အေထြအေထြဗဟုသုတ

နွေအခါ နဲ့ သင့်လျော်ပြီ အလွန်တည့်တဲ့ မကျည်းဖျော်ရည် (ဝါ) ” သဘာဝဓါတ်စာ ” ပြုလုပ်ပုံ

မကျည်းဖျော်ရည် (ဝါ) ” သဘာဝဓါတ်စာ ” ပြုလုပ်ပုံနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ ကို ဖော်ပြပေးလိုက်ပါတယ်။

ပြုလုပ်ပုံ

ကျမတို့ မြန်မာအိမ်တိုင်းမှာ သြင်္ကန်ရောက်ရင် မြေအိုးသေးသေးလေးတွေ ဝယ်ကြတယ်။

ကျမ ကအဲဒီ မြေအိုး သေးသေးလေးထဲကို ရေ မပြည့်တပြည့်ထည့်ပြီး မကျည်းသီး လက်တဆုပ်ခန့် ထည့်ပါ။

ထန်းလျက် အလုံးသေးသေးလေးတွေ ၁၅လုံးခန့် ဆား ဇွန်းသေးသေး တစ်ဇွန်းခန့် ၊ အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ်
မမွှေနဲ့ မွှေစရာမလိုဘူး။ မွှေရင် အဖတ်မှုန်တွေထလာလိမ့်မယ်။

တစ်ချက်မှမမွှေဘဲ သူ့ဘာသာ ကြည်တက်လာတဲ့ အရည်ကြည်ကို ရေမသောက်ဘဲ ရေအစားထိုးပြီး သောက်တယ်။

မကျည်းဖျော်ရည် သောက်ခြင်း ၏ အကျိုးကျေးဇူးများ

ကျမတို့လည်း မကျည်းဖျော်ရည်ကို ရေအစားထိုး သောက်မယ်ဆို အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ရော ကလေး
လူကြီးပါမကျန် သောက်တဲ့ အကျိုးကြောင့်

ဝမ်းတွင်းအေးနေမယ်။

ကိုယ်တွင်းအဆိပ်အတောက်များကို ဝမ်းအဖြစ်ဖယ်ရှားပေးလို့ အပူအစပ်ကင်းစင်ပြီး မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို ပါးသထက် ပါးစေမယ်။

အမြဲတမ်းသောက်ရင် ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်။

ကျမ စမ်းကြည့်တုန်းက ရင်အေးတယ် ၊ ဝမ်းမှန်တယ် ၊ ဆီးမှန်တယ် ၊ ခံတွင်းရှင်းပြီး အနံ့ပျောက်တယ် ၊ မျက်လုံးကြည်တယ် ၊ ဝက်ခြံတွေ ကင်းစင်တယ်။

အထူးသဖြင့် သောက်တုန်းက ဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာပါ။ တခြား အကျိုးတွေပါရရှိပါတယ်။

ပိုက်ဆံ အကုန်ကျ သက်သာပြီး အကျိုးများ လို့ အထင်မသေးဘဲ စမ်းကြည့်ရအောင် ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့
ရှေးစကားပုံလည်း ရှိတယ်နော်။

တခြားအသုံးဝင်ပုံများ အနေနဲ့ကတော့

မကျည်းသီးကို ကြေးဘုရား ၊ ကြေးခွက်တွေ အညှိတွေတက်နေတာတွေကို ပွတ်တိုက်ဆေးကြောပေးရင် ပြောင်လက်သွားတယ်။

အသားကိုင်ထားတဲ့လက်တွေကို မကျည်းသီးနဲ့ ဆေးပေးရင် အနံ့ပျောက်တယ်။ တစ်ချို့က ဆိတ်သားကို အညှီနံ့ ပျောက်အောင်
မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ်။

အခုလို ကိုယ်တိုင် ကိုယ်ကျ အိမ်မှာ ပြုလုပ်ဖို့ လွယ်ကူပြီး အကျိုးကျေးဇူး အများကြီး ရတဲ့ အခုလို နွေအခါ နဲ့ အရမ်းတည့် တဲ့ သဘာ၀ ဓာတ်စာ (ဝါ) မကျည်းဖျော်ရည် လုပ်နည်းလေး တင်ဆက်ပေးလိုက်ပါတယ်။ မိမိ မိတ်ဆွေ များလည်း သိရှိရအောင် မျှဝေပေးလိုက်ပါ အုံးနော်။

မေတ္တာများစွာဖြင့်………

Credit – Su Su (ဗဟုသုတကျေးရွာ)

Unicode

Leave a Reply

Your email address will not be published. Required fields are marked *