ၾကားသိရသမွ်

I Phone ကိုင္ဖို႔ အပ်ိဳ ဘဝကို သိန္း၂၀နဲ႔ေရာင္းခဲ့တဲ့ ၉ တန္းေက်ာင္းသူ

I Phone ကိုင္ဖို႔ အပ်ိဳ ဘဝကို သိန္း၂၀နဲ႔ေရာင္းခဲ့တဲ့ ၉ တန္းေက်ာင္းသူ

မိဘေတြ သတိထားႏိုင္ဖို႔ ရင္ဖြင့္စကားလုံးမ်ား

ဒီစာကို ေရးသင့္မေရးသင့္ စဥ္းစားေနတာၾကာၿပီ

ဒါေပမယ့္ ေနာက္ဆုံး ေရးသင့္တယ္ထင္လို႔ ရင္ကြဲနာ ဗလပြနဲ႔ ေရးလိုက္ရပါတယ္။

ေဒၚျမေနတဲ့ လမ္းထဲမွာ ေဒၚျမနဲ႔ သိပ္ရင္းႏွီးတဲ့ ကေလးမေလး တစ္ေယာက္ရွိတယ္။

သူ ၅ တန္းေက်ာင္းသူ ဘဝကတုန္းက ေဒၚျမ အဂၤလိပ္စာ ျပေပးဖူးတယ္ ေစတနာ ဂိုက္ ဆိုပါေတာ့

ေခ်ာေခ်ာႏုႏု ျဖဴျဖဴဥဥ နဲ႔ ကေလးမေလးဟာ ေဒၚျမ ညီမေလး အရင္းေလး လိုပါပဲ

အခ်ိန္ေတြကုန္တာ ျမန္တယ္လို႔ ခံစားရတာဟာ သူကေလးကိုယ့္ေရွ႕မွာ ၾကက္ေတာင္ စည္းကေလး ဘဝကေန အပ်ိဳေပါက္ကေလး ျဖစ္လာတာ ျမင္ရတဲ့ အခါတိုင္းေပါ့။

တေန႔ေဒၚျမ အလုပ္ကိစၥနဲ႔ ေရာက္လာတဲ့ ႏိုင္ငံျခား ဧည့္သည္ေတြ ႀကိဳဖို႔ ေလဆိပ္ သြားမယ္လုပ္တယ္။

ကားေမာင္းလာရင္း ဘစ္ကားဂိတ္မွာ သူ႔ကို ေတြ႕လိုက္တယ္။

ဒါနဲ႔ ဘယ္သြားမလို႔လည္း ေမးေတာ့ လွည္းတန္းက က်ဴရွင္ကို တဲ့

ကိုယ္လည္း ျပည္လမ္းကေန ေလဆိပ္သြားမွာမို႔ လမ္းႀကဳံေနတာနဲ႔ လာလာ မႀကီးလိုက္ပို႔ေပးမယ္ ဆိုၿပီး ကားေပၚေခၚတင္တယ္။

သူ႔ဆီ ဖုန္းတစ္ေကာ ဝင္အလာမွာ ရင္ကြဲနာ စပါေတာ့တယ္

ေခတ္ကာလ ေရစီးေၾကာင္းအရ ၉ တန္းေက်ာင္းသူ တစ္ေယာက္ hand phone ကိုင္တာ ျပႆနာမဟုတ္သလို ကိုင္ထားတဲ့ ဖုန္းဆီ ဖုန္းဝင္လာတာဟာ ဘာျပႆနာမွ မဟုတ္ပါဘူး။

ဒါေပမယ့္ သူထုတ္ကိုင္လိုက္တဲ့ ဖုန္းက ေနာက္ဆုံးေပၚ iphone အသစ္ႀကီး ျဖစ္ေနတာက ျပႆနာပါ။

ေဒၚျမခ်က္ျခင္း ကားကို လမ္းေဘးထိုးရပ္လိုက္တယ္။

ေနာက္ကားေတြ ဟြန္းတီးလာေတာ့ တကၠသိုလ္ သထုံလမ္းထဲ ေကြ႕ဝင္လိုက္တယ္။

သူဖုန္းေျပာလို႔ အၿပီးမွာ ေဒၚျမရဲ႕ ရင္ကြဲနာ interview စပါေတာ့တယ္။

အဲ့ဒီဖုန္းဘယ္ကရလဲ ဆိုေတာ့ အိမ္က ဝယ္ေပးတာလို႔ ေျဖပါတယ္။

သူ႔အိမ္က အဲ့ဒီေလာက္ထိ မျပည့္စုံတာ ေဒၚျမ အသိဆုံးပါ

သူအမ်ိဳးမ်ိဳး လိမ္ပါတယ္ အသက္ ၁၅ ႏွစ္ကေလးမ တစ္ေယာက္ရဲ႕ ႐ိုးစင္းလြန္းတဲ့ လိမ္ညာစကား ေတြနဲ႔ေပါ့

ေနာက္ဆုံး ေဒၚျမ အတင္းအက်ပ္ ၿခိမ္းေျခာက္ေမးမွ သိခဲ့ရတဲ့ အမွန္တရားက သိပ္ေၾကာက္စရာ ေကာင္းပါတယ္ တကယ့္ကို ရင္ကြဲနာပါပဲ

Facebook ေပၚက အေကာင့္တစ္ခု ဆက္သြယ္လာတယ္။

နည္းနည္း ရင္းႏွီးလာေတာ့ စဆြယ္တယ္ ႏိုင္ငံျခားက အပ်ိဳစင္ဘဝကို ေလလံတင္ၿပီး ေငြရွာတဲ့ ေက်ာင္းသူ ေတြအေၾကာင္း ဒီေခတ္ႀကီးမွာ

sex ကိစၥဟာ သမီးရည္းစား ျဖစ္တာနဲ႔ ပါလာတတ္တာမ်ိဳးဆိုတဲ့ အေၾကာင္း
ရည္းစားနဲ႔ အလကား မအိပ္ခင္ အပ်ိဳစင္ ဘဝကိုတန္ရာတန္ေၾကးနဲ႔ ေရာင္းခ်သင့္ေၾကာင္း

ကိုယ့္ခ်စ္သူဆိုတာ ကိုယ့္ကို တကယ္ခ်စ္ရင္ အပ်ိဳစစ္စစ္ မစစ္စစ္ လက္သင့္ခံမွာသာ ျဖစ္ေၾကာင္း

ခုဆို အနယ္နယ္ အရပ္ရပ္က ေက်ာင္းသူေတြ လည္း ခုလိုဂအပ်ိဳစင္ဘဝကို ေရာင္းခ်ေနၾကေၾကာင္း စသည္ျဖင့္ အမ်ိဳးမ်ိဳး ေျပာတယ္ တဲ့

သူစဥ္းစားတယ္ မွန္ေနတာပဲ လို႔ေတြးခဲ့တယ္။

သူ႔ သူငယ္ခ်င္းေတြလည္း ဘဲနဲ႔ ေဟာ္တယ္ သြားေနတာ ျမင္ေနရတာပဲ တဲ့

သူလည္း ရည္းစား ထားေတာ့မွာမို႔ ဒီ sex ကိစၥဟာ မၾကာခင္ သူရင္ဆိုင္ရေတာ့ ကိစၥလို႔ သူေတြးခဲ့တယ္။

သူကိုယ္တိုင္လည္း စမ္းသပ္ခ်င္ေနၿပီ ဒီေတာ့ သူ႔အပ်ိဳစင္ဘဝက အလကားလား တန္ဖိုးနဲ႔လား သူေတြးတယ္။

ေနာက္ဆုံး သူ႔ အပ်ိဳစင္ဘဝကို သိန္း ၂၀ နဲ႔ သူတန္ဖိုး ျဖတ္ခဲ့တယ္ တဲ့။

သိန္း ၂၀ ဆိုတာ တရက္ မုန႔္ဖိုး ၁၅၀၀ ပဲရတဲ့ ကေလးတစ္ေယာက္ အတြက္ သိပ္ကိုမ်ားျပားတဲ့ ေငြပမာဏပါ

ေဒၚျမေလ နားေထာင္ရင္းနဲ႔ ရင္ဘတ္ေတြ ေအာင့္လာတယ္။

အလုပ္ကိစၥ ၿပီးတာနဲ႔ ဆက္သြယ္လာတဲ့ ဘက္က ဘေလာ့ၿပီး အဆက္အသြယ္ အကုန္ ျဖတ္ လိုက္တယ္ ဖုန္းနံပါတ္တစ္ခုပဲ ခ်န္ခဲ့တယ္။

ေငြလိုရင္ ထပ္ဆက္သြယ္ပါ ပထမအႀကိမ္ေလာက္ မရေတာ့ ေပမယ့္ ဒုတိယ အႀကိမ္ဆိုလည္း မနည္းပါဘူး ဆိုလို႔

သူဒုတိယအႀကိမ္ ရတဲ့ေငြေတြနဲ႔ ဖုန္းအသစ္ဝယ္တယ္။

အိမ္ကို ကံစမ္းမဲေပါက္တာလို႔ ေျပာလို႔ အေမက ဝမ္းေတြသာေနတာတဲ့ အဝတ္အစား အသစ္ေတြ ဝယ္တယ္။

အိမ္က သတိမထားမိပါဘူးတဲ့ သမီးရဲ႕ တခ်ိဳ႕ သူငယ္ခ်င္းေတြ လည္း ခ်ိတ္ၾကတယ္ အဆင္ေျပၾကတယ္။

သူတို႔က ေက်ာင္းတတ္ေနတဲ့ သမီးတို႔လို ကေလး ေတြကို အဓိကထားတယ္။

တခ်ိဳ႕ သူငယ္ခ်င္းေတြက ေ႐ႊေတြ ဝယ္ၿပီး ဖြက္ထားတယ္တဲ့

တခ်ိဳ႕က သူငယ္ခ်င္းေတြ ဒကာခံတာလို႔ အိမ္ကို လိမ္ေျပာၿပီး ခရီးေတြေတာင္ ထြက္ၾကတာတဲ့

အဲ့ဒီလို အဆြယ္ခံရတဲ့ အထဲမွာ ေယာက္်ားေလးေတြ လည္းပါတယ္ သူတို႔က ေဈးပိုရတယ္ တဲ့

ေတာ္႐ုံ ႏုႏြဲ႕ေနတဲ့ ကေလးေတြ ကိုေ႐ြးၿပီး လိင္တူ ဝါသနာပါလာေအာင္ ျမဴဆြယ္ၿပီးမွ ေဈးကြက္တင္တယ္ တဲ့

အဝတ္အစား သစ္ေတြ ဖုန္းအသစ္ေတြ အိတ္အသစ္ေတြ ေနာက္ဆုံးေပၚ အသုံးအေဆာင္ေတြ

ဘုရားဘုရား

ဘုရားကယ္ပါ။

ေဒၚျမ ရင္ဘတ္ တစ္ခုလုံးနာၿပီး ေအာ္ငိုခ်င္လာတယ္။

ဆိုး႐ြားလိုက္တဲ့ ေခတ္ႀကီးရယ္ အပ်ိဳစင္ ဘဝတန္ဖိုးဆိုတာ အဲ့ဒါမဟုတ္ဘူးလို႔ ဘယ္လိုရွင္းျပရပါ့မလဲ။

သူဆုံးရႈံးသြားတာ အပ်ိဳစင္ဘဝ မဟုတ္ဘူး

တန္ဖိုးအရွိဆုံး ငယ္႐ြယ္လန္းဆန္းတဲ့ တတ္ႂကြေနတဲ့ လူငယ္တစ္ေယာက္ရဲ႕ ႀကိဳးစားခ်င္စိတ္ ဆိုတာ သူနားမလည္ေလာက္ေတာ့ဘူး

ကူးစက္ႏိုင္တဲ့ ေရာဂါဆိုးေတြ ေငြအေခ်ာင္လိုခ်င္တဲ့ စိတ္႐ိုင္းေတြ ေငြတန္ဖိုး နားမလည္ေတာ့တဲ့ စိတ္မိုက္ေတြ နဲ႔

ေနာက္တခါ သူေငြလို တိုင္း ၾကာလာရင္ ေဒၚျမ ေျပာခဲ့ဖူးတယ္ ပညာမဲ့ လူတန္းစား လက္ထဲ

ဆိုရွယ္နက္ဝက္ ထည့္ေပးတာဟာ အ႐ူးလက္ထဲ မီးတုတ္ ထည့္ေပးလိုက္သလိုပဲ

ဘယ္လို ပညာေပးရမလဲ ဘယ္လိုတားမလဲ မပြင့္သင့္တဲ့ မ်က္စိေတြပြင့္တယ္ အတုမခိုးသင့္တာေတြ ခိုးတယ္။

Facebook မွာ လိုခ်င္စရာေတြမ်ားတယ္။

အိမ္က ဝယ္မေပးႏိုင္တဲ့ အခါသူငယ္ခ်င္းေတြ ၾကားမွာ မ်က္ႏွာမငယ္ခ်င္တဲ့ အခါ

ကိုယ့္တဘို႔ပဲ ၾကည့္တဲ့ ေအာက္တန္းစား ေငြရွာသူ ေအာက္တန္းစား လူယုတ္မာ ေခါင္းေတြ လက္ထဲမွာ

သူ႔လို ကေလးသာသာ ႐ိုးသားျဖဴစင္တဲ့ လူငယ္ ဘယ္ေလာက္မ်ားမ်ား ဘဝပ်က္ၿပီးခဲ့ၾကၿပီလဲ

ေဒၚျမ ရင္ကြဲနာက်တယ္ ဆက္မေတြးရဲဘူး ဒါဟာ ေခတ္ကာလရဲ႕ ကပ္ဆိုးႀကီးပဲလား

ေဒၚျမအေနနဲ႔ ဘာမွ မလုပ္ေပးႏိုင္ဘူး မတားဆီးႏိုင္ဘူး မေျပာင္းလဲေပးႏိုင္ဘူး

ေနာက္ဆုံး လုပ္ေပးႏိုင္တာ တစ္ခုက နီးစပ္ရာ မိဘေတြကို သတိေပးတာပါပဲ

မိဘေတြ သတိထားေပးၾကပါ ကိုယ့္သားသမီး က ကိုယ္ေပးတာထက္ ေငြပိုသုံးလာတဲ့အခါ

ဟိုက ဒီက လက္ေဆာင္ေတြ ရလာတဲ့အခါ ကံစမ္းမဲေတြ ေပါက္တာပါ ဆိုလာတဲ့အခါ

အလွျပင္ ပစၥည္းေတြ အိတ္အသစ္ေတြ သူ႔ဟာသူ ဝယ္လာတဲ့အခါ သူငယ္ခ်င္းေမြးေန႔ဆိုၿပီး ဆိုင္ေကာင္းေကာင္းေတြ တတ္စားတဲ့အခါ

စိတ္ခ်ပါ မႀကီး သမီးေနာက္မလုပ္ေတာ့ပါဘူး ဆိုၿပီး ကားေပၚက ဆင္းသြားတဲ့ သူ႔ေလသံမွာ အာမခံျခင္း မပါဘူး။

ေပါ့ေပါ့ ပါးပါးေလးပဲ ေပါ့ပါးလြန္းလို႔ ေငြဆိုတဲ့ ေလနဲ႔ အတူ ဘဝတစ္ခုလုံး လြင့္ေၾကပ်က္စီးသြားမွာ အမ စိတ္ပူမိတယ္ ခေလးရယ္။

ျမခြါညိဳ

အမွန္တကယ္ ႀကဳံခဲ့ရတဲ့ ကိုယ္ေတြ႕ ျဖစ္ရပ္မွန္မို႔ မိဘေတြ သတိထားႏိုင္ေအာင္ ရင္နာနာနဲ႔ တင္ေပးလိုက္ရပါတယ္။

လိုင္းေပၚမွာ ပလူပ်ံေနတယ္ ပထမ ပုံျပင္လိုလို ၾကားဖူးနား၀ လိုလို စာသား တစ္ခုနဲ႔ တြဲတင္တယ္

သိပ္ျပသနာ မဟုတ္ေသးလို႔ ၾကည့္ေကာင္းေကာင္းနဲ႔ ၾကည့္ေနလိုက္တယ္။

Credit to orginal

unicode

I Phone ကိုင်ဖို့ အပျို ဘဝကို သိန်း၂၀နဲ့ရောင်းခဲ့တဲ့ ၉ တန်းကျောင်းသူ

မိဘတွေ သတိထားနိုင်ဖို့ ရင်ဖွင့်စကားလုံးများ

ဒီစာကို ရေးသင့်မရေးသင့် စဉ်းစားနေတာကြာပြီ

ဒါပေမယ့် နောက်ဆုံး ရေးသင့်တယ်ထင်လို့ ရင်ကွဲနာ ဗလပွနဲ့ ရေးလိုက်ရပါတယ်။

ဒေါ်မြနေတဲ့ လမ်းထဲမှာ ဒေါ်မြနဲ့ သိပ်ရင်းနှီးတဲ့ ကလေးမလေး တစ်ယောက်ရှိတယ်။

သူ ၅ တန်းကျောင်းသူ ဘဝကတုန်းက ဒေါ်မြ အင်္ဂလိပ်စာ ပြပေးဖူးတယ် စေတနာ ဂိုက် ဆိုပါတော့

ချောချောနုနု ဖြူဖြူဥဥ နဲ့ ကလေးမလေးဟာ ဒေါ်မြ ညီမလေး အရင်းလေး လိုပါပဲ

အချိန်တွေကုန်တာ မြန်တယ်လို့ ခံစားရတာဟာ သူကလေးကိုယ့်ရှေ့မှာ ကြက်တောင် စည်းကလေး ဘဝကနေ အပျိုပေါက်ကလေး ဖြစ်လာတာ မြင်ရတဲ့ အခါတိုင်းပေါ့။

တနေ့ဒေါ်မြ အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေ ကြိုဖို့ လေဆိပ် သွားမယ်လုပ်တယ်။

ကားမောင်းလာရင်း ဘစ်ကားဂိတ်မှာ သူ့ကို တွေ့လိုက်တယ်။

ဒါနဲ့ ဘယ်သွားမလို့လည်း မေးတော့ လှည်းတန်းက ကျူရှင်ကို တဲ့

ကိုယ်လည်း ပြည်လမ်းကနေ လေဆိပ်သွားမှာမို့ လမ်းကြုံနေတာနဲ့ လာလာ မကြီးလိုက်ပို့ပေးမယ် ဆိုပြီး ကားပေါ်ခေါ်တင်တယ်။

သူ့ဆီ ဖုန်းတစ်ကော ဝင်အလာမှာ ရင်ကွဲနာ စပါတော့တယ်

ခေတ်ကာလ ရေစီးကြောင်းအရ ၉ တန်းကျောင်းသူ တစ်ယောက် hand phone ကိုင်တာ ပြဿနာမဟုတ်သလို ကိုင်ထားတဲ့ ဖုန်းဆီ ဖုန်းဝင်လာတာဟာ ဘာပြဿနာမှ မဟုတ်ပါဘူး။

ဒါပေမယ့် သူထုတ်ကိုင်လိုက်တဲ့ ဖုန်းက နောက်ဆုံးပေါ် iphone အသစ်ကြီး ဖြစ်နေတာက ပြဿနာပါ။

ဒေါ်မြချက်ခြင်း ကားကို လမ်းဘေးထိုးရပ်လိုက်တယ်။

နောက်ကားတွေ ဟွန်းတီးလာတော့ တက္ကသိုလ် သထုံလမ်းထဲ ကွေ့ဝင်လိုက်တယ်။

သူဖုန်းပြောလို့ အပြီးမှာ ဒေါ်မြရဲ့ ရင်ကွဲနာ interview စပါတော့တယ်။

အဲ့ဒီဖုန်းဘယ်ကရလဲ ဆိုတော့ အိမ်က ဝယ်ပေးတာလို့ ဖြေပါတယ်။

သူ့အိမ်က အဲ့ဒီလောက်ထိ မပြည့်စုံတာ ဒေါ်မြ အသိဆုံးပါ

သူအမျိုးမျိုး လိမ်ပါတယ် အသက် ၁၅ နှစ်ကလေးမ တစ်ယောက်ရဲ့ ရိုးစင်းလွန်းတဲ့ လိမ်ညာစကား တွေနဲ့ပေါ့

နောက်ဆုံး ဒေါ်မြ အတင်းအကျပ် ခြိမ်းခြောက်မေးမှ သိခဲ့ရတဲ့ အမှန်တရားက သိပ်ကြောက်စရာ ကောင်းပါတယ် တကယ့်ကို ရင်ကွဲနာပါပဲ

Facebook ပေါ်က အကောင့်တစ်ခု ဆက်သွယ်လာတယ်။

နည်းနည်း ရင်းနှီးလာတော့ စဆွယ်တယ် နိုင်ငံခြားက အပျိုစင်ဘဝကို လေလံတင်ပြီး ငွေရှာတဲ့ ကျောင်းသူ တွေအကြောင်း ဒီခေတ်ကြီးမှာ

sex ကိစ္စဟာ သမီးရည်းစား ဖြစ်တာနဲ့ ပါလာတတ်တာမျိုးဆိုတဲ့ အကြောင်း
ရည်းစားနဲ့ အလကား မအိပ်ခင် အပျိုစင် ဘဝကိုတန်ရာတန်ကြေးနဲ့ ရောင်းချသင့်ကြောင်း

ကိုယ့်ချစ်သူဆိုတာ ကိုယ့်ကို တကယ်ချစ်ရင် အပျိုစစ်စစ် မစစ်စစ် လက်သင့်ခံမှာသာ ဖြစ်ကြောင်း

ခုဆို အနယ်နယ် အရပ်ရပ်က ကျောင်းသူတွေ လည်း ခုလိုဂအပျိုစင်ဘဝကို ရောင်းချနေကြကြောင်း စသည်ဖြင့် အမျိုးမျိုး ပြောတယ် တဲ့

သူစဉ်းစားတယ် မှန်နေတာပဲ လို့တွေးခဲ့တယ်။

သူ့ သူငယ်ချင်းတွေလည်း ဘဲနဲ့ ဟော်တယ် သွားနေတာ မြင်နေရတာပဲ တဲ့

သူလည်း ရည်းစား ထားတော့မှာမို့ ဒီ sex ကိစ္စဟာ မကြာခင် သူရင်ဆိုင်ရတော့ ကိစ္စလို့ သူတွေးခဲ့တယ်။

သူကိုယ်တိုင်လည်း စမ်းသပ်ချင်နေပြီ ဒီတော့ သူ့အပျိုစင်ဘဝက အလကားလား တန်ဖိုးနဲ့လား သူတွေးတယ်။

နောက်ဆုံး သူ့ အပျိုစင်ဘဝကို သိန်း ၂၀ နဲ့ သူတန်ဖိုး ဖြတ်ခဲ့တယ် တဲ့။

သိန်း ၂၀ ဆိုတာ တရက် မုန့်ဖိုး ၁၅၀၀ ပဲရတဲ့ ကလေးတစ်ယောက် အတွက် သိပ်ကိုများပြားတဲ့ ငွေပမာဏပါ

ဒေါ်မြလေ နားထောင်ရင်းနဲ့ ရင်ဘတ်တွေ အောင့်လာတယ်။

အလုပ်ကိစ္စ ပြီးတာနဲ့ ဆက်သွယ်လာတဲ့ ဘက်က ဘလော့ပြီး အဆက်အသွယ် အကုန် ဖြတ် လိုက်တယ် ဖုန်းနံပါတ်တစ်ခုပဲ ချန်ခဲ့တယ်။

ငွေလိုရင် ထပ်ဆက်သွယ်ပါ ပထမအကြိမ်လောက် မရတော့ ပေမယ့် ဒုတိယ အကြိမ်ဆိုလည်း မနည်းပါဘူး ဆိုလို့

သူဒုတိယအကြိမ် ရတဲ့ငွေတွေနဲ့ ဖုန်းအသစ်ဝယ်တယ်။

အိမ်ကို ကံစမ်းမဲပေါက်တာလို့ ပြောလို့ အမေက ဝမ်းတွေသာနေတာတဲ့ အဝတ်အစား အသစ်တွေ ဝယ်တယ်။

အိမ်က သတိမထားမိပါဘူးတဲ့ သမီးရဲ့ တချို့ သူငယ်ချင်းတွေ လည်း ချိတ်ကြတယ် အဆင်ပြေကြတယ်။

သူတို့က ကျောင်းတတ်နေတဲ့ သမီးတို့လို ကလေး တွေကို အဓိကထားတယ်။

တချို့ သူငယ်ချင်းတွေက ရွှေတွေ ဝယ်ပြီး ဖွက်ထားတယ်တဲ့

တချို့က သူငယ်ချင်းတွေ ဒကာခံတာလို့ အိမ်ကို လိမ်ပြောပြီး ခရီးတွေတောင် ထွက်ကြတာတဲ့

အဲ့ဒီလို အဆွယ်ခံရတဲ့ အထဲမှာ ယောက်ျားလေးတွေ လည်းပါတယ် သူတို့က ဈေးပိုရတယ် တဲ့

တော်ရုံ နုနွဲ့နေတဲ့ ကလေးတွေ ကိုရွေးပြီး လိင်တူ ဝါသနာပါလာအောင် မြူဆွယ်ပြီးမှ ဈေးကွက်တင်တယ် တဲ့

အဝတ်အစား သစ်တွေ ဖုန်းအသစ်တွေ အိတ်အသစ်တွေ နောက်ဆုံးပေါ် အသုံးအဆောင်တွေ

ဘုရားဘုရား

ဘုရားကယ်ပါ။

ဒေါ်မြ ရင်ဘတ် တစ်ခုလုံးနာပြီး အော်ငိုချင်လာတယ်။

ဆိုးရွားလိုက်တဲ့ ခေတ်ကြီးရယ် အပျိုစင် ဘဝတန်ဖိုးဆိုတာ အဲ့ဒါမဟုတ်ဘူးလို့ ဘယ်လိုရှင်းပြရပါ့မလဲ။

သူဆုံးရှုံးသွားတာ အပျိုစင်ဘဝ မဟုတ်ဘူး

တန်ဖိုးအရှိဆုံး ငယ်ရွယ်လန်းဆန်းတဲ့ တတ်ကြွနေတဲ့ လူငယ်တစ်ယောက်ရဲ့ ကြိုးစားချင်စိတ် ဆိုတာ သူနားမလည်လောက်တော့ဘူး

ကူးစက်နိုင်တဲ့ ရောဂါဆိုးတွေ ငွေအချောင်လိုချင်တဲ့ စိတ်ရိုင်းတွေ ငွေတန်ဖိုး နားမလည်တော့တဲ့ စိတ်မိုက်တွေ နဲ့

နောက်တခါ သူငွေလို တိုင်း ကြာလာရင် ဒေါ်မြ ပြောခဲ့ဖူးတယ် ပညာမဲ့ လူတန်းစား လက်ထဲ

ဆိုရှယ်နက်ဝက် ထည့်ပေးတာဟာ အရူးလက်ထဲ မီးတုတ် ထည့်ပေးလိုက်သလိုပဲ

ဘယ်လို ပညာပေးရမလဲ ဘယ်လိုတားမလဲ မပွင့်သင့်တဲ့ မျက်စိတွေပွင့်တယ် အတုမခိုးသင့်တာတွေ ခိုးတယ်။

Facebook မှာ လိုချင်စရာတွေများတယ်။

အိမ်က ဝယ်မပေးနိုင်တဲ့ အခါသူငယ်ချင်းတွေ ကြားမှာ မျက်နှာမငယ်ချင်တဲ့ အခါ

ကိုယ့်တဘို့ပဲ ကြည့်တဲ့ အောက်တန်းစား ငွေရှာသူ အောက်တန်းစား လူယုတ်မာ ခေါင်းတွေ လက်ထဲမှာ

သူ့လို ကလေးသာသာ ရိုးသားဖြူစင်တဲ့ လူငယ် ဘယ်လောက်များများ ဘဝပျက်ပြီးခဲ့ကြပြီလဲ

ဒေါ်မြ ရင်ကွဲနာကျတယ် ဆက်မတွေးရဲဘူး ဒါဟာ ခေတ်ကာလရဲ့ ကပ်ဆိုးကြီးပဲလား

ဒေါ်မြအနေနဲ့ ဘာမှ မလုပ်ပေးနိုင်ဘူး မတားဆီးနိုင်ဘူး မပြောင်းလဲပေးနိုင်ဘူး

နောက်ဆုံး လုပ်ပေးနိုင်တာ တစ်ခုက နီးစပ်ရာ မိဘတွေကို သတိပေးတာပါပဲ

မိဘတွေ သတိထားပေးကြပါ ကိုယ့်သားသမီး က ကိုယ်ပေးတာထက် ငွေပိုသုံးလာတဲ့အခါ

ဟိုက ဒီက လက်ဆောင်တွေ ရလာတဲ့အခါ ကံစမ်းမဲတွေ ပေါက်တာပါ ဆိုလာတဲ့အခါ

အလှပြင် ပစ္စည်းတွေ အိတ်အသစ်တွေ သူ့ဟာသူ ဝယ်လာတဲ့အခါ သူငယ်ချင်းမွေးနေ့ဆိုပြီး ဆိုင်ကောင်းကောင်းတွေ တတ်စားတဲ့အခါ

စိတ်ချပါ မကြီး သမီးနောက်မလုပ်တော့ပါဘူး ဆိုပြီး ကားပေါ်က ဆင်းသွားတဲ့ သူ့လေသံမှာ အာမခံခြင်း မပါဘူး။

ပေါ့ပေါ့ ပါးပါးလေးပဲ ပေါ့ပါးလွန်းလို့ ငွေဆိုတဲ့ လေနဲ့ အတူ ဘဝတစ်ခုလုံး လွင့်ကြေပျက်စီးသွားမှာ အမ စိတ်ပူမိတယ် ခလေးရယ်။

မြခွါညို

အမှန်တကယ် ကြုံခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်မို့ မိဘတွေ သတိထားနိုင်အောင် ရင်နာနာနဲ့ တင်ပေးလိုက်ရပါတယ်။

လိုင်းပေါ်မှာ ပလူပျံနေတယ် ပထမ ပုံပြင်လိုလို ကြားဖူးနား၀ လိုလို စာသား တစ်ခုနဲ့ တွဲတင်တယ်

သိပ်ပြသနာ မဟုတ်သေးလို့ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်တယ်။

Credit to orginal

Leave a Reply

Your email address will not be published. Required fields are marked *