အိပ္ယာေဘး သံပုရာသီးေလး ထားအိပ္ရင္ ရရွိလာမယ့္ အံ့မခန္းအက်ိဳးေက်းဇူးမ်ား…
က်န္းမာေရးအတြက္ေရာ အသားအေရအတြက္ပါ အက်ိဳးေက်းဇူးေတြမ်ားလွတဲ့ သံပရာသီးရဲ႕ အသုံးဝင္ပုံေတြကိုေတာ့ လူတိုင္းသိၾကမွာပါ။
အခုေဖာ္ျပေပးမွာကေတာ့ ညဘက္အိပ္စက္တဲ့အခါ သံပရာသီးစိတ္ကို မိမိရဲ႕အိပ္ရာေဘး ဒါမွမဟုတ္
အိပ္ရာအနီးတဝိုက္ကစားပြဲေပၚမွာ ထားေပး႐ုံနဲ႔ ရရွိႏိုင္မယ့္ က်န္းမာေရးေကာင္းက်ိဳးေတြပဲျဖစ္ပါတယ္။
(၁) ေသြးတိုးေရာဂါကို သက္သာေစႏိုင္တယ္။
သံပရာသီးကို လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းကရနံ႔ကုထုံးေတြမွာအသုံးျပဳခဲ့ၾကတာျဖစ္ၿပီးသံပရာသီးရနံ႔ဟာ
ေသြးေပါင္တက္ျခင္းကို သက္သာေစႏိုင္ပါတယ္။
ဒါေၾကာင့္မို႔ိလိုေသြးတိုးေရာဂါရွိသူေတြအေနနဲ႔အိပ္စက္တဲအ့ခါ အိပ္ရာေဘးအနီးတဝိုက္မွာ
သံပရာသီးစိတ္ထားေပးျခင္းက ေသြးေပါင္တက္ျခင္းကိုသက္သာေစႏိုင္ပါတယ္။
(၂) အခန္းတြင္းေလထုကိုသန႔္စင္ေပးႏိုင္တယ္။
အိပ္စက္တဲ့အခါ အိပ္ရာအနီးတဝိုက္မွာသံပရာသီစိတ္ထားေပးျခင္းဟာ
အသက္ရႈလမ္းေၾကာင္းဆိုင္ရာက်န္းမာေရးျပႆနာေတြကိုျဖစ္ေစႏိုင္တဲ့ ဘက္တီးရီးယားပိုးမႊားေတြကိုေသေစႏိုင္တဲ့အျပင္
ျခင္၊ယင္ေကာင္စတဲ့အင္းဆက္ေတြရဲ႕အႏၲရာယ္ကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။
(၃) ဦးေႏွာက္ရဲ႕လုပ္ေဆာင္မႈေတြကိုပိုမိုေကာင္းမြန္ေစႏိုင္တယ္။
ဂ်ပန္ႏိုင္ငံကေဆးပညာရွင္ေတြရဲ႕ သုေတသနေလ့လာမႈေတြအရ သံပရာသီးရနံ႔ဟာဦးေႏွာက္ရဲ႕
လုပ္ေဆာင္မႈေတြကိုပိုမိုေကာင္းမြန္ေစၿပီး အာ႐ုံစူးစိုက္မႈကို ပိုမိုျမင့္တက္ေစႏိုင္တယ္လို႔ဆိုပါတယ္။
(၄) စိတ္ဖိစီးမႈေတြကိုေလ်ာ့က်ေစႏိုင္တယ္။
ရနံ႔ကုထုံးပညာရွင္ေတြဟာ စိုးရိမ္ပူပန္မႈမ်ားသူေတြနဲ႔ စိတ္က်ေရာဂါခံစားေနရသူေတြကို သံပရာသီးရနံ႔ကုထုံးကို အသုံးျပဳကာကုသေပးေလ့ရွိပါတယ္။
အိပ္ခန္းတြင္းမွာ သံပရာသီးစိတ္ထားေပးျခင္းကတေန႔တာ စိတ္ပင္ပန္းမႈနဲ႔ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစႏိုင္မွာ ျဖစ္ပါတယ္။
(၅) စိတ္လန္းဆန္းေပါ့ပါးေစတယ္။
အိပ္ရာႏိုးတဲ့အခါ ေလးလံထိုင္းမႈိင္းၿပီး လန္းဆန္းတက္ႂကြမႈမရွိျခင္းေတြကို သံပရာသီးရနံ႔က ကုစားေပးႏိုင္ပါတယ္။
အိပ္ရာ ေဘးမွာသံပရာသီးစိတ္ထားေပးျခင္းက ပင္ပန္းႏြမ္းနယ္မႈေတြကို သက္သာေစႏိုင္တဲ့အျပင္ လန္းလန္းဆန္းဆန္း ႏိုးးထႏိုင္ေစပါတယ္။
ခရက္ဒစ္
Unicode,
အိပ်ယာဘေး သံပုရာသီးလေး ထားအိပ်ရင် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူးများ…
ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ အကျိုးကျေးဇူးတွေများလှတဲ့ သံပရာသီးရဲ့ အသုံးဝင်ပုံတွေကိုတော့ လူတိုင်းသိကြမှာပါ။
အခုဖော်ပြပေးမှာကတော့ ညဘက်အိပ်စက်တဲ့အခါ သံပရာသီးစိတ်ကို မိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ်
အိပ်ရာအနီးတဝိုက်ကစားပွဲပေါ်မှာ ထားပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေပဲဖြစ်ပါတယ်။
(၁) သွေးတိုးရောဂါကို သက်သာစေနိုင်တယ်။
သံပရာသီးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရနံ့ကုထုံးတွေမှာအသုံးပြုခဲ့ကြတာဖြစ်ပြီးသံပရာသီးရနံ့ဟာ
သွေးပေါင်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။
ဒါကြောင့်မို့ိလိုသွေးတိုးရောဂါရှိသူတွေအနေနဲ့အိပ်စက်တဲအ့ခါ အိပ်ရာဘေးအနီးတဝိုက်မှာ
သံပရာသီးစိတ်ထားပေးခြင်းက သွေးပေါင်တက်ခြင်းကိုသက်သာစေနိုင်ပါတယ်။
(၂) အခန်းတွင်းလေထုကိုသန့်စင်ပေးနိုင်တယ်။
အိပ်စက်တဲ့အခါ အိပ်ရာအနီးတဝိုက်မှာသံပရာသီစိတ်ထားပေးခြင်းဟာ
အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့အပြင်
ခြင်၊ယင်ကောင်စတဲ့အင်းဆက်တွေရဲ့အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုပိုမိုကောင်းမွန်စေနိုင်တယ်။
ဂျပန်နိုင်ငံကဆေးပညာရှင်တွေရဲ့ သုတေသနလေ့လာမှုတွေအရ သံပရာသီးရနံ့ဟာဦးနှောက်ရဲ့
လုပ်ဆောင်မှုတွေကိုပိုမိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကို ပိုမိုမြင့်တက်စေနိုင်တယ်လို့ဆိုပါတယ်။
(၄) စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်တယ်။
ရနံ့ကုထုံးပညာရှင်တွေဟာ စိုးရိမ်ပူပန်မှုများသူတွေနဲ့ စိတ်ကျရောဂါခံစားနေရသူတွေကို သံပရာသီးရနံ့ကုထုံးကို အသုံးပြုကာကုသပေးလေ့ရှိပါတယ်။
အိပ်ခန်းတွင်းမှာ သံပရာသီးစိတ်ထားပေးခြင်းကတနေ့တာ စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။
(၅) စိတ်လန်းဆန်းပေါ့ပါးစေတယ်။
အိပ်ရာနိုးတဲ့အခါ လေးလံထိုင်းမှိုင်းပြီး လန်းဆန်းတက်ကြွမှုမရှိခြင်းတွေကို သံပရာသီးရနံ့က ကုစားပေးနိုင်ပါတယ်။
အိပ်ရာ ဘေးမှာသံပရာသီးစိတ်ထားပေးခြင်းက ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေနိုင်တဲ့အပြင် လန်းလန်းဆန်းဆန်း နိုးးထနိုင်စေပါတယ်။
ခရက်ဒစ်