ကူမဲ၊ ဇူလိုင် ၁၄
လူငယ့်ခေတ်
#Lungekhit
ပြည်သူများကို ငွေညှစ်လေ့ရှိသည့်ဂိတ်မှ နယ်ထိန်း ရဲတပ်ကြပ်ကြီး လှမိုးခိုင် ပစ်သတ်ခံရ (ရုပ်သံ)
ကူမဲ၊ ဇူလိုင် ၁၄
လူငယ့်ခေတ်
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ရဲစခန်းက ရဲတပ်ကြပ်ကြီး လှမိုးခိုင်ဆိုသူကို ဒီကနေ့မနက်ပိုင်းမှာ ရှင်းလင်းသုတ်သင်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က သတင်းထုတ်ပြန်ပါတယ်။
ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)၊ BARMAHTE PEOPLE DEFENSE FORCE နဲ့ URBAN GUERRILLA FORCE – KUME တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ က ရှင်းလင်းသုတ်သင်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီ ရဲဟာ ကူမဲမြို့ သံလမ်းဆုံမှာ ဖွင့်လှစ်ထားတဲ့ သာလွန်ဂိတ်ကို သွားရောက်စဉ် မှာ ပစ်သတ်ခံရတာဖြစ်ပြီး အဲ့ဒီဂိတ်ဟာလဲ ဖြတ်သန်းသွားလာသူ ခရီးသွားပြည်သူတွေ ကိုခြိမ်းခြောက်ကာ
လုံခြုံရေးအကြောင်းပြ ငွေတောင်းခံနေသည့် ဂိတ်ဖြစ်ပြီး ပစ်သတ်ခံသူ ရဲတပ်ကြပ်ကြီး လှမိုးခိုင် ဟာလဲ ငွေတောင်းတဲ့လုပ်ရပ်များတွင် ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျောက်ဆည်မြို့ခရိုင်အတွင်း စစ်အုပ်စုကလည်း သွေးသောက်အဖွဲ့ဟုဆိုကာ NLD ပါတီနှင့်နီးစပ်သူများအား မတရား ညှင်းပန်း နှိပ်စက်ကာ သတ်ဖြတ်မှုများ ကျူးလွန်ထားသည်။