အေထြအေထြဗဟုသုတ

ထမင်းပေါင်းအိုးပျက်ရင် လွှင့်မပစ်ကြပါနဲ့ ဒီအတိုင်းပြင်ပြီး သုံးလိုက်ပါ

မြို့ပေါ်နေ မိသားစုတွေအတွက် လျှပ်စစ်ထမင်းပေါင်းအိုးဟာ မရှိမဖြစ် အရေးပါတဲ့ အိမ်သုံးပစ္စည်းတခုပါ။အသုံးများသလို အပျက်လည်းများကြပါတယ်။

အခုတခေါက်မှာတော့သားချင်းတယောက်ရဲ့ တရုတ်ထမင်းပေါင်အိုး (လေးဘူးချက်)တလုံး ပျက်နေပြီး အမှိုက်ထဲ ရောက်မဲ့ ပေါင်းအိုးလေး ပြုပြင်ပုံကို တင်ပြပေးပါမယ်။

ပေါင်းအိုးပြစ်ချက်များကတော့…

1.Power supply မီးအဝင်ခေါင်း အရည်ပျော်နေတယ်။

2.ခလုတ်(check point) မကြာခန တက်နေတယ်။

ပြစ်ချက် ၁ အတွက်

အောက်ခံ ကြွေသားပါတဲ့ မီးအဝင်ခေါင်း ဆော့ကက် အထိုင်ကို လျှပ်စစ်အပိုပစ္စည်းဆိုင်တွေမှာ ၅၀၀ိ/-နဲ့ ဝယ်ပြီး ပုံမှာပြထားသလို လဲပေးလိုက်ရင် ရေရှည် အသုံးခံတဲ့ခေါင်းဖြစ်မယ်။

(ယိုးဒယား ဒယ်အိုး အနီ သုံးတဲ့ ခေါင်းကြိုး တပ်သုံးလို့ရသွားပြီ)။

{အထိုင်ပေါက်က အတူတူဘဲ နတ်ကြပ်ရုံပါ}အော်ရီဂျင်နယ် သုံးပေါက်ခေါင်းကြိုးနဲ့ အထိုင် ခေါင်း တွေက အပူဒဏ်မခံနိုင်ဘဲ မကြာခန အရည်ပျော် shock ဖြစ် နေတာကို အခုလို ကြွေခေါင်းခံပေးရင် ရေရှည် စိတ်ချသုံးလို့ရပြီ။

ပြစ်ချက် ၂ အတွက်က သာမိုစတက် ခလုတ်မောင်းကို အော်တိုဖြုတ်ပေးတဲ့ အပူကွိုင် အလည်က “သံလိုက်ခလုတ်အုံ”(check point)ကို လဲပေးရင် ပေါင်းအိုး မကြာခန ခလုတ်တက်နေတာ ကောင်းသွားမယ်။

ဒီပေါင်းအိုးက သူတို့ကလိထားတော့ ထမင်းကျက်ပြီး နှပ်တဲ့ circuit ကြိုးတွေ မပါလာဘူး။ဒါပေမဲ့ ချက်လို့ရအောင် ပြင်ပေးလိုက်တယ်။

အိမ်ရှင်မများသို့ အကြံပြုချက်

တရုတ် ပေါင်းအိုးများဟာ ပစ္စည်း အရည်အသွေး အလွန်ညံ့ပါတယ်၊ ဖြစ်နိုင်ရင် ယိုးဒယား ကလာတဲ့ ထမင်း ပေါင်းအိုးများကို သုံးစေခြင်ပါတယ်။

Sharp,National,Toshiba,Mitshushita(ယိုးဒယား မြင်းတံဆိပ်), Hanabi shi(ဟာနာဘီရှီ)စသည်ဖြင်လာပါတယ် ။ ရေရှည် အသုံးခံပါတယ်။တရုတ်ပေါင်အိုးများက ပစ္စည်း ညံလို့ မီးဘေးအန္တရယ် စိုးရိမ်ရပါတယ်။

ကျနော်သုံးနေတဲ့ Sharp ထမင်းပေါင်းအိုးဟာ ဆန်သားလှသလို မိနစ် ၂၀ ဝန်ကျင်နဲ့ ထမင်းကျက်ပါတယ်(volt အားပြည့်လို့ပါ)။

တရုတ်အိုးက မိနစ် ၃၀ ဝန်းကျင် ပါ။မီးအား ကျနေရင် မသုံးသင့်ပါ။ အန္တရယ်ရှိနိုင်လို့ပါ။ပေါင်းအိုးဆော့ကက်ခေါင်းများကို မကြာခန စစ်ဆေးပေးပါ။

ချောင်နေ/လှုပ်နေလျှင် စံနစ်တကျ ပြန်တပ်ပြီးမှသုံးပါ။ ပေသုံးပါက အရည်ပျော် shock ဖြစ်ပြီး အန္တရယ်ရှိနိုင်လို့ပါ။

ပေါင်းအိုးတည်လျှင် အိုးဘေးမှ ရေများကို အဝတ်ဖြင့် ခြောက်အောင်သုတ်ပြီးမှ အိုးကို ထည့်ပါ။

ခလုတ်တက်နေတာကို (ဒုတ်နဲ့ထိုးပြီး/တခုခုနဲ့ ဖိထားပြီး)မသုံးပါနဲ့ အရမ်းအန္တရယ်ကြီးပါတယ်။

(အပူကွိုင် အလည်က သံလိုက်ခလုတ်အုံ (check point)လဲရင် ကောင်းသွားတယ်)။

တည်မဲ့ဆန် နဲ လို့=ဥပမာ= (ခလုပ်တက်ရင်တော့၁ ဘူးဘဲ တည်ရင်) အဖုံးအပေါ်က တခုခုတင်လိုက်ရင် အဆင်ပြေပါတယ်။

တခါတလေ ဒန်အိုး က သိပ်ကြာနေပြီး အလည်က ခွက်နေရင်လည်း ခလုတ်နဲ့ အထိုင်မကျ/fitting မဖြစ်ဘဲ ခလုတ်တက်လေ့ရှိပါတယ်။

ဒန်အိုး ဖင်ကို မူလအတိုင်း ပြင်ပေးရင်ရပါတယ်။ဒါကို မလုပ်ပါနဲ့။

ထမင်းပေါင်းအိုး ထဲမှာ တခြားအိုးထဲ့ပြီးရေနွေးကျိုခြင်း၊တခြား fitting မကျတဲ့ အိုးတွေ ထည့် ပြီးတည်တာ မလုပ်ရပါဘူးဗျာ။ပေါင်းအိုး ပျက်တတ်လို့ပါ။

မိတ်ဆွေ များမိမိတို့ကိုယ်တိုင် ပြုပြင် ပြီး အိမ်သုံးစရိတ် ချွေတာနိုင်ကြပါစေဗျာ။

၁ အလည် သံလိုက် ခလုတ်အုံ အသစ်တပ်ဆင်ခြင်း။

၂ power supply မီးအဝင် ကြွေခေါင်း

၃ မီးအဝင် ကြွေခေါင်း စံနစ်တကျ တပ်ဆင်ခြင်း။

၄ မီးကြိုးများစံနစ်တကျ တပ်ဆင်ပြီးနောက် သာမိုစတက် မောင်းတံနှင့် အလည်ခလုတ်အုံအား စံနစ်တကျ ချိတ်ဆက်တပ်ဆင်ပေးခြင်း။

၅ .ထမင်းချက်လို ရသွားတဲ့ပေါင်းအိုး

ပေါင်းအိုး ပြင်ပေးလို့ သားချင်းက လက်ဖျော် လ္ဘက်ရည်နဲ့ ဧည့်ခံ တယ်ခမျ။

(ပေါင်းအိုးဘေးမှာကြည့်ပါ။)ဝါသနာအရ ပြုု ပြင် နည်းများကိုတင်ပြပေးပါသည်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *