ၾကားသိရသမွ်

ရွှေဒင်္ဂါးပြားဝယ်ဖို့ ​စောင့်​နေကြသူ​တွေ သိထားရမည့် အချက်များ.

ရွှေဒင်္ဂါးပြားဝယ်ဖို့ ​စောင့်​နေကြသူ​တွေ သိထားရမည့် အချက်များ..

“အတိတ်မေ့သလို၊ ရွှေပျောက်သလို” သိပ်တော့ မျှော်မနေကြနဲ့အုံး၊ စရောင်းမယ်ပြောတဲ့ စက်တင်ဘာ ၂ ရက်နေ့ နေ့လည် ၃ နာရီ အထိ စီစဉ်ဆဲနဲ့ အထက်ညွှန်ကြားချက်စောင့်နေဆဲတဲ့။

တစ်ကယ်တော့ တမတ်သား၊ ငါးမူးသား၊ တစ်ကျပ်သား ရွှေဒင်္ဂါးပြားတွေ အပြင် ၅ ကျပ်သား၊ တစ်ဆယ်သား၊ နှစ်ဆယ်သား အစရှိတဲ့ ၉၉.၉၉ သန့်စင်ရွှေ အပိုင်းတွေကို

၂၀၂၁၊ ဖေဖေါ်ဝါရီ ၁ ရက် နေ့မတိုင်ခင်က နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ ကျောက်မျက်ပြတိုက်တွေမှာ လိုသလောက် လွပ်လပ်စွာ ဝယ်လို့ရပါတယ်၊ ထုတ်လုပ်သူကတော့ ဗဟိုဘဏ်ပေါ့။

မှတ်မိ ကြမလားမသိဘူး၊ ၂၀၀၆ ခုနှစ်က ရန်ကုန်ကျောက်မျက်ပြတိုက်မှာ တစ်ကျပ်သား ၃ သိန်း နှုန်းသတ်မှတ်ပြီး နိုင်ငံသား တစ်ဦးလျှင် (မှတ်ပုံတင်ပြပြီး) တစ်ပြားစီရောင်းပေးတယ်၊

အဲဒီကစလို့ ရွှေတစ်ကျပ်သား ၃ သိန်းအောက် မဆင်းတော့တာ ကနေ့အထိ၊ အဲဒီတုန်းကလည်း ပြည်သူတွေ အရမ်းကြီးမဝယ်ကြပါဘူး၊ အမှတ်တရ သို့မဟုတ် လက်ဆောင်ပေးဖို့သာဝယ်ကြတာပါ။

အကြောင်းအရင်းက ၁။ ဒင်္ဂါးပြားဆိုတော့ လျှော့တွက် လက်ခရှိတယ်၊ ၂။ သစ်သားဘူး တန်ဘိုးက ၂ သောင်း/ ၃သောင်း ရှိတော့ အပြင်စျေးထက် အမြဲတမ်း ပိုတယ်၊

၃။ ၅ ကျပ်သား၊ ၁၀ သား၊ ၂၀ သား အပိုင်းတွေကျပြန်တော့ စျေးကွက်မှာ ပြန်ရောင်းရမလွယ်၊ ရောင်းချင်ရင် ရွှေဖိုတွေသွားပြီး အကယ်ဒမီ၊ ဘသန်း အစရှိတဲ့ စျေးကွက်ဝင် ၁၀ သား အပိုင်းတွေ ပြန်ဖျော်ပြီးမှ ရောင်းလို့ရ၊

မူလ အောင်စ အပိုင်းကနေ ကျပ်သားအပိုင်း အပြောင်းမှာ နည်းနည်းလျှော့ သွားတယ်၊ ဆိုလိုတာက ပြတိုက်က ရောင်းလိုက်တဲ့ ၁၀ သား အပိုင်းဟာ ဖျော်ပြီး စျေးကွက်ဝင် ၁၀ သား အပိုင်း အပြည့်မရတော့ဘူးပေါ့၊

ဆိုတော့ ၁၈ လနီးပါး လုံးဝအရောင်းပိတ်ထားတဲ့ အခုပြန်ရောင်းပေးမယ်ဆိုတဲ့ တစ်မတ်၊ ငါးမူး၊ တစ်ကျပ်သား အပြားတွေဟာ စျေးကွက်ကို သက်ရောက်မှု မရှိ ပါ၊

ဟိုးအရင်က ကြယ် ပုံ၊ ဆင်ပုံတွေနဲ့စ ထုတ်ပြီး ယခင် အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ရောင်းတော့ အမှတ်တရ အနေနဲ့ တော်တော် ရောင်းခဲ့ရတယ်။

အခု စိတ်ဝင်စားတာက ပြတိုက်မှာ အရောင်း ဖွင့်မဲ့စျေး၊ ယနေ့ သတင်းစာမှာ ၁ ကျပ်သား ကျပ် ၂,၀၀၁,၀၀၀/- တစ်ကယ်အရောင်းအဝယ်ဖြစ်နေတာက ကျပ် သိန်း ၃၀ ပတ်ချာလည်၊

သယံဇာတဝန်ကြီးဌာနကရောင်းပေးမယ်လို့ လည်းကြေငြာထားတယ်၊ စိတ်တော်တော် လှုပ်ရှားမိတယ်။

ဖြစ်နိုင်ခြေတွေက ၁။ သတင်းစာမှာ ကြေငြာတဲ့စျေးနဲ့ဖွင့်၊ ရောင်းပေးချင်သူ တစ်ယောက်နှစ်ယောက်လောက် (အထူးပုဂ္ဂိုလ်) ကို ရောင်းပေးပြီး တစ်ကယ်သွားဝယ်တော့ ယနေ့ အတွက် အရောင်းပိတ်ပြီပေါ့၊

၂။ လောလောဆယ် မရောင်းသေးဘူး၊ ဒါမှမဟုတ် ၃။ ကမ္ဘာ့ပေါက်စျေး အတိုင်းဆိုပီး စျေးကွက်ပေါက်စျေးအတိုင်း (နေ့စဉ်ထုတ်သတင်းစာ ပါစျေးနှုန်း အတိုင်းမဟုတ်ဘဲ) ရောင်းနိုင် (ဗြောင်ပေါ့)။

အခုမှ တစ်ကယ့်ကို အတိတ်မေ့သလို ရွှေပျောက်သလိုများ ဖြစ် နေမလား..။

စကားချပ် – ကျွန်တော်က ဗိုလ်ချုပ်ပုံပါဒင်္ဂါး ပြားတွေကို ဝန်ထမ်းတွေနဲ့ ဝမ်းကွဲညီအစ်ကိုတွေကို လက်ဆောင်ပေးတတ်လို့ပါ။

ဆြာဘို

ေ႐ႊဒဂၤါးျပားဝယ္ဖို႔ ​ေစာင့္​ေနၾကသူ​ေတြ သိထားရမည့္ အခ်က္မ်ား..

ေ႐ႊဒဂၤါးျပားဝယ္ဖို႔ ​ေစာင့္​ေနၾကသူ​ေတြ သိထားရမည့္ အခ်က္မ်ား..

“အတိတ္ေမ့သလို၊ ေ႐ႊေပ်ာက္သလို” သိပ္ေတာ့ ေမွ်ာ္မေနၾကနဲ႔အုံး၊ စေရာင္းမယ္ေျပာတဲ့ စက္တင္ဘာ ၂ ရက္ေန႔ ေန႔လည္ ၃ နာရီ အထိ စီစဥ္ဆဲနဲ႔ အထက္ၫႊန္ၾကားခ်က္ေစာင့္ေနဆဲတဲ့။

တစ္ကယ္ေတာ့ တမတ္သား၊ ငါးမူးသား၊ တစ္က်ပ္သား ေ႐ႊဒဂၤါးျပားေတြ အျပင္ ၅ က်ပ္သား၊ တစ္ဆယ္သား၊ ႏွစ္ဆယ္သား အစရွိတဲ့ ၉၉.၉၉ သန္႔စင္ေ႐ႊ အပိုင္းေတြကို

၂၀၂၁၊ ေဖေဖၚဝါရီ ၁ ရက္ ေန႔မတိုင္ခင္က ေနျပည္ေတာ္နဲ႔ ရန္ကုန္မွာရွိတဲ့ ေက်ာက္မ်က္ျပတိုက္ေတြမွာ လိုသေလာက္ လြပ္လပ္စြာ ဝယ္လို႔ရပါတယ္၊ ထုတ္လုပ္သူကေတာ့ ဗဟိုဘဏ္ေပါ့။

မွတ္မိ ၾကမလားမသိဘူး၊ ၂၀၀၆ ခုႏွစ္က ရန္ကုန္ေက်ာက္မ်က္ျပတိုက္မွာ တစ္က်ပ္သား ၃ သိန္း ႏႈန္းသတ္မွတ္ၿပီး ႏိုင္ငံသား တစ္ဦးလွ်င္ (မွတ္ပုံတင္ျပၿပီး) တစ္ျပားစီေရာင္းေပးတယ္၊

အဲဒီကစလို႔ ေ႐ႊတစ္က်ပ္သား ၃ သိန္းေအာက္ မဆင္းေတာ့တာ ကေန႔အထိ၊ အဲဒီတုန္းကလည္း ျပည္သူေတြ အရမ္းႀကီးမဝယ္ၾကပါဘူး၊ အမွတ္တရ သို႔မဟုတ္ လက္ေဆာင္ေပးဖို႔သာဝယ္ၾကတာပါ။

အေၾကာင္းအရင္းက ၁။ ဒဂၤါးျပားဆိုေတာ့ ေလွ်ာ့တြက္ လက္ခရွိတယ္၊ ၂။ သစ္သားဘူး တန္ဘိုးက ၂ ေသာင္း/ ၃ေသာင္း ရွိေတာ့ အျပင္ေစ်းထက္ အၿမဲတမ္း ပိုတယ္၊

၃။ ၅ က်ပ္သား၊ ၁၀ သား၊ ၂၀ သား အပိုင္းေတြက်ျပန္ေတာ့ ေစ်းကြက္မွာ ျပန္ေရာင္းရမလြယ္၊ ေရာင္းခ်င္ရင္ ေ႐ႊဖိုေတြသြားၿပီး အကယ္ဒမီ၊ ဘသန္း အစရွိတဲ့ ေစ်းကြက္ဝင္ ၁၀ သား အပိုင္းေတြ ျပန္ေဖ်ာ္ၿပီးမွ ေရာင္းလို႔ရ၊

မူလ ေအာင္စ အပိုင္းကေန က်ပ္သားအပိုင္း အေျပာင္းမွာ နည္းနည္းေလွ်ာ့ သြားတယ္၊ ဆိုလိုတာက ျပတိုက္က ေရာင္းလိုက္တဲ့ ၁၀ သား အပိုင္းဟာ ေဖ်ာ္ၿပီး ေစ်းကြက္ဝင္ ၁၀ သား အပိုင္း အျပည့္မရေတာ့ဘူးေပါ့၊

ဆိုေတာ့ ၁၈ လနီးပါး လုံးဝအေရာင္းပိတ္ထားတဲ့ အခုျပန္ေရာင္းေပးမယ္ဆိုတဲ့ တစ္မတ္၊ ငါးမူး၊ တစ္က်ပ္သား အျပားေတြဟာ ေစ်းကြက္ကို သက္ေရာက္မႈ မရွိ ပါ၊

ဟိုးအရင္က ၾကယ္ ပုံ၊ ဆင္ပုံေတြနဲ႔စ ထုတ္ၿပီး ယခင္ အစိုးရလက္ထက္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံနဲ႔ ထုတ္ေရာင္းေတာ့ အမွတ္တရ အေနနဲ႔ ေတာ္ေတာ္ ေရာင္းခဲ့ရတယ္။

အခု စိတ္ဝင္စားတာက ျပတိုက္မွာ အေရာင္း ဖြင့္မဲ့ေစ်း၊ ယေန႔ သတင္းစာမွာ ၁ က်ပ္သား က်ပ္ ၂,၀၀၁,၀၀၀/- တစ္ကယ္အေရာင္းအဝယ္ျဖစ္ေနတာက က်ပ္ သိန္း ၃၀ ပတ္ခ်ာလည္၊

သယံဇာတဝန္ႀကီးဌာနကေရာင္းေပးမယ္လို႔ လည္းေၾကျငာထားတယ္၊ စိတ္ေတာ္ေတာ္ လႈပ္ရွားမိတယ္။

ျဖစ္ႏိုင္ေျခေတြက ၁။ သတင္းစာမွာ ေၾကျငာတဲ့ေစ်းနဲ႔ဖြင့္၊ ေရာင္းေပးခ်င္သူ တစ္ေယာက္ႏွစ္ေယာက္ေလာက္ (အထူးပုဂၢိဳလ္) ကို ေရာင္းေပးၿပီး တစ္ကယ္သြားဝယ္ေတာ့ ယေန႔ အတြက္ အေရာင္းပိတ္ၿပီေပါ့၊

၂။ ေလာေလာဆယ္ မေရာင္းေသးဘူး၊ ဒါမွမဟုတ္ ၃။ ကမာၻ႔ေပါက္ေစ်း အတိုင္းဆိုပီး ေစ်းကြက္ေပါက္ေစ်းအတိုင္း (ေန႔စဥ္ထုတ္သတင္းစာ ပါေစ်းႏႈန္း အတိုင္းမဟုတ္ဘဲ) ေရာင္းႏိုင္ (ေျဗာင္ေပါ့)။

အခုမွ တစ္ကယ့္ကို အတိတ္ေမ့သလို ေ႐ႊေပ်ာက္သလိုမ်ား ျဖစ္ ေနမလား..။

စကားခ်ပ္ – ကြၽန္ေတာ္က ဗိုလ္ခ်ဳပ္ပုံပါဒဂၤါး ျပားေတြကို ဝန္ထမ္းေတြနဲ႔ ဝမ္းကြဲညီအစ္ကိုေတြကို လက္ေဆာင္ေပးတတ္လို႔ပါ။

ၾဆာဘို

Leave a Reply

Your email address will not be published. Required fields are marked *