ၾကားသိရသမွ်

(၉) တန်းအောင်ရုံနဲ့ သူနာပြုအကူ သင်တန်းတက်ခွင့်ရမယ့်လို့ စကစ ထုတ်ပြန်

(၉) တန်းအောင်ရုံနဲ့ သူနာပြုအကူ သင်တန်းတက်ခွင့်ရမယ့်လို့ စကစ ထုတ်ပြန်

စကစရဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီး များနှင့် တိုင်းဒေသကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနရှိ ဆေးရုံကြီးများတွင် အကူသူနာပြု (ပြင်ပ) (၉)လ သင်တန်းကို ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တက်ရောက်လိုသူများအနေဖြင့် ပညာအရည်အချင်းအား နဝမတန်း(၉ တန်း) အောင်မြင်ရမည်ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် အသက် ၂၅ နှစ်ထက်မကျော်လွန်သူဖြစ်ရမည်ဟု ရေးသားဖော်ပြထားပါတယ်။

“သူနာပြုအကူက အရင်က ၁၀ တန်းအောင်မှ တက်ခွင့်ရတာ။ ဒါတောင် ဝင်ခွင့်စာမေးပွဲ ဖြေရတယ် ဝင်ခွင့်အောင် နှုတ်မေးနှုတ်ဖြေစစ်သေးတယ်။အဲဒီအဆင့်အောင်မှ ဆရာဝန်ကိုယ်တိုင် ဆေးစစ်တာ။ စာတွေ့ ၆လ ပြီးရင် လက်တွေ့၆လ။ အခုက စာတွေ့ပဲ လက်တွေ့မပါဘူး တို့တုန်းက အကုန်တက်ခဲ့ရတယ် ဘာသာရပ် ၅ဘာသာ သင်ရတာ။ အောင်ရင်ရွှေရောင်တံဆိပ်နဲ့ အောင်လက်မှတ်ထုတ်ပေးတယ် အဲဒီလက်မှတ် စင်ကာပူထိ သွားအလုပ်လုပ်ရတယ် အကူသူနာပြုတွေက အခုက နာတာရှည်ကို ဆေးတိုက်တဲ့အဆင့်ပဲရှိတာလေ” ဟု အကူသူနာပြုသင်တန်း တက်ရောက်ခဲ့ဖူးသည့် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

(၉)လ သင်တန်းပြီးဆုံးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး(၂)နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မလိုက်နာပါက ဒဏ်ငွေ ၅သိန်းတိတိပေးလျော်ရမယ်လို့ ကြေညာချက်မှာ ပါပါတယ်။ ယခင်က အကူသူနာပြုသင်တန်းအား တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှသာ တက်ရောက်ခွင့်ရှိသော်လည်း စကစကမူ နဝမတန်း(၉ တန်း) အောင် အဖြစ် လျော့ချသတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။

စကစအနေဖြင့် အကူသူနာပြုသင်တန်း ဝင်ခွင့် ပညာအရည်အချင်းအား လျော့ချသတ်မှတ်ခြင်းမှာ စကစလက်အောက်မှာ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအင်အား နည်းပါးနေခြင်းကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့ခံ သတင်းစာဆရာတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

စကစအနေနဲ့ သူတို့လက်အောက်မှာ တာဝန်ထမ်းဆောင်မယ့်သူ မရှိတာကြောင့် သတ်မှတ်အရည်အချင်းထက် နိမ့်တဲ့သူတွေကို ဝန်ထမ်းတွေအဖြစ် သတ်မှတ်ခေါ်ယူလေ့ ရှိပါတယ်။ ပညာရေးတက္ကသိုလ် မတက်ခဲ့ရတဲ့ ရိုးရိုးဘွဲ့ရတွေကို ဆွဲခန့် ဆရာမအဖြစ် လည်းကောင်း၊ အထူးကုဆရာဝန်ဘွဲ့ စာမေးပွဲ မအောင်တဲ့သူတွေကို အအောင်ပေးခြင်းဖြင့် လည်းကောင်း အရည်အချင်း မပြည့်မီတဲ့ သူတွေကို ရာထူးများ ပေးလေ့ ရှိပါတယ်။

ယခုတခါမှာလည်း သူနာပြုအကူ သင်တန်းတွေကို (၉) တန်းအောင်သူများကို တက်ရောက်ခွင့် ပြုခဲ့တာကြောင့် မြန်မာပြည် သူနာပြုလောကအတွက် ရင်လေးစရာ ဖြစ်တယ်လို့ ဝါရင့်သူနာပြုတဦးက ပြောပါတယ်။

(၉) တန္းေအာင္႐ုံနဲ႔ သူနာျပဳအကူ သင္တန္းတက္ခြင့္ရမယ့္လို႔ စကစ ထုတ္ျပန္

စကစရဲ႕ က်န္းမာေရးဝန္ႀကီးဌာန၊ ကုသေရးဦးစီးဌာနေအာက္ရွိ ဗဟိုအဆင့္ေဆး႐ုံႀကီး မ်ားႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္ကုသေရးဦးစီးဌာနရွိ ေဆး႐ုံႀကီးမ်ားတြင္ အကူသူနာျပဳ (ျပင္ပ) (၉)လ သင္တန္းကို ဖြင့္လွစ္သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။

တက္ေရာက္လိုသူမ်ားအေနျဖင့္ ပညာအရည္အခ်င္းအား နဝမတန္း(၉ တန္း) ေအာင္ျမင္ရမည္ျဖစ္ၿပီး စက္တင္ဘာလ ၁၅ ရက္ေန႔တြင္ အသက္ ၂၅ ႏွစ္ထက္မေက်ာ္လြန္သူျဖစ္ရမည္ဟု ေရးသားေဖာ္ျပထားပါတယ္။

“သူနာျပဳအကူက အရင္က ၁၀ တန္းေအာင္မွ တက္ခြင့္ရတာ။ ဒါေတာင္ ဝင္ခြင့္စာေမးပြဲ ေျဖရတယ္ ဝင္ခြင့္ေအာင္ ​ႏႈတ္ေမးႏႈတ္ေျဖစစ္ေသးတယ္။အဲဒီအဆင့္ေအာင္မွ ဆရာဝန္ကိုယ္တိုင္ ေဆးစစ္တာ။ စာေတြ႕ ၆လ ၿပီးရင္ လက္ေတြ႕၆လ။ အခုက စာေတြ႕ပဲ လက္ေတြ႕မပါဘူး တို႔တုန္းက အကုန္တက္ခဲ့ရတယ္ ဘာသာရပ္ ၅ဘာသာ သင္ရတာ။ ေအာင္ရင္ေ႐ႊေရာင္တံဆိပ္နဲ႔ ေအာင္လက္မွတ္ထုတ္ေပးတယ္ အဲဒီလက္မွတ္ စင္ကာပူထိ သြားအလုပ္လုပ္ရတယ္ အကူသူနာျပဳေတြက အခုက နာတာရွည္ကို ေဆးတိုက္တဲ့အဆင့္ပဲရွိတာေလ” ဟု အကူသူနာျပဳသင္တန္း တက္ေရာက္ခဲ့ဖူးသည့္ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

(၉)လ သင္တန္းၿပီးဆုံးပါက ႏိုင္ငံ့ဝန္ထမ္းအျဖစ္ အနည္းဆုံး(၂)ႏွစ္တာဝန္ထမ္းေဆာင္ရမည္ျဖစ္ၿပီး မလိုက္နာပါက ဒဏ္ေငြ ၅သိန္းတိတိေပးေလ်ာ္ရမယ္လို႔ ေၾကညာခ်က္မွာ ပါပါတယ္။ ယခင္က အကူသူနာျပဳသင္တန္းအား တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္ျမင္မွသာ တက္ေရာက္ခြင့္ရွိေသာ္လည္း စကစကမူ နဝမတန္း(၉ တန္း) ေအာင္ အျဖစ္ ေလ်ာ့ခ်သတ္မွတ္လိုက္ျခင္းျဖစ္ပါတယ္။

စကစအေနျဖင့္ အကူသူနာျပဳသင္တန္း ဝင္ခြင့္ ပညာအရည္အခ်င္းအား ေလ်ာ့ခ်သတ္မွတ္ျခင္းမွာ စကစလက္ေအာက္မွာ တာဝန္ထမ္းေဆာင္ေနသည့္ က်န္းမာေရးဝန္ထမ္းအင္အား နည္းပါးေနျခင္းေၾကာင့္ ျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ခံ သတင္းစာဆရာတစ္ဦးက သုံးသပ္ေျပာဆိုထားပါတယ္။

စကစအေနနဲ႔ သူတို႔လက္ေအာက္မွာ တာဝန္ထမ္းေဆာင္မယ့္သူ မရွိတာေၾကာင့္ သတ္မွတ္အရည္အခ်င္းထက္ နိမ့္တဲ့သူေတြကို ဝန္ထမ္းေတြအျဖစ္ သတ္မွတ္ေခၚယူေလ့ ရွိပါတယ္။ ပညာေရးတကၠသိုလ္ မတက္ခဲ့ရတဲ့ ႐ိုး႐ိုးဘြဲ႕ရေတြကို ဆြဲခန႔္ ဆရာမအျဖစ္ လည္းေကာင္း၊ အထူးကုဆရာဝန္ဘြဲ႕ စာေမးပြဲ မေအာင္တဲ့သူေတြကို အေအာင္ေပးျခင္းျဖင့္ လည္းေကာင္း အရည္အခ်င္း မျပည့္မီတဲ့ သူေတြကို ရာထူးမ်ား ေပးေလ့ ရွိပါတယ္။

ယခုတခါမွာလည္း သူနာျပဳအကူ သင္တန္းေတြကို (၉) တန္းေအာင္သူမ်ားကို တက္ေရာက္ခြင့္ ျပဳခဲ့တာေၾကာင့္ ျမန္မာျပည္ သူနာျပဳေလာကအတြက္ ရင္ေလးစရာ ျဖစ္တယ္လို႔ ဝါရင့္သူနာျပဳတဦးက ေျပာပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *