ၾကားသိရသမွ်

ပရိသတ်တွေကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတဲ့ ဦးဗေလုဝရဲ့ ဗီဒီယိုဖိုင်လေး









credit

unicode

ပရိသတ်ကြီးရေ …ဦးဗေလို့ ပရိသတ်တွေက ချစ်စနိုးခေါ်တွင်ကြတဲ့ အနုပညာရှင်သရုပ်ဆောင် အကယ်ဒမီ ဗေလုဝဟာ နာမည်ကျော်ဇာတ်ကားတွေများစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို ဟာသအပြောလေးတွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့သူဖြစ်ပါတယ်။

စာပေဟောပြောပွဲတွေလည်းမကြာခဏလုပ်လေ့ရှိတဲ့ ဦးဗေဟာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလှုပ်ရှားမှုတွေလည်းရပ်နားထားခဲ့ရတာ အချိန်ကာလအတန်ကြာခဲ့ပြီပဲဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာ ဦးဗေဟာ စကားပြောတဲ့သွေးကြောခဲသွားတာကြောင့် အရေးပေါ်ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အရင်ကထက် ကျန်းမာရေးပိုကောင်းလာပြီး လေ့ကျင့်ခန်းတွေလည်းပြန်ပြီးလုပ်နိုင်နေပြီလို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဦးဗေရဲ့အင်တာဗျူးဗီဒီယိုလေးတစ်ခုဟာ ဆိုရှယ်မီဒီယာထက်မှာပျံ့နှံ့လာခဲ့ပြီး ပရိသတ်တွေကလည်း ဦးဗေကို သတိရတဲ့အကြောင်း၊အနုပညာလှုပ်ရှားမှုတွေအမြန်ဆုံးပြန်လုပ်နိုင်ဖို့ဆုတောင်းပေးထားကြတဲ့စကားတွေလည်း အများကြီးပြောခဲ့ကြတာတွေ့ရပါတယ်။

ဦးဗေဟာ စကားပြောဆိုဖို့အခက်အခဲအနည်းငယ်ရှိနေသေးပေမယ့်လည်း အင်တာဗျူးကနေတစ်ဆင့် ပရိသတ်တွေကို သတိရနေတယ်ဆိုတာလေးကြိုးစားပြီး ပြောပြသွားခဲ့ပါတယ်။

ဦးဗေရဲ့ဗီဒီယိုလေးကို ပရိသတ်တွေအတွက်ဝေမျှပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးလည်း ဗီဒီယိုလေးကိုကြည့်ရင်း ဦးဗေကို ပြောချင်တဲ့စကားလေးတွေရှိရင် မန့်ခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *