ယနေ့ခေတ်မှာ ဈေးနှုန်းအမျိုးမျိုးနဲ့ အခုလို သုံးမိနစ် ရေနွေးအိုးလို့ ခေါ်ကြတဲ့ ရေနွေးအိုးတွေကို လူတန်းစားအမျိုးမျိုးက အသုံးပြုလျက် ရှိပါတယ်။
ရေနွေးဆူတာ မြန်တယ် အချိန်ကုန်သက်သာတယ် သယ်ရ လွယ်ကူတယ် စတဲ့ အကြောင်းပြချက်တွေနဲ့ လူတွေရဲ့ သဘောကျမှုကို ရရှိနေတာပါ။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက် တစ်ခုကေတာ့ ဆေးကြောဖို့ မလုပ်တာပဲ ဖြစ်ပါတယ်။
အသုံးပြုတာ ကြာလေ အိုးရဲ့ အတွင်းမှာ အညှိလိုမျိုးတွေ ညစ်နွမ်းလာတတ်ပါတယ်။ ဒါကြောင့် သန့်ရှင်းလို့ ရမယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
နည်းလမ်း (၁)ပထမဆုံး အနေနဲ့ ရေနဲ့ ရှာလကာရည်ကို အချိုးကျ ရောစပ်ပြီး ရေနွေးအိုးထဲကို ထည့်ပါ။ တစ်နာရီလောက်ကြာအောင် ရေနွေးအိုးထဲမှာ ထားထားရပါမယ်။ တစ်နာရီကြာပြီးရင်တော့ ရေနွေးအိုးကို ဆူအောင် တည်လိုက်ပါ။
ရေဆူရင်တော့ ၁၅ မိနစ် သို့ မိနစ် ၂၀ လောက် အဲ့သည့်အတိုင်း ဆက်ထားလိုက်ပါ။ ဒီလို ထားပြီးရင်တော့ ရေနွေးအိုးထဲက ရေတွေကို သွန်ပြီး ရေထည့်ပြီး ကျင်းလိုက်ရင် ရပါပြီ။
နည်းလမ်း (၂)ရေနွေးအိုးထဲကို ရေထည့်ပါ။ ရေထဲကို မုန့််ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ််ဇွန််းစာလောက်ပါ ထည့်လိုက်ပါ။ ပြီးရင်တော့ ရေနွေးဆူအောင် တည်လိုက်ပါ။
ရေဆူသွားတဲ့အခါ မိနစ် ၂၀ လောက် ရေနွေးအိုးထဲမှာပဲ ဆက္ထားပါ။ မိနစ် ၂၀ ကြာပြီးရင်တော့ ရေနွေးအိုးထဲက ဆူထားတဲ့ရေတွေကို သွန်ပစ်ပြီး ရေအေးအေးနဲ့ ကျင်းပြီး အသုံးပြုနိုင်ပါပြီ။
နည်းလမ်း (၃)ဒီနည်းကတော့ လီမွန်သီး သို့ သံပယိုသီး ရှိရင် အဆင်ပြေပါတယ်။ လီမွန်ရည်နဲ့ ရေကို ၁၅ ဆ ၁ ဆ အချိုးဖြင့် ရောစပ်ပြီး ရေနွေးအိုးထဲကို ထည့်ပါ။ တစ်နာရီလောက် ကြာအောင် ရေနွေးအိုးထဲမှာ ထည့်ထားပြီးတဲ့အခါမှာ ရေဆူအောင် တည််လိုက်ပါ။
ပြီးရင် ဆူသြားတဲ့ ရေတွေကို သွန်ပစ်ပြီး ရေအသန့် ထပ်ထည့်ပြီး နောက်တစ်ကြိမ် ရေဆူအောင် တည်လိုက်ပါ။ ပြီးရင်တော့ ရေအေးနဲ့ ဆေးပြီး မူလအတိုင်း အသုံးပြုလို့ ရပါပြီနော်။ crd
Zaw Gyi
ရန်ကုန်မြို့ တည်ခဲ့ တာဟာ ခုဆိုရင် နှစ်ေ ပါင်း(၂၆၀)ကျော်ရှိခဲ့ပါပြီ။ ရန်ကုန်လို့ ဖြစ်မလာခင်က တံငါရွာလေး တစ် ရွာမျှသာ ..နောက် ဒဂုံမြို့ ။ အလောင်းမင်း တရား ဒဂုံကိုသိမ်းပို က်ချိန်မှာဒဂုံမြို့ဟာ တောထနေပါပြီ။ ခြုံ နွယ်တွေကို ရှင်းလင်းပြီး ရန်ကုန်မြို့ကို တည်ထားခဲ့ပါတယ်။
မေလ ၂ရက် ၁၇၅၅ (သက္ကရာဇ် ၁၁၁၇၊ ကဆုန်လပြည့်ကျော် ရရက် ကြာသပတေးနေ့) မှာ ရန်ကုန်မြို့ကို (၇)ရက်တည်းနဲ့ အပြီးတ ည်ဆော က်ခဲ့ပါတယ်။ (၇)ရက်နဲ့ အပြီးတ ည်ဆောက် ခဲ့ပေမယ့် ဖြစ်ကတတ်ဆန်း လုပ်ခဲ့တာတော့မဟုတ်ပါဘူး။ ကျုံး၊မြောင်း ၊ပြအိုး၊ တံခါး စတဲ့ မြို့အင်္ဂါတွေပါတဲ့ “သစ်မြို့”တစ်ခုပါ။
ရန်အပေါင်း ကုန်စ င်အောင် လုပ်ဆောင် ခဲ့တဲ့မြို့ဖြစ်လို့ “ရန်ကုန်” လို့သမုတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ရန်ကုန်မြို့သစ်မှာ ရပ်ကွက်(၈)ခု ရှိပြီး လူဦးရေ တစ်သောင်းခန့် နေထိုင်ခဲ့ ကြပါတယ်။
အလောင်းမင်းတရား ရဲ့ ရန်ကုန်မြို့မှာ ဆိပ်ကမ်းနှစ်ခု ရှိပါတယ်။”ဘုရင့်သင်္ဘောဆိပ်”နဲ့ “တရုတ်သင်္ဘောဆိပ်” လို့ ခေါ်ပါတယ်။ ရန်ကုန်ကို သင်္ဘောတွေ ဆိုက်က ပ်ပြီဆိုရင် ပါလာတဲ့ သင်္ဘောသား အရေအ တွက်၊ ကုန်ပစ္စည်း၊လက်နက် စတဲ့စာရင်းကို အတိအကျပေး ရပါတယ်။
သင်္ဘောပေါ် တက်စစ်လို့ စာရင်း မကိုက်ရင် သေချာအရေး ယူမှုပြု လုပ်ပါတယ်။သင်္ဘောက ချတဲ့ကုန်ပစ္စည်းအတွက် ဆယ်ရာခိုင်နှုန်း အခွန်စည်းကြပ် ပါတယ်။ သင်္ဘောသားတွေအတွက်လည်း လုံခြုံရေးအပြည့်အဝ ယူပေးထားပါတယ်။
ရန်ကုန်မြို့ မီးဘေးအန္တရာယ် အတွက်လည်း အထူးကြပ်မတ်ထားပါသေးတယ်။ မီးဖိုထဲထိဝင် ကြက်မွှေးနဲ့ သေချာ စစ်ဆေးပါတယ်။ မီးလောင်ခဲ့ရင်တော့ ရပ်ကွက်လူကြီးကိုပါ အရေးယူစေပါတယ်။
၁၈၅၂ မှာ အင်္ဂလိပ်တို့က ဒုတိယအင်္ဂလိ ပ်-မြန်မာစစ်ပွဲဆင်နွှဲပြီး အောက်မြန်မာနိုင်ငံကို သိမ်းပိုက်တာကြောင့် ရန်ကုန်မြို့လည်း ကိုလိုနီနယ်ချဲ့လက်အောက်ရောက်ခဲ့ရပါတယ်။
ဗြိတိသျှတွေဟာ ရန်ကုန်မြို့ကိုတ ည်ဆောက်ရာမှာ ပန်းခြံထားရှိမယ့် နေရာတွေကိုလည်း အကွက်ရိုက်ပြီး စီစဉ်ထားရှိခဲ့ပါတယ်။
Crdမောင်သွေးချွန်၏ အတုမရှိမော်ကွန်း တက္ကသိုလ်ခင် မောင်ဇော်၏မြို့တော် တစ်ခွင်