ၾကားသိရသမွ်

မီးဖိုချောင်ထဲက ဘေစင်တွေကို မကြာခဏဆေးသင့်တဲ့ အကြောင်းအရင်​း (အိမ်ရှင်မများ)

မီးဖိုချောင်ထဲက ဘေစင်တွေကို မကြာခဏဆေးသင့်တဲ့ အကြောင်းအရင်​း (အိမ်ရှင်မများ)

မီးဖိုချောင်ထဲက ဘေစင်ထဲမှာအိမ်သာထဲကထက်bacteria ပိုများတာသိပါသလား

ပန်းကန်တွေကို နေစဉ်ဘေစင်ထဲဆေးတဲ့အတွက် ဘေစင်တွေကို မကြာမကြာဆေးကြောပေးသင့်ပါတယ်။

ဘေစင်တွေကို ဆပ်ပြာနဲ့ဆေးရုံနဲ့မဖြစ်ပါဘူး။ ဒါဟာတကယ်တော့ပိုညစ်ပတ်စေပါတယ်

လူအများစုက ဘေစင်ထဲမှာပန်းကန်ဆေးကြောတဲ့အတွက် ဘေစင်တွေကသူ့ဟာနဲ့သူ သန့်ရှင်းနေပြီးသားလို့ထင်ကြတယ်။

ဒါပေမဲ့ ဆပ်ပြာက ဘေစင်ထဲကbacteria တွေကိုသေအောင်မလုပ်နိုင်ပါဘူး။

အသား၊ငါးတွေခုတ်ထစ်ပြီးစဉ့်နီတုံးဆေးတဲ့အခါ ၊ကြက်ဥအစိမ်းကိုရေဆေးတဲ့အခါ၊ bacteria တွေက ဘေစင်ထဲမှာကျန်ခဲ့ပါတယ်။

ဘေစင်ထဲမှာရေနွေးလည်းလာတဲ့အတွက် bacteria တွေမျိူးပွားဖို့နဲ့နေထိုင်ဖို့ကောင်းတဲ့နေရာဖြစ်တယ်။

ဒါကြောင့်နေ့စဉ်ဘေစင်ထဲမှာbacteria မရှိအောင်ထားဖို့လိုအပ်​ပါတယ်​။

လိုအပ်သောပစ္စည်း

မုန့်ဖုတ်ဆိုဒါ

ရေ

ပန်းကန်ဆေးဆပ်ပြာ

ရော်ဘာလက်အိတ်

ရေမြုပ်(သို့) အဝတ်စ

-ဘေစင်ထဲမှာဘာမှမရှိပါစေနဲ့

မုန့်ဖုတ်ဆိုဒါကို ဘေစင်ထဲဖြန်းပါ မုန့်ဖုတ်ဆိုဒါက အစာအကြွင်းကျန်တွေဖယ်ရှားပေးနိုင်တယ်။ ဒါပေမဲ့ဘေစင်ကmaterial တွေကိုမပျက်ဆီးပါစေနဲ့။

ရော်ဘာလက်အိတ်ဝတ်ပြီးရေမြုပ်(သို့) အဝတ်စထဲမှာ ပန်းကန်ဆေးဆပ်ပြာကိုထည့်ပါ။

ရေနွေးနဲနဲကိုဘေစင်ထဲထည့်ပြီး တိုက်ချွတ်ပါ ဘေစင်ရဲ့နေရာတစ်ခုချင်းဆီကို စက္ကန့်၂ဝလောက်တိုက်ပါ။

ချွတ်ရခက်တဲ့အညစ်အကြေးရှိတဲ့နေရာတွေကို အချိန်ပိုပေးတိုက်ချွတ်ပါ သန်​့ရှင်​းစင်​ကြယ်​သွားပါလိမ်​့မယ်​။

Credit Daily Hot News








ဘေစင်ထဲမှာရေနွေးလည်းလာတဲ့အတွက် bacteria တွေမျိုးပွားဖို့နဲ့နေထိုင်ဖို့ကောင်းတဲ့နေရာဖြစ်တယ်။


လိုအပ်သောပစ္စည်း

မုန့်ဖုတ်ဆိုဒါ

ရေ

ပန်းကန်ဆေးဆပ်ပြာ

ရော်ဘာလက်အိတ်

ရေမြုပ်(သို့) အ၀တ်စ






Credit Daily Hot News

Leave a Reply

Your email address will not be published. Required fields are marked *