crd
unicode
လူတွေက ဒေါ်လာနဲ့ ရွှေကို အလုအယက်ဝယ်နေလို့ ရွှေနဲ့ဒေါ်လာဝယ်မရဘူးဆိုရင် တခြားဝယ်ထားသင့်တော့ အရာများ ( ဘာမှ ဝယ်မရရင် ဒါတွေသာဝယ်ထား )
အခုလို မြန်မာငွေ တန်ဖိုး ဆက်တိုက်ကျနေတဲ့ အချိန်မှာ လူတွေက ဒေါ်လာနဲ့ ရွှေကို အလုအယက်ဝယ်ကျတယ်။ အဲဒီမှာ ဒေါ်လာ ရွှေ ၂ ခုလုံးက ဝယ်သူပဲ ရှိပြီး ရောင်းသူ မရှိလို့ ဘာလုပ်ရမလဲ ဆိုသူများအတွက် အကြံပေးချင်တာပါ။
အပေါ်က ၂ ခု ဝယ်မရရင် ဒုတိယ ဦးစားပေး စဉ်းစားသင့်တာက ထိုင်းဘတ်ပါ။ ပုံမှန်နယ်စပ်ကုန်သွယ်ရေးနဲ့ ကူးလူးဆက်ဆံရေး
ရှိတဲ့အပြင် လက်ရှိမှာ သူတို့ရဲ့ နိုင်ငံရေး မငြိမ်တာတောင် ငွေတန်ဖိုးကျမသွားဘူး။ ပြီးတော့ ဒီက သူတွေ အကုန်တွန်းဝယ်နေလို့ ပြန်ရောင်းရင်လည်း ရောင်းလို့ လွယ်တယ်။
တတိယစဉ်းစားသင့်တာက စင်ကာပူဒေါ်လာနဲ့ တရုတ်ယွမ်ပါ။ ကုန်သွယ်ရေး၊ ကူးလူးဆက်ဆံရေး ပုံမှန် ရှိတဲ့ အပြင် ဝယ်လို့ ရောင်းလို့ ရတဲ့ထဲမှာ ပါပါတယ်။ သူတို့ရဲ့ စီးပွားရေးကလည်း ငြိမ်ပြီး
ပုံမှန်ရှိနေမယ်လို့ မှန်းဆရတယ်။ စတုတ္ထစဉ်းစားသင့်တာက မလေးရှား ရင်းဂစ်နဲ့ အိန္ဒိယရူပီးပါ။ သူတို့လည်း သိပ်အခြေအနေ မဆိုးပါဘူး။ အခုအချိန်မှာ မဝယ်သင့်သေးတာက ယူရိုနဲ့ ဂျပန်ယန်းပါ။
သူတို့ငွေကိုယ်တိုင်က အားပျော့နေပြီး အပေါ်က ပြောထားတဲ့ ငွေတွေနဲ့ ယှဉ်ရင် တန်ဖိုးရှိမှု ရာခိုင်နှုန်း လောလောဆယ်မှာ နည်းနေပါတယ်။ ဒီတော့ ကိုယ့်မှာ ငွေကိုလက်ထဲလည်း
မထားချင် ဒေါ်လာ ရွှေလည်း ဝယ်မရဘူးဆိုရင် အပေါ်က ပြောထားတဲ့အထဲက တခုခုသာ ကိုင်ထားလိုက်ပါ၊ သေချာပေါက် မမှားပါဘူး။
crd