အခ်စ္ေရး

လူတိုင္း သိထားသင့္တဲ့ လင္မယား ဥပေဒ အေၾကာင္း သိေကာင္းစရာမ်ား…

လင္မယား အဆက္အသြယ္ အေထာက္အပံ့မရွိလဲ တရားဝင္မကြာ ရွင္းေသးသ၍ လင္မယားအရာ မပ်က္ယြင္းပါ။လင္ျဖစ္သူ ေနအိမ္မွစြန႔္ခြာၿပီး ၃ ႏွစ္တိုင္ေအာင္ အဆက္အသြယ္ အေထာက္အပံ့မရွိရင္ေသာ္၎…

ေနာက္အိမ္ေထာင္ျပဳ ရင္ေသာ္၎၊မယား၏ ကိုယ္စိတ္ႏွစ္ပါးဆင္းရဲေစရန္ ေန႔စဥ္နဲ႔အမၽွႏွိပ္စက္ေနရင္ေသာ္၎… မယားအား လက္ေရာက္မႈ႔တစ္ႀကိမ္က်ဴးလြန္ယုံမၽွျဖင့္၎(မယားမွ တရား႐ုံးမွာ ကြာရွင္းခြင့္ ေလၽွာက္ထားနိုင္ပါသည္)

က်ိဴးေၾကာင္းဆီေလ်ာ္မႈ႔မရွိေသာအေၾကာင္းျပခ်က္နဲ႔ မယားသည္ ေနအိမ္မွစြန႔္ခြာကာ ၁ ႏွစ္တိုင္ အဆက္အသြယ္မလုပ္ ျပန္ေပါင္းရန္ မႀကိဳုးစားလ်င္၎၊အိမ္ေထာင္ေရး ေဖာက္ျပန္ရင္ေသာ္ ၎၊(လင္ျဖစ္သူဖက္မွ တရား႐ုံးတြင္ ကြာရွင္းခြင့္ေတာင္းနိုင္ပါသည္)

လင္မယားအရာေျမာက္ဖို႔ လက္ထပ္စာခ်ဴ ပ္လုပ္ရန္ မဂၤလာဆြမ္း ေကၽြး မဂၤလာေဆာင္က်င္းပ စတာေတြမလိုဘဲ ပတ္ဝန္းက်င္မွာလင္မယားလို အထင္အရွားေပါင္းသင္းေနထိုင္ယုံနဲ႔တရားဝင္လင္မယားအရာေျမာက္ပါသည္။

ရပ္ေက်း႐ုံး ေရွ႕ေန စသူတို႔ေရွ႕၌ (ကြာရွင္းျခင္းကတိစာခူ ပ္) မဟုတ္ေသာ စာခ်ဴ ပ္လက္မွတ္ေရးထိုး ကြာရွင္းျခင္းသည္။ ဥပေဒအရ တရားမဝင္ေသာ္လည္း သက္ေသအျဖစ္တင္ျပခြင့္ရွိသည္။

သတင္းစာထဲတြင္ တဖက္သတ္ကြာရွင္းျပတ္စဲေၾကာင္း ေၾကျငာျခင္းမ်ားသည္ ကာယကံရွင္ႏွင့္ ၎တို႔ပတ္ဝန္းက်င္ သိေစရန္မၽွသာ ျဖစ္ၿပီး ဥပေဒအရ တရားမဝင္ပါ။

viber /messanger/voice record စတာေတြနဲ႔အိမ္ေထာင္ေရးေဖာက္ျပန္ေၾကာင္း သက္ေသေတြဟာ သက္ေသခံတင္ျပခြင့္ရွိေပမယ့္ ခိုင္မာမႈ႔မရွိတဲ့အျပင္ တဖက္မွ ေခ်ပဖို႔အခြင့္အလမ္းမ်ားစြာ ရွိေနတာကို ဂ႐ုျပဳရပါမယ္ active ျဖစ္တဲ့ video file သာလ်င္ မိမိဖက္ကအသာစီးရနိုင္မယ့္သက္ေသျဖစ္သည္။

ကြာရွင္းၿပီးေသာ လင္မယားတို႔သည္ ျပန္လည္ေပါင္းသင္းပါက…လူသိ/နတ္ၾကားေပါင္းသင္းရမွာျဖစ္ၿပီးဆိတ္ကြယ္ရာအရပ္မ်ားတြင္အလ်ဥ္းသင့္သလို ဆက္ဆံယုံမၽွျဖင့္ ယခင္ကြာရွင္းထားေသာစာခ်ဴပ္အား အလိုအေလ်ာက္မပ်က္ျပယ္နိုင္ပါ(အခ်ဳပ္အားျဖင့္)

ျမန္မာ့ထုံးတမ္းအရ ျမန္မာ ဗုဒၶဘာသာဝင္မ်ားသည္ လင္မယားကြာရွင္း ၾထင္းကိစၥမ်ား၌ စာခ်ဴ ပ္ စာတမ္းမလိုကာယကံရွင္ ၂ ဦး၏ လြတ္လပ္ေသာ ဆႏၵသာအဓိကဟု စီရင္ထုံးမ်ားစြာမွာ ေဖာ္ျပထားေသာ္လည္း

စီရင္ထုံးဆိုသည္ကား ျပဌာန္းဥပေဒ မဟုတ္သည့္အတြက္ အျငင္းပြားစရာျဖစ္လာပါက နစ္နာမႈ႔မ်ားစြာၾကဳံ ေတြ႕ရမွာျဖစ္၏တလင္တမယားစနစ္က်င့္သုံးေရး ဥပေဒဟူေသာ (ငရဲ ဥပေဒ) တည္ျမဲေနစဥ္အတြင္းကြာရွင္းမည္ဆိုပါက တရား႐ုံးမ်ားတြင္သာ စိတ္အခ်ရဆုံးျဖစ္၏…

လင္မယား အတူမေန မေထာက္ပံ့ အဆက္အသြယ္မလုပ္ပါက ႏွစ္ဘယ္ေလာက္ၾကာရင္ အလိုအေလ်ာက္ျပတ္ဆဲပါသလဲ ဟူေသာအမ်ားစုသိခ်င္သည့္ေမးခြန္းအား ၎လင္မယား ၂ ေယာက္ထဲမွ တစ္ေယာက္ေယာက္ (တမလြန္ ခရီး) ႏွင္မွသာ အလိုလိုပ်က္ဆဲမွာျဖစ္ပါေၾကာင္း cb မွမၾကာခဏ ေမးတတ္လြန္းသူမ်ားအား ေျဖၾကားေပးလိုက္ပါသည္ …

မူရင္းတင္ျပသူအား ( ေလးစားလ်က္)… Credit ေပးပါသည္..။

unicode..

လင်မယား အဆက်အသွယ် အထောက်အပံ့မရှိလဲ တရားဝင်မကွာ ရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ။လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့မရှိရင်သော်၎င်း…

နောက်အိမ်ထောင်ပြု ရင်သော်၎င်း၊မယား၏ ကိုယ်စိတ်နှစ်ပါးဆင်းရဲစေရန် နေ့စဉ်နဲ့အမျှနှိပ်စက်နေရင်သော်၎င်း… မယားအား လက်ရောက်မှု့တစ်ကြိမ်ကျူးလွန်ယုံမျှဖြင့်၎င်း(မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်)

ကျိူးကြောင်းဆီလျော်မှု့မရှိသောအကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် ပြန်ပေါင်းရန် မကြိုုးစားလျင်၎င်း၊အိမ်ထောင်ရေး ဖောက်ပြန်ရင်သော် ၎င်း၊(လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့်တောင်းနိုင်ပါသည်)

လင်မယားအရာမြောက်ဖို့ လက်ထပ်စာချူ ပ်လုပ်ရန် မင်္ဂလာဆွမ်း ကျွေး မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာလင်မယားလို အထင်အရှားပေါင်းသင်းနေထိုင်ယုံနဲ့တရားဝင်လင်မယားအရာမြောက်ပါသည်။

ရပ်ကျေးရုံး ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာခူ ပ်) မဟုတ်သော စာချူ ပ်လက်မှတ်ရေးထိုး ကွာရှင်းခြင်းသည်။ ဥပဒေအရ တရားမဝင်သော်လည်း သက်သေအဖြစ်တင်ပြခွင့်ရှိသည်။

သတင်းစာထဲတွင် တဖက်သတ်ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်းများသည် ကာယကံရှင်နှင့် ၎င်းတို့ပတ်ဝန်းကျင် သိစေရန်မျှသာ ဖြစ်ပြီး ဥပဒေအရ တရားမဝင်ပါ။

viber /messanger/voice record စတာတွေနဲ့အိမ်ထောင်ရေးဖောက်ပြန်ကြောင်း သက်သေတွေဟာ သက်သေခံတင်ပြခွင့်ရှိပေမယ့် ခိုင်မာမှု့မရှိတဲ့အပြင် တဖက်မှ ချေပဖို့အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ် active ဖြစ်တဲ့ video file သာလျင် မိမိဖက်ကအသာစီးရနိုင်မယ့်သက်သေဖြစ်သည်။

ကွာရှင်းပြီးသော လင်မယားတို့သည် ပြန်လည်ပေါင်းသင်းပါက…လူသိ/နတ်ကြားပေါင်းသင်းရမှာဖြစ်ပြီးဆိတ်ကွယ်ရာအရပ်များတွင်အလျဉ်းသင့်သလို ဆက်ဆံယုံမျှဖြင့် ယခင်ကွာရှင်းထားသောစာချူပ်အား အလိုအလျောက်မပျက်ပြယ်နိုင်ပါ(အချုပ်အားဖြင့်)

မြန်မာ့ထုံးတမ်းအရ မြန်မာ ဗုဒ္ဓဘာသာဝင်များသည် လင်မယားကွာရှင်း ထြင်းကိစ္စများ၌ စာချူ ပ် စာတမ်းမလိုကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု စီရင်ထုံးများစွာမှာ ဖော်ပြထားသော်လည်း

စီရင်ထုံးဆိုသည်ကား ပြဌာန်းဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာဖြစ်လာပါက နစ်နာမှု့များစွာကြုံ တွေ့ရမှာဖြစ်၏တလင်တမယားစနစ်ကျင့်သုံးရေး ဥပဒေဟူသော (ငရဲ ဥပဒေ) တည်မြဲနေစဉ်အတွင်းကွာရှင်းမည်ဆိုပါက တရားရုံးများတွင်သာ စိတ်အချရဆုံးဖြစ်၏…

လင်မယား အတူမနေ မထောက်ပံ့ အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာရင် အလိုအလျောက်ပြတ်ဆဲပါသလဲ ဟူသောအများစုသိချင်သည့်မေးခွန်းအား ၎င်းလင်မယား ၂ ယောက်ထဲမှ တစ်ယောက်ယောက် (တမလွန် ခရီး) နှင်မှသာ အလိုလိုပျက်ဆဲမှာဖြစ်ပါကြောင်း cb မှမကြာခဏ မေးတတ်လွန်းသူများအား ဖြေကြားပေးလိုက်ပါသည် …

မူရင်းတင်ပြသူအား ( လေးစားလျက်)… Credit ပေးပါသည်..။

Leave a Reply

Your email address will not be published. Required fields are marked *