ၾကားသိရသမွ်

မြန်မာပြည်မှာ လုပ်ကို လုပ်ရမယ့် စီးပွားရေး လုပ်ငန်း (၇) မျိုး

မြန်မာနိုင်ငံမှာ လုပ်ကိုလုပ်ရမယ့် စီးပွားရေးလုပ်ငန်း တွေထဲမှာ စားသောက်ဆိုင်၊ အဝတ်အထည်၊ ဖုန်း၊ ကား၊ အိမ်ခြံမြေ၊ ရွှေ၊ ဆီ အဲ့ ၇ ခုက လုပ်ကိုလုပ်ရမယ့် စီးပွားရေး လုပ်ငန်းတွေပဲ။ အခုထိ အရှုံးမရှိ ရပ်တည်နေကြတဲ့ လုပ်ငန်းတွေလဲဖြစ်တယ်။

၁။ စားသောက်ဆိုင်လုပ်ငန်းများ

တစ်ရက်အမြတ်ကို ညနေစောင်းတာနဲ့ ဘယ်လောက်မြတ်လဲသိရပြီ။ အဆောက်အဦးဖိုးရင်းပြီးတာနဲ့ ကျန်တာ ဒီနေ့ရောင်းရငွေက မနက်ဖြန်အရင်းလုပ်လို့ရတယ်။ အကြွေးမကျဘူး။ စျေးတက်ပြီးရင် ဘယ်တော့မှ ပြန်ချပေးစရာမလိုဘူး။

၂။ အဝတ်အထည်လုပ်ငန်းများ

Family carrying shopping bags in mall
လူတိုင်းလှချင်ကြတော့ မဝတ်ပဲမနေဘူ။ ဝင်ငွေတွေရဲ့ ၈၀% လောက်ကို စားတာနဲ့ ဝတ်တာမှာ သုံးနေကြတယ်။ အရင်းရဲ့ ထက်ဝက်ကျော်မြတ်တယ်။

၃။ ဖုန်းလုပ်ငန်းများတတ်နိုင်တဲ့သူက model အသစ်ထွက်တိုင်း ဝယ်တယ်။ update ကိုင်နိုင်မှ လူရာဝင်တယ်ထင်ကြသလို မတတ်နိုင်တဲ့သူက second hand လေးတွေဝယ်ကြတယ်။ ခဏလေးနဲ့ပျက်တော့ ဘယ်သူဖြစ်ဖြစ် ၂ နှစ် ၃ နှစ်နေရင်တော့ အသစ်တစ်လုံးဝယ်ရတာပဲ။

၄။ ကားလုပ်ငန်းများ

ကိုယ်ပိုင်ကားစီးလာနိုင်တာ ၇ နှစ်ပဲရှိသေးတော့ ကားပိုင်ချင်တဲ့စိတ်က နောက်ထပ် ၁၅ နှစ်လောက်နေမှ အနည်ထိုင်မယ်။

၅။ အိမ်ခြံမြေလုပ်ငန်းများ

တစ်သက်လုံး မတိမ်ကောဘူး။ လူဦးရေက တိုးတိုးလာနေတာ။

၆။ ရွှေလုပ်ငန်းများ

စျေးကျလဲမြတ်တယ် စျေးတက်လဲမြတ်တယ်။ ခုခေတ်ပိုမြတ်တယ်။ ရွှေဆိုင်ဖွင့်လို့ အရင်းပြုတ်သွားတယ်ဆိုတာ ဘယ်ခေတ်မှာမှ မကြားဖူးဘူး။ ခုဆို ဆိုင်တွေမှာ လူတွေအုံနေတာ အလကားပေးတာ ကြနေတာပဲ။

၇။ ဆီလုပ်ငန်းများ

တိုးတက်လာတာနဲ့အမျှ ဆီလိုအပ်ချက်မြင့်လာတာပါပဲ။ စျေးလဲဆစ်လို့မရဘူး။ အရင်းကို အမြတ်ပေါင်းရောင်းရုံပဲ။ စားဆီလဲအတူတူပါပဲ။ ရောချင်ရာရောကြတာပဲ။ မြတ်လိုက်တာမှ ထက်ဝက်ပဲ။

ထပ်ပြီး လုပ်သင့်တာက ပညာရေးနဲ့ ကျန်းမာရေးပဲ။ ဒါကတော့ သိပ် သမာအာဇီဝ မကျဘူး ထင်တာပဲ။ ပညာရေး အဆမတန် အမြတ်ကြီး ယူးထားကြတယ်။ ကျန်းမာရေး ဘယ်ဆေးဆိုင်မှ ဈေးဆစ် မရဘူး။ ပေါက်ဈေးလဲ မရှိဘူး။ နောက်တခုက လျှပ်စစ် ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းပဲ။ သူလည်း အရှုံး မရှိဘူး။ ဈေးကျတယ် မရှိသလောက်ပဲ။

Leave a Reply

Your email address will not be published. Required fields are marked *