျှောက်လို့တဲ့၊

နတ်ဆရာတွေက ဒီလိုဟောလို့ လယ်သမားကြီးက ဝက်ပေါ်ပြီး ပူဇော်ရသတဲ့ ၊

ဒါနဲ့ သူ့သူငယ်ချင်းနတ်တွေက အဲ့နတ်ကို ဝိုင်းလှောင်ကြတယ်-မင်းကွာ မင့်ကို တက်နင်းသွားတဲ့ ကောင်တော့ ဖမ်းမစားရဲဘူး ပေါ့ ၊

ဟ..ငါ့ကိုမရိုမသေမကြောက်မရွံ့လို့မှ မျက်ခွက်တောင် ဖနောင့်နဲ့ပေါက်သွားတဲ့လူကိုငါကသွားကိုင်ရင် မကြောက်ရွံ့တဲ့အပြင် ငါ့နတ်စင်ပါတောင်အမှုန့်ကြိတ်သွားမှာပေါ့..

သူငယ်ချင်းနတ်တွေက” ဒါဆို…မင်းကိုရိုသေကြောက်ရွံ့တဲ့လူကိုပဲအမိအရကိုင်လိုက်တာပေါ့”ဒီတော့ အဲ့နတ်က အားရပါးရ ရယ်ပီး ပြန်ပြောသတဲ့ ၊့

‘ဟေ့ကောင်တွေ၊ မင်းတို့ မသိဘူးလား၊ လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်ကွ’ တဲ့ ၊

တချို့တွေက သူတို့အခွက်ကို တက်နင်းတဲ့ ကောင်တွေနဲ့ပဲ တန်တယ်…။

Credit – Yan shin

Leave a Reply

Your email address will not be published. Required fields are marked *