ၾကားသိရသမွ်

“နန္းထိုက္ေအာင္”စစ္ဆင္ေရးအျဖစ္ ေျမာက္ဒဂုံရွိ ရဲေထာက္ပံ့ေရးဌာန ရဲကင္းဘန္ကာကို ပစ္ခတ္တိုက္ခိုက္ရာ

▪️စစ္ဆင္ေရးကိုရဲဌာနတြင္းမွ ကူညီေဆာင္႐ြက္ေပးခဲ့သည့္ ဖရဲသီးရဲေဘာ္မ်ားကို မွတ္တမ္းတင္ဂုဏ္ျပဳဟု​ေျပာ

ရဲေခါင္/People’s Spring

“နန္းထိုက္ေအာင္”စစ္ဆင္ေရးအျဖစ္ ရန္ကုန္ၿမိဳ႕ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ ရဲေထာက္ပံ့ေရးဌာန ရဲကင္းဘန္ကာကို ပစ္ ခတ္တိုက္ခိုက္ခဲ့ၿပီး ရဲႏွစ္ဦးေသဆုံးကာ ဒဏ္ရာရသူမ်ားႏိုင္ေၾကာင္း အဆိုပါစစ္ဆင္ေရး တာဝန္ခံက ေျပာသည္။

အမွတ္ (၂)လမ္းမႀကီးႏွင့္ အေနာ္ရထာလမ္းေထာင့္ရွိ အၾကမ္းဖက္စစ္ေကာင္စီ၏ ရဲကင္းဘန္ကာကို အထူးတပ္ဖြဲ (ေတာင္ပိုင္းတိုင္း)အဖြဲ႕က ယေန႔( ဇူလိုင္ ၁၄ရက္) နံနက္ ၆နာရီခန္႔က ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းဟု ဆိုသည္။

“ဘန္ကာထဲက ရဲေခြးႏွစ္ေကာင္ေတာ့ ပြဲခ်င္းၿပီးပဲ။ ဒဏ္ရာရအေရအတြက္ေတာ့ မ်ားႏိုင္ေပမယ့္ အတိအက် မသိရေသးဘူး”ဟု နန္းထိုက္ေအာင္စစ္ဆင္ေရး တာဝန္ခံက ရွင္းျပသည္။

အဆိုပါစစ္ဆင္ေရးကို အခ်ိန္ယူျပင္ဆင္ခဲ့ရၿပီး ရဲဌာနတြင္းမွ ကူညီေဆာင္႐ြက္ေပးခဲ့သည့္ ဖရဲသီးရဲေဘာ္မ်ားကို မွတ္တမ္းတင္ဂုဏ္ျပဳေၾကာင္း ၎က ဆိုသည္။

“မနက္ အေစာအလုပ္သြားဖို႔ ျပင္ေနတုန္းၾကားတဲ့ ေသနတ္သံ ၁၀ခ်က္ေက်ာ္တယ္။ေနာက္ဆက္တြဲေတာ့ မသိရေသးဘူး”ဟု ေျမာက္ဒဂုံ (၁၆)ရပ္ကြက္တြင္ ေနထိုင္သူက လူထုေႏြဦးသို႔ ေျပာသည္။

လက္ရွိတြင္ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိလမ္းမမ်ားေပၚ၌ စစ္ေကာင္စီတပ္က ရဲကားသုံးစီးအပါအဝင္ အိမ္စီးကားမ်ားျဖင့္ ကင္းလွည့္ေနသည္ဟုလည္း ေဒသခံသတင္းရင္း ျမစ္မ်ားက ​ေျပာသည္။

“ပစ္တဲ့သူေတြကေတာ့ လြတ္တယ္လို႔သိရတယ္။ စခ ေတြဘက္က အထိအခိုက္ ရွိ၊မရွိမသိရေသး ေပမယ့္ ကင္းပုန္းဝပ္ေနတာေတြေတာ့ ၿမိဳ႕တြင္း မွာေတာ္ေတာ္မ်ားမ်ား ေတြ႕ရတယ္”ဟု ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦးက အသိေပးသည္။

၂၀၂၂ ဧၿပီ ၈ရက္က စတင္ခဲ့ေသာ နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရးအရ ရက္ေပါင္း ၆၀အတြင္း စစ္ေကာင္ စီပစ္မွတ္ ၉၁ ခုအား တိုက္ခိုက္ခဲ့ၿပီးအၾကမ္းဖက္စစ္ေကာင္စီတပ္ဘက္မွ ၈၀ ဦးထက္မနည္းေသဆုံးၿပီး ၉၀ ေက်ာ္ျပင္းထန္ဒဏ္ရာမ်ားရရွိေၾကာင္း စစ္ဆင္ေရးတာဝန္ခံက အသိေပးသည္။

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် မြောက်ဒဂုံရှိ ရဲထောက်ပံ့ရေးဌာန ရဲကင်းဘန်ကာကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနှစ်ဦးသေ

▪️စစ်ဆင်ရေးကိုရဲဌာနတွင်းမှ ကူညီဆောင်ရွက်ပေးခဲ့သည့် ဖရဲသီးရဲဘော်များကို မှတ်တမ်းတင်ဂုဏ်ပြုဟုပြော

ရဲခေါင်/People’s Spring

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ရဲထောက်ပံ့ရေးဌာန ရဲကင်းဘန်ကာကို ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး ရဲနှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများနိုင်ကြောင်း အဆိုပါစစ်ဆင်ရေး တာဝန်ခံက ပြောသည်။

အမှတ် (၂)လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရဲကင်းဘန်ကာကို အထူးတပ်ဖွဲ (တောင်ပိုင်းတိုင်း)အဖွဲ့က ယနေ့( ဇူလိုင် ၁၄ရက်) နံနက် ၆နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဘန်ကာထဲက ရဲခွေးနှစ်ကောင်တော့ ပွဲချင်းပြီးပဲ။ ဒဏ်ရာရအရေအတွက်တော့ များနိုင်ပေမယ့် အတိအကျ မသိရသေးဘူး”ဟု နန်းထိုက်အောင်စစ်ဆင်ရေး တာဝန်ခံက ရှင်းပြသည်။

အဆိုပါစစ်ဆင်ရေးကို အချိန်ယူပြင်ဆင်ခဲ့ရပြီး ရဲဌာနတွင်းမှ ကူညီဆောင်ရွက်ပေးခဲ့သည့် ဖရဲသီးရဲဘော်များကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ၎င်းက ဆိုသည်။

“မနက် အစောအလုပ်သွားဖို့ ပြင်နေတုန်းကြားတဲ့ သေနတ်သံ ၁၀ချက်ကျော်တယ်။နောက်ဆက်တွဲတော့ မသိရသေးဘူး”ဟု မြောက်ဒဂုံ (၁၆)ရပ်ကွက်တွင် နေထိုင်သူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် မြောက်ဒဂုံမြို့နယ်ရှိလမ်းမများပေါ်၌ စစ်ကောင်စီတပ်က ရဲကားသုံးစီးအပါအဝင် အိမ်စီးကားများဖြင့် ကင်းလှည့်နေသည်ဟုလည်း ဒေသခံသတင်းရင်း မြစ်များက ပြောသည်။

“ပစ်တဲ့သူတွေကတော့ လွတ်တယ်လို့သိရတယ်။ စခ တွေဘက်က အထိအခိုက် ရှိ၊မရှိမသိရသေး ပေမယ့် ကင်းပုန်းဝပ်နေတာတွေတော့ မြို့တွင်း မှာတော်တော်များများ တွေ့ရတယ်”ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အသိပေးသည်။

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင် စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *