ကြီးရင်မှီ ငယ်ရင်ချီ” ဆိုတာရှိပေမယ့် အိမ်ထောင်တစ်ခုမှာ အသက်ရွယ်ကွာလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ
အချစ်မှာ အသက်အရွယ်ဆိုတာမရှိဘူး နှစ်ဦးနှစ်ဘက် ချစ်ရင်ပြီးတာပဲလို့ ဆိုကြတယ်
တကယ်တမ်း ချစ်လို့ တွဲပြီဆိုတော့မှ ပြဿနာကစတာ ။ တစ်ခုပြီးတစ်ခုနဲ့ မဆုံးနိုင်တော့ဘူး။
ဘာလို့လဲဆိုတော့ အသက်ခြင်း တအားကွာနေပြီဆို ဘဝဖြတ်သန်းတာခြင်းလည်း မတူတော့ပါဘူး ။
အမြင်နဲ့ခံယူချက်တွေကလည်းကွာကြတယ် ။ ဒီဒုက္ခတွေကတော့ အသက်ကွာလွန်းသူကို ချစ်မိသူတိုင်း ကြုံရတဲ့ဒုက္ခတွေပဲဖြစ်ပါတယ် ။
လွှမ်းမိုးခြင်း
အသက်ကြီးတဲ့သူကလည်း သူကအကြီးမို့ သူပြောတာနားထောင်စေချင်တယ် ။ အနိုင်လိုချင်တယ် ။
ငယ်တဲ့သူကလည်း အငယ်မို့ ဆိုးနွဲ့ပြီးအနိုင်ရချင်တယ် ။ အလျှော့ပေးစေချင်တယ် ။
အကြိုက်မတူခြင်း
ဒါကလည်းသိပ်မဆန်းတဲ့ အရာတစ်ခုပဲ ။ အသက်ကြီးတဲ့ လူကတည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနေချင်တယ် ။
ဆိုင်ကောင်းကောင်းလေးမှာထိုင်ပြီးစကားပြောချင်တယ် ။ ငယ်တဲ့လူကတော့ လျှောက်သွား၊ လျှောက်စားနေချင်ပြီး ပွဲလမ်းတွေဆိုလည်းသွားချင်သေးပါသေးတယ် ။
အသုံးအဖြုန်းကြီးခြင်း
အသက်ကြီးသူကတော့ ပိုက်ဆံကိုမဖြုန်းတော့ဘူး။ ငယ်တဲ့လူကျ တော့သုံးချင်တာဆိုသုံး လိုက်ရမှပါ ။ အဲ့ဒီကိစ္စနဲ့လည်းခဏခဏစကားများရပါတယ် ။
နှစ်ဦးသဘောတူ ညှိရခက်ခြင်း
မတူတာတွေများပေမဲ့ချစ်တဲ့စိတ်နဲ့ ညှိနှိုင်းလို့မရဘူးလားလို့မေးစရာရှိတယ် ။ တကယ်တမ်းကျတော့မဖြစ်နိုင်ဘူး
အမြင်နဲ့ခံယူချက်တွေက ကွဲပြားနေတာဆိုတော့ ညှိလို့ကိုမရပါဘူး ။
ပတ်ဝန်းကျင်မကောင်းခြင်း
ဘေးပတ်ဝန်းကျင်ကလည်း အသက်ကြီးတဲ့လူကိုတွဲတာ ပိုက်ဆံကြောင့်လို့ ထင်ကြေးပေးတာလည်း ခံရပါသေးတယ် ။
ခရက်ဒစ်