ၾကားသိရသမွ်

စီးပြား မရွာတတ္ေသးတဲ့ ေ႐ႊျမန္မာေတြနဲ႔ မၿပိဳင္ဘဲနဲ႔ အႏိုင္ယူသြားခဲ့တဲ့ သင္ခန္းစာယူစရာ အျဖစ္

မပြိုင်ဘဲအနိုင်ယူသွားတဲ့ စျေးကွက်စီးပွား။ လမ်းထိပ်မှာ “ရွှေမြန်မာ” ဆိုတဲ့ လက်ဖက်ရည်ဆိုင်ကြီး ဟီးထနေအောင် လာဖွင့်တော့ ၁၅ မိနစ်လောက် လျှောက်ရတဲ့ခရီးကို လက်ဖက်ရည် သွားသောက်နေရတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေက ဝမ်းသာသွားကြတယ်။

လာဖွင့်တဲ့ ဆိုင်ပိုင်ရှင်တွေကလည်း မြန်မာ၊ ကိုယ့်ရပ်ကွက်ထဲက ဖြစ်နေတော့ ဝိုင်းဝန်း အားပေးလိုက်ကြတာနဲ့ လက်ဖက်ရည်ဆိုင်က စည်ကားသွားတယ်။

ဆိုင်ထဲမှာ တီဗီကြီး လေးလုံးလောက်ထားပြီး နေ့နေ့ညည ဘောလုံးပွဲတွေ မပြတ်တမ်းပြတော့ လူစည်ကားတဲ့ အကြောင်းတရားတွေထဲမှာ ဘောလုံးပွဲ ပရိသတ်တွေကလည်း အများကြီး ပါနေတာ တွေ့ရတယ်။ ဘောလုံးပွဲတစ်ပွဲ ပြချိန်က

အနည်းဆုံး မိနစ် ၉၀ ဆိုပေမယ့် နှစ်နာရီလောက် ဆိုင်ထဲမှာ လူစည်ကားပြီး တစ်ဝိုင်းမှာ လက်ဖက်ရည်လေး တစ်ခွက်နဲ့၊ စီးကရက် လေးလိပ်လောက် မှာပြီး လူခြောက်ယောက်လောက် ဝိုင်းထိုင်အားပေးတာ ဆိုတော့ အမြင်မှာသာ လူတွေများပြီး စားပွဲထိုးတွေက ရေနွေးကြမ်း လိုက်ရတာနဲ့ နားရတယ်ကို မရှိပါဘူး။

ဆိုင်ရှင်ကတော့ လူတော့ များပါရဲ့ ဘောလုံးချိန်ရော၊ ချဲချိန်မှာပါ ထိုင်စရာ မရှိလောက်အောင် များပေမယ့် ရပ်ကွက်ထဲက လူတွေက ဒီနေရာကို ဖျော်ဖြေပွဲတစ်ခု အနေနဲ့ လာပြီး အနားယူကာ လောင်းကစားတဲ့ နေရာတစ်နေရာလို့ သဘောထားနေတာကြောင့် ထင်သလောက် မဟုတ်ဘူးဆိုပြီး ဆိုင်ဖွင့်ချိန် နှစ်လလောက်မှာ ညည်းလာတာ တွေ့ရတယ်။

ဒီနေရာမှာ ပြောချင်တာက ချင်းနဲပလဲဆိုတဲ့ အိနိ္ဒယမလေး အကြောင်း။ လက်ဖက်ရည်ဆိုင်ဘေးမှာ တဲလေးထိုးပြီး ချင်းနဲပလဲဆိုတဲ့ ကလေးမလေးက တိုရှည် လာရောင်းတယ်။

အိန္ဒိယမလေးဟာ အရင်က ရပ်ကွက်ထဲ အဝတ်လိုက်လျှော်တာ။ ဒါကြောင့် သူ့ကိုလည်း လူသိများတယ်။ နောက်ပိုင်း အိမ်ထောင်ကျသွားတော့ ကိုယ်ပိုင်ဆိုင်လေး ဖွင့်ပြီး တိုရှည်ရောင်းတော့လည်း လက်ဖက်ရည်ဆိုင် အပါအဝင် အားပေးသူတွေ များလာတာကြောင့် ချင်းနဲပလဲရဲ့ တိုရှည်ဆိုင်ကလည်း ဖွံ့ဖြိုးလာတယ်။

လက်ဖက်ရည်ဆိုင်က ရောင်းအားကျလို့ပဲလား၊ အရင်းပြုတ်လို့ပဲလား၊ ချဲမလျော်နိုင်လို့ပဲလားတော့ မသိ ပိတ်လိုက်ချိန်မှာ ချင်းနဲပလဲကတော့ တိုရှည်အပြင် ကော်ဖီမစ်ထုပ်လေးတွေ တွဲလောင်းဆွဲပြီး လုပ်ငန်းတိုးချဲ့လာတာ တွေ့ရတယ်။ မြန်မာလက်ဖက်ရည်ဆိုင် ပိတ်ပြီး တစ်လလောက်ကြာတော့ ဘယ်လိုမှ မျှော်လင့်မထားတာတွေ ဖြစ်လာတယ်။

ချင်းနဲပလဲက ရွှေမြန်မာ လက်ဖက်ရည်ဆိုင်ကို ဝယ်လိုက်ပြီဆိုတဲ့ သတင်းနဲ့အတူ နောက်ထပ် စည်ကားတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို ယခင်ဆိုင်နေရာမှာ ထပ်ဖွင့်လာပါတယ်။ ဆိုင်ရှင်နေရာမှာကတော့ အိန္ဒိယမလေး ချင်းနဲပလဲက ထိုင်ပြီး၊ သူ့ယောက်ျား လံဘားက လက်ဖက်ရည်ဖျော်တယ်။

မြန်မာဆိုင် ဖွင့်တုန်းက ပေးခဲ့တဲ့ “ရွှေမြန်မာ” ဆိုတဲ့ နာမည်ကို သူတို့ မပြောင်းပါဘူး။ အဲဒီနာမည်နဲ့ပဲ လက်ဖက်ရည်၊ တိုရှည်၊ ပူရီ၊ ထမင်းကြော်၊ အိန္ဒိယမုန့်မျိုးစုံ၊ နံပြား၊ ပလာတာ၊ အီကြာကွေး စတဲ့ စားဖွယ်အစုံကို စျေးသက်သက်သာသာနဲ့ ရောင်းတယ်။ ထူးခြားတာက ဆိုင်ထဲမှာ ဘာတီဗီမှ မထားဘူး။ အိနိ္ဒယသီချင်းနဲ့ မနက်ခင်းဆိုရင် တရားခွေလေးတွေ ဖွင့်ပြီးတော့ စိတ်ချမ်းသာစွာနဲ့ အေးဆေးဆေးဆေး ထိုင်ပြီး စားနိုင်သောက်နိုင်တယ်။ ညဆိုရင် ဆိုင်ကို ၇ နာရီလောက် ပိတ်တယ်။ ယောက်ျားက ကိုယ်တိုင် လက်ဖက်ရည်ဖျော်၊ မိန်းမက ကိုယ်တိုင်စားပွဲထိုး၊ ပိုက်ဆံသိမ်းတော့ အလေအလွင့်၊ အလစ်အဟင်းတွေလည်း နည်းတာပေါ့

မြန်မာတစ်ယောက် တစ်နှစ်လောက် ဖွင့်ပြီး အလုပ်မဖြစ်တာကို တစ်ချိန်က အဝတ်လိုက်လျှော်ပြီး တိုရှည်ရောင်းတဲ့ ကောင်မလေး တစ်ယောက်က ခြောက်လလောက်နဲ့ ဆိုင်ကြီးတစ်ခုကို ယခင်ထက်ပိုပြီး စည်ကားကာ ရောင်းအားမြင့်တဲ့ ဆိုင်တစ်ဆိုင်အဖြစ် ပြောင်းလိုက်တယ်။

ဆိုင်မှာရောင်းချတဲ့ စျေးနှုန်းတွေကလည်း အသက်သာဆုံး၊ အသန့်ရှင်းဆုံး၊ ဝန်ဆောင်မှု အကောင်းဆုံးဖြစ်အောင် ပိုင်ရှင်ကိုယ်တိုင် ဂရုစိုက်တာကြောင့် နောက် လေး၊ ငါးနှစ်လောက်မှာ ချင်းနဲပလဲဆိုတဲ့ တစ်ချိန်က အဝတ်လျှော်တဲ့ ကောင်မလေးဟာ ရပ်ကွက်ထဲမှာ တိုက်နဲ့ကားနဲ့ ဖြစ်လာတဲ့အထိ ချမ်းသာသွားတော့တယ်။

အဲဒီအချိန်မှာ ရွှေမြန်မာဆိုင်ကြီးကို မူလကစပြီး ထူထောင်ခဲ့တဲ့ ကိုရွှေမြန်မာကတော့ ချင်းနဲပလဲ အရင် တိုရှည်ရောင်းတဲ့ ဆိုင်လေးနေရာမှာ ကွမ်းယာဆိုင်လေး ဖွင့်ပြီး ကွမ်းယာရောင်းတဲ့ဘဝ ရောက်သွားတယ်။

နေ့စဉ်ဘဝတွေမှာ လူမှုအနေအထား၊ နေထိုင်စားသောက်မှု၊ ဘဝအခြေအနေ၊ အကျင့်စရိုက်၊ တွေးခေါ်မှုတွေကို လိုက်ပြီး ယူတတ်ရင် ဒဿနတွေ အများကြီး ရနိုင်ပါတယ်။ လူတွေ ဆင်းရဲသွားရတယ် ဆိုတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ အဲဒီလိုပဲ ချမ်းသားသွားတယ် ဆိုတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ကျိုးကြောင်းဆက်စပ်ပြီး ဖြစ်ပျက်မှုတွေ ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ရွှေမြန်မာနဲ့ ချင်းနဲပလဲဟာ စျေးကွက်စီးပွားရေးလုပြီး ယှဉ်ပြိုင်ကြတာ မဟုတ်ပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ကြရင်းက ကိုယ့်အလုပ်အပေါ် ကိုယ်တန်ဖိုးထား လုပ်ဆောင်မှုချင်း မတူညီတဲ့အပေါ်မှာ ယိုင်သူက ယိုင်ပြီး၊ နိုင်သူက နိုင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်တတ်ရင် ကိုယ့်မြန်မာတွေ ဘာကြောင့် ရှေ့တန်းကို ရောက်မလာကြသလဲဆိုတာ အထင်းသား မြင်နေရပါတယ်။ (အလီဘာဘာ)

မၿပိဳင္ဘဲအႏိုင္ယူသြားတဲ့ ေစ်းကြက္စီးပြား။ လမ္းထိပ္မွာ “ေ႐ႊျမန္မာ” ဆိုတဲ့ လက္ဖက္ရည္ဆိုင္ႀကီး ဟီးထေနေအာင္ လာဖြင့္ေတာ့ ၁၅ မိနစ္ေလာက္ ေလွ်ာက္ရတဲ့ခရီးကို လက္ဖက္ရည္ သြားေသာက္ေနရတဲ့ ရပ္ကြက္သူ ရပ္ကြက္သားေတြက ဝမ္းသာသြားၾကတယ္။ လာဖြင့္တဲ့ ဆိုင္ပိုင္ရွင္ေတြကလည္း ျမန္မာ၊ ကိုယ့္ရပ္ကြက္ထဲက ျဖစ္ေနေတာ့ ဝိုင္းဝန္း အားေပးလိုက္ၾကတာနဲ႔ လက္ဖက္ရည္ဆိုင္က စည္ကားသြားတယ္။

ဆိုင္ထဲမွာ တီဗီႀကီး ေလးလုံးေလာက္ထားၿပီး ေန႔ေန႔ညည ေဘာလုံးပြဲေတြ မျပတ္တမ္းျပေတာ့ လူစည္ကားတဲ့ အေၾကာင္းတရားေတြထဲမွာ ေဘာလုံးပြဲ ပရိသတ္ေတြကလည္း အမ်ားႀကီး ပါေနတာ ေတြ႕ရတယ္။

ေဘာလုံးပြဲတစ္ပြဲ ျပခ်ိန္က အနည္းဆုံး မိနစ္ ၉၀ ဆိုေပမယ့္ ႏွစ္နာရီေလာက္ ဆိုင္ထဲမွာ လူစည္ကားၿပီး တစ္ဝိုင္းမွာ လက္ဖက္ရည္ေလး တစ္ခြက္နဲ႔၊ စီးကရက္ ေလးလိပ္ေလာက္ မွာၿပီး လူေျခာက္ေယာက္ေလာက္ ဝိုင္းထိုင္အားေပးတာ ဆိုေတာ့ အျမင္မွာသာ လူေတြမ်ားၿပီး စားပြဲထိုးေတြက ေရေႏြးၾကမ္း လိုက္ရတာနဲ႔ နားရတယ္ကို မရွိပါဘူး။

ဆိုင္ရွင္ကေတာ့ လူေတာ့ မ်ားပါရဲ႕ ေဘာလုံးခ်ိန္ေရာ၊ ခ်ဲခ်ိန္မွာပါ ထိုင္စရာ မရွိေလာက္ေအာင္ မ်ားေပမယ့္ ရပ္ကြက္ထဲက လူေတြက ဒီေနရာကို ေဖ်ာ္ေျဖပြဲတစ္ခု အေနနဲ႔ လာၿပီး အနားယူကာ ေလာင္းကစားတဲ့ ေနရာတစ္ေနရာလို႔ သေဘာထားေနတာေၾကာင့္ ထင္သေလာက္ မဟုတ္ဘူးဆိုၿပီး ဆိုင္ဖြင့္ခ်ိန္ ႏွစ္လေလာက္မွာ ညည္းလာတာ ေတြ႕ရတယ္။

ဒီေနရာမွာ ေျပာခ်င္တာက ခ်င္းနဲပလဲဆိုတဲ့ အိႏိၵယမေလး အေၾကာင္း။ လက္ဖက္ရည္ဆိုင္ေဘးမွာ တဲေလးထိုးၿပီး ခ်င္းနဲပလဲဆိုတဲ့ ကေလးမေလးက တိုရွည္ လာေရာင္းတယ္။ အိႏၵိယမေလးဟာ အရင္က ရပ္ကြက္ထဲ အဝတ္လိုက္ေလွ်ာ္တာ။

ဒါေၾကာင့္ သူ႔ကိုလည္း လူသိမ်ားတယ္။ ေနာက္ပိုင္း အိမ္ေထာင္က်သြားေတာ့ ကိုယ္ပိုင္ဆိုင္ေလး ဖြင့္ၿပီး တိုရွည္ေရာင္းေတာ့လည္း လက္ဖက္ရည္ဆိုင္ အပါအဝင္ အားေပးသူေတြ မ်ားလာတာေၾကာင့္ ခ်င္းနဲပလဲရဲ႕ တိုရွည္ဆိုင္ကလည္း ဖြံ႕ၿဖိဳးလာတယ္။

လက္ဖက္ရည္ဆိုင္က ေရာင္းအားက်လို႔ပဲလား၊ အရင္းျပဳတ္လို႔ပဲလား၊ ခ်ဲမေလ်ာ္ႏိုင္လို႔ပဲလားေတာ့ မသိ ပိတ္လိုက္ခ်ိန္မွာ ခ်င္းနဲပလဲကေတာ့ တိုရွည္အျပင္ ေကာ္ဖီမစ္ထုပ္ေလးေတြ တြဲေလာင္းဆြဲၿပီး လုပ္ငန္းတိုးခ်ဲ႕လာတာ ေတြ႕ရတယ္။

ျမန္မာလက္ဖက္ရည္ဆိုင္ ပိတ္ၿပီး တစ္လေလာက္ၾကာေတာ့ ဘယ္လိုမွ ေမွ်ာ္လင့္မထားတာေတြ ျဖစ္လာတယ္။ ခ်င္းနဲပလဲက ေ႐ႊျမန္မာ လက္ဖက္ရည္ဆိုင္ကို ဝယ္လိုက္ၿပီဆိုတဲ့ သတင္းနဲ႔အတူ ေနာက္ထပ္ စည္ကားတဲ့ လက္ဖက္ရည္ဆိုင္ တစ္ဆိုင္ကို ယခင္ဆိုင္ေနရာမွာ ထပ္ဖြင့္လာပါတယ္။ ဆိုင္ရွင္ေနရာမွာကေတာ့ အိႏၵိယမေလး ခ်င္းနဲပလဲက ထိုင္ၿပီး၊ သူ႔ေယာက္်ား လံဘားက လက္ဖက္ရည္ေဖ်ာ္တယ္။

ျမန္မာဆိုင္ ဖြင့္တုန္းက ေပးခဲ့တဲ့ “ေ႐ႊျမန္မာ” ဆိုတဲ့ နာမည္ကို သူတို႔ မေျပာင္းပါဘူး။ အဲဒီနာမည္နဲ႔ပဲ လက္ဖက္ရည္၊ တိုရွည္၊ ပူရီ၊ ထမင္းေၾကာ္၊ အိႏၵိယမုန္႔မ်ိဳးစုံ၊ နံျပား၊ ပလာတာ၊ အီၾကာေကြး စတဲ့ စားဖြယ္အစုံကို ေစ်းသက္သက္သာသာနဲ႔ ေရာင္းတယ္။ ထူးျခားတာက ဆိုင္ထဲမွာ ဘာတီဗီမွ မထားဘူး။

အိႏိၵယသီခ်င္းနဲ႔ မနက္ခင္းဆိုရင္ တရားေခြေလးေတြ ဖြင့္ၿပီးေတာ့ စိတ္ခ်မ္းသာစြာနဲ႔ ေအးေဆးေဆးေဆး ထိုင္ၿပီး စားႏိုင္ေသာက္ႏိုင္တယ္။ ညဆိုရင္ ဆိုင္ကို ၇ နာရီေလာက္ ပိတ္တယ္။ ေယာက္်ားက ကိုယ္တိုင္ လက္ဖက္ရည္ေဖ်ာ္၊ မိန္းမက ကိုယ္တိုင္စားပြဲထိုး၊ ပိုက္ဆံသိမ္းေတာ့ အေလအလြင့္၊ အလစ္အဟင္းေတြလည္း နည္းတာေပါ့

ျမန္မာတစ္ေယာက္ တစ္ႏွစ္ေလာက္ ဖြင့္ၿပီး အလုပ္မျဖစ္တာကို တစ္ခ်ိန္က အဝတ္လိုက္ေလွ်ာ္ၿပီး တိုရွည္ေရာင္းတဲ့ ေကာင္မေလး တစ္ေယာက္က ေျခာက္လေလာက္နဲ႔ ဆိုင္ႀကီးတစ္ခုကို ယခင္ထက္ပိုၿပီး စည္ကားကာ ေရာင္းအားျမင့္တဲ့ ဆိုင္တစ္ဆိုင္အျဖစ္ ေျပာင္းလိုက္တယ္။

ဆိုင္မွာေရာင္းခ်တဲ့ ေစ်းႏႈန္းေတြကလည္း အသက္သာဆုံး၊ အသန္႔ရွင္းဆုံး၊ ဝန္ေဆာင္မႈ အေကာင္းဆုံးျဖစ္ေအာင္ ပိုင္ရွင္ကိုယ္တိုင္ ဂ႐ုစိုက္တာေၾကာင့္ ေနာက္ ေလး၊ ငါးႏွစ္ေလာက္မွာ ခ်င္းနဲပလဲဆိုတဲ့ တစ္ခ်ိန္က အဝတ္ေလွ်ာ္တဲ့ ေကာင္မေလးဟာ ရပ္ကြက္ထဲမွာ တိုက္နဲ႔ကားနဲ႔ ျဖစ္လာတဲ့အထိ ခ်မ္းသာသြားေတာ့တယ္။

အဲဒီအခ်ိန္မွာ ေ႐ႊျမန္မာဆိုင္ႀကီးကို မူလကစၿပီး ထူေထာင္ခဲ့တဲ့ ကိုေ႐ႊျမန္မာကေတာ့ ခ်င္းနဲပလဲ အရင္ တိုရွည္ေရာင္းတဲ့ ဆိုင္ေလးေနရာမွာ ကြမ္းယာဆိုင္ေလး ဖြင့္ၿပီး ကြမ္းယာေရာင္းတဲ့ဘဝ ေရာက္သြားတယ္။

ေန႔စဥ္ဘဝေတြမွာ လူမႈအေနအထား၊ ေနထိုင္စားေသာက္မႈ၊ ဘဝအေျခအေန၊ အက်င့္စ႐ိုက္၊ ေတြးေခၚမႈေတြကို လိုက္ၿပီး ယူတတ္ရင္ ဒႆနေတြ အမ်ားႀကီး ရႏိုင္ပါတယ္။

လူေတြ ဆင္းရဲသြားရတယ္ ဆိုတာလည္း အေၾကာင္းမဲ့ မဟုတ္ပါဘူး။ အဲဒီလိုပဲ ခ်မ္းသားသြားတယ္ ဆိုတာလည္း အေၾကာင္းမဲ့ မဟုတ္ပါဘူး။ က်ိဳးေၾကာင္းဆက္စပ္ၿပီး ျဖစ္ပ်က္မႈေတြ ျဖစ္သြားခဲ့ရတာ ျဖစ္ပါတယ္။

ေ႐ႊျမန္မာနဲ႔ ခ်င္းနဲပလဲဟာ ေစ်းကြက္စီးပြားေရးလုၿပီး ယွဥ္ၿပိဳင္ၾကတာ မဟုတ္ပါဘူး။

ကိုယ့္အလုပ္ ကိုယ္လုပ္ၾကရင္းက ကိုယ့္အလုပ္အေပၚ ကိုယ္တန္ဖိုးထား လုပ္ေဆာင္မႈခ်င္း မတူညီတဲ့အေပၚမွာ ယိုင္သူက ယိုင္ၿပီး၊ ႏိုင္သူက ႏိုင္သြားခဲ့ၾကတာ ျဖစ္ပါတယ္။ စဥ္းစားဆင္ျခင္တတ္ရင္ ကိုယ့္ျမန္မာေတြ ဘာေၾကာင့္ ေရွ႕တန္းကို ေရာက္မလာၾကသလဲဆိုတာ အထင္းသား ျမင္ေနရပါတယ္။ (အလီဘာဘာ)

Leave a Reply

Your email address will not be published. Required fields are marked *