အေထြအေထြဗဟုသုတ

(ကလေးငယ်ရှိတဲ့မိဘများ)သိထားသင့်တဲ့ဘာဖြစ်ရင်ဘယ်နေရာကိုနှိပ်ပေးရမယ်ဆိုတဲ့နည်းလမ်းများ

ကလေးငယ်များဘာဖြစ်ရင်ဘယ်နေရာကို နှိပ်ပေးရမယ်ဆိုတဲ့နည်းလမ်းများမိဘများ သိသင့်ပါတယ်ကလေးငယ်တွေအတွက် နှိပ်နည်းကလေးငယ်ရှိတဲ့မိဘများသိထားသင့်တဲ့ဘာဖြစ်ရင်ဘယ်နေရာကို နှိပ်ပေးရမယ်ဆိုတဲ့နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်

(၁)ဦးခေါင်းနဲ့သွားများအတွက်ခန္ဓာကိုယ်ရဲ့reflexology မြေပုံညွှန်ပြပုံအရဦးခေါင်းနဲ့အံသွားများက ခြေချောင်းတွေနဲ့ဆက်စပ်မှုရှိနေပါတယ်အဆိုပါ ခြေချောင်းလေးတွေကို နှိပ်နယ်ပေးခြင်းဖြင့်သွား နဲ့ဦးခေါင်းနာကျင်ခြင်း ဝေဒနာများကိုသက်သာစေပါတယ်

ဒါ့ကြောင့်ကလေးရဲ့ဘယ်ညာ ခြေမလေးတွေ၊ ခြေဖျားလေးတွေကိုညင်ညင်သာသာဖျစ်ညစ်ပြီးပတ်ပတ်လည် နှိပ်နယ်ပေးလိုက်ပါ။ နှိပ်တဲ့အခါ ခြေချောင်းအောက်ဘက်ဧရိယာတစ်ဝှိုက်ကိုညင်ညင်သာသာ နှိပ်နယ်ပေးဖို့လိုအပ်ပါတယ်

(၂)နှာခေါင်းအတွက်ခြေချောင်းတစ်ချောင်းချင်းစီဟာ နှာခေါင်းနဲ့ပတ်သက်တဲ့အစိတ်အပိုင်းအချို့နဲ့ဆက်စပ်မှုရှိပါတယ်ဒါ့ကြောင့် နှာစေ နှာပိတ်စတဲ့ ရောဂါဝေဒနာမျိုးခံစားရတဲ့အခါသင့်ကလေရဲ့ ခြေချောင်းအောက်ဘက်

ဧရိယာတည့်တည့်ကိုလက်ညိုးနဲ့လက်မကိုအသုံးပြုပြီးပတ်ပတ်လည်ညင်ညင်သာသာ နှိပ်နယ်ပေးလိုက်ပါညာဘက်နှိပ်ပြီးတဲ့အခါဘယ်ဘက်ကိုလည်းထိုကဲ့သိုထပ်နှိပ်ပေးဖို့လိုအပ်ပါတယ်။

(၃)အဆုတ်အတွက်အဆုတ်ကြောင့် ချောင်းဆိုးရင်ဘက်အောက်တဲ့အခါပုံမှာဖော်ပြထားတဲ့ ခြေချောင်းအောက်ဘက်ဧရိယာရဲ့ အောက်ဘက်နေရာတစ်ဝှိုက်ကို နှိပ်နယ်ပေးဖို့လိုအပ်ပါတယ်ညာမှဘယ်သို့ဆွဲပွတ်ပြီးအသာအယာနှပ်ပေးဖို့လိုအပ်ပါတယ်အဆိုပါနေရာကို နှိပ်တဲ့အခါမိမိရဲ့လမ်းချောင်းများဖြင့်ကလေးကိုညင်ညင်သာသာနှိပ်နယ်ပေးဖို့လိုအပ်ပါတယ်

(၄)ဝမ်းဗိုက်အတွက်ဝမ်းဗိုက်နာကျင်ခြင်းအတွက်ပုံမှာဖော်ပြထားသလို ညာဘက်ခြေဖဝါးအောက်နေရာကို နှိပ်နယ်ပေးခြင်းဖြင့်သက်သာနိုင်ပါတယ်သင့်ရဲ့လက်မဖြင့် ခြေဖဝါးနှစ်ခုစလုံးရဲ့အလယ်တည့်တည့်နေရာကိုစက်ဝိုင်းပုံသဏ္ဍာန်ရွေ့လျားပြီး နှိပ်နယ်ပေးဖို့လိုအပ်ပါတယ်။

(၅)အူပြဿနာအတွက်အူသိမ်အူမ ပြဿနာများကိုဖယ်ရှားပေးနိုင်ဖို့အတွက်အကူအညီပေးနိုင်ပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာ ခြေထောက်နှစ်ဖက်စလုံးကို နှိပ်ပေးဖို့လိုအပ်ပါတယ်ပထမဦးစွာသင့်ရဲ့လက်မကိုကလေးရဲ့ဘယ်ဘက်ခြေဖဝါးရဲ့ဘယ်ဘက်ခြမ်အောက်ဆုံးမှာထားပါ

ပြီးလျှင်ထိုနေရာကနေတဖြည်းဖြည်းအပေါ်ထိပ်ပိုင်းသို့ နှိပ်ပြီးတွန်းတင်ပုံမှာသတ်မှတ်ထားတဲ့နေရာရောက်တဲ့အခါ ခြေဖဝါးရဲ့ညာဘက်ကိုတဖန်နှိပ်ပြီးတွန်းတင်းပေးပါခြေဖဝါးအစွန်ဆုံးသွားတဲ့အခါတူညီတဲ့အဆင့်ကနေညာဘက်ခြေဖဝါးသို့ ပြောင်းပြီးထိုကဲ့သို့ ဘေးကနေ အောက်သို့တဖြည်းဖြည်းနှိပ်ပြီးဖိဆွဲပေးပါ။

(၆)ဝမ်းချုပ်ခြင်းအတွက်သင့်ကလေးရဲ့ဗိုက်က ဖောင်းပြီးဝမ်းလဲမသွားဘဲဝမ်းချုပ်တဲ့ ဝေဒနာဖြစ်ပေါ်နေတဲ့အခါမျိုးမှာပုံမှာဖော်ပြပေးထားတဲ့ခြေဖဝါးအောက် နေရာတစ်ဝှိုက်ကို ကြောင်လိမ်ဒါမှမဟုတ်စက်ဝိုင်းပုံစံညင်ညင်သာသာ နှိပ်ပေးဖို့လိုအပ်ပါတယ်။

(၇) နှိပ်သင့်တဲ့လက်ရဲ့အဓိကနေရာများအစာအိမ်ပြဿနာဒါမှမဟုတ် ချောင်းဆိုတဲ့အခါမျိုးမှာသင့်ရဲ့လက်မနဲ့ကလေးရဲ့လက်ဖဝါးအလယ်နေရာကိုစက်ဝိုင်းပုံစံစွဲပြီး နှိပ်ပေးပါမျက်စိရောင်ခြင်း၊ နာခြင်းဖြစ်ပေါ်တဲ့အခါလက်ညိုးရဲ့ အစွန်အဖျားကို နှိပ်နယ်ပေးပါကြို့ထိုးခြင်းအန်ခြင်းဖြစ်ပေါ်

တဲ့အခါလက်မအစွန်အဖျားနေရာကိုနှိပ်နယ်ပေးပါဖျားနာခြင်းဖြစ်တဲ့အခါလက်ခလယ်အစွန်အဖားလေးကို နှိပ်နယ်ပေးပါ ချောင်းဆိုးခြင်းနဲ့အခြားအသက်ရှူဆိုင်ရာပြဿနာများဖြစ်ပေါ်တဲ့အခါလက်သူကြွယ်ဖျားကို နှိပ်နယ်ပေးပါသွားကိုက်ခြင်း၊နာခြင်းဖြစ်ပေါ်တဲ့အခါလက်သန်းအစွန်အဖျားကို နှိပ်နယ်ပေးပါ..။














Leave a Reply

Your email address will not be published. Required fields are marked *