ပြည်တွင်းသတင်း








Unicode

လင်မယားနှစ်ဦး ရှက်ကီ အတူသောက်ပြီး စကားများကြရာမှ ဇနီးဖြစ်သူက လက်ဦးမှုရယူကာ ခင်ပွန်းကို… See more

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့တွင် ယမန်နေ့ ည၁၀နာရီခွဲက လင်မယားနှစ်ဦး အရက်သေစာ အတူသောက်စား မူးယစ်ကာ စကားများရန်ဖြစ်ရာမှ

ဇနီးဖြစ်သူကတူနှင့်ထုနှက်ခဲ့၍ ယောင်္ကျားဖြစ်သူသေဆုံးခဲ့ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။ဖြစ်စဉ်မှာ ထီးချိုင့်မြို့ အမှတ်(၄)ရပ်ကွက်နေ ဦးဌေးလင်းဦး(၄၀)နှစ်သည်

၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ထွေးကြည်(၄၇)နှစ်နှင့် အရက်သေစာအတူ သောက်စားမူးယစ်ပြီး ဦးဌေးလင်းဦးပေါင်နှံသုံးစွဲထားသည့် မော်တော် ဆိုင်ကယ်၊

လက်ကိုင်ဖုန်းကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ ဒေါ်ခင်ထွေးကြည်က သစ်သားရိုးတပ်ထားသည့်တူဖြင့် ဦးခေါင်း၊နဖူးနှင့် ရင်ဘတ်တို့အား ထုနှက်ခဲ့ခြင်းကြောင်း

ဒါဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ခင်ထွေးကြည်အား ထီးချိုင့်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *