န်းဖွင့်တာကြိုက်တယ်။ သူကတော့ အဲကွန်းမဖွင့်တာပိုကြိုက်တယ်တဲ့။ ကျနော်ကတော့ အဲကွန်းမဖွင့်လေ ဆီကုန်တာပိုသက်သာလေဆိုတော့ အဲကွန်းပျက်နေတယ်ပါ ပြောလိုက်တယ်။ အေးရော။
သူ့ကြည့်ရတာ ချမ်းတတ်လို့နဲ့တူပါတယ်။တက္ကစီ ငှားစီးမိတဲ့ အမျိုးသမီးတစ်ယောက် ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်လူပိုလည်းထပ်မတင်နဲ့တဲ့။ ကျနော်ကလည်းမတင်ပါဘူးပြောလိုက်တာပေါ့။ ထူးဆန်းတာက ကားမောင်းရင်း ဖုန်းမသုံးနဲ့ဆိုတာပဲ။
တစ်ထောင်ပို ပေးမယ်တဲ့။ ဘာလို့လဲမေးတော့လည်းပြန်မဖြေဘူး။ ကဲ …. တစ်ထောင်ပိုရလည်း မနည်းဘူးဆိုပြီး ဖုန်းမသုံးပါဘူးပြော လိုက်ရတယ်။
တစ်လမ်းလုံး ယာဉ်ကြောပိတ်တာကလွဲပြီး ဘာပြဿနာမှ မတက်ဘူး။ ရှစ်မိုင်မီးပွိုင့်လည်းရောက်ရော ပြဿနာတက် ရောခင်ဗျ။
အိမ်က ကျနော်စားလာတဲ့ဟင်းက ချဉ်ပေါင်ရွက်ချဉ်ရည် ရယ် ဆူးပုတ်ရွက်နဲ့ပဲကြီးဟင်းရယ် ဒညင်းသီးနဲ့ ငါးပိရည်ရယ်။
အဲဒီ့မြာ ဒုက္ခေစတာ့တာပဲ။ ရှစ်မိုင်လမ်းဆုံရောက်တော့ လေလည်ချင် လာရော။ ကျနော် အောင့်ထားတယ်။ စားထားတဲ့အစာ ကိုကြည့်လိုက်တာနဲ့ အနံ့က ပြင်းမှာ ကျိန်းသေသိနေတာကိုး။
နှစ်ယောက်တည်းပါတဲ့ကားပေါ်မှာ ကျနော့် လက်ချက်မှန်း သူကျိန်းသေသိမှာကိုးဗျ။
အဲဒါနဲ့ ကျနော်အောင့်ထားတယ်။ ဘက်မှန်ထဲကနေသူ့ကို ကြည့်လိုက်တော့ ကျနော်ကို မျက်မှောင်ကြီးကျုံ့ပြီးစိုက်ကြည့်နေသဗျ။
အဲဒါနဲ့ ကျနော်လည်း သူသတိမထားမိတဲ့အချိန် အသံမမြည်အောင် ကြိတ်လွှတ်လိုက်မယ်ဆိုပြီး ဘက်မှန်ထဲ ကနေကြည့်တာ သူကလည်း ကျနော့်ကို မကျေနပ်တဲ့ မျက်နှာပေးကြီးနဲ့ တောက်လျှောက်စိုက်ကြည့်နေသဗျ။
အဲဒါနဲ့ ….နောက်ဆုံး မအောင့်ထားနိုင်တော့တဲ့အဆုံး (အောင့်ထားတော့ အီးငွေ့ပမာဏကလည်းပိုပိုများလာပြီ)ပေါက်ရတော့မယ်။အောင့်ပြီးမှပေါက်ရတာဆိုတော့ အသံအကျယ်ကြီး မြည်မှာလည်း ကိုယ့်ဖာသာသိနေတယ်။
အဲဒါနဲ့ ရုတ်တရက် အကြံပေါ်လာတဲ့အတိုင်း ကားဟွန်းကို အရှည်ကြီးတီးပြီး အီးပေါက်ထည့်လိုက်တယ်။ အီးသံကိုဟွန်းသံဖုံးသွားတာပေါ့လေ။ ပိုင်တယ်ကွာဆိုပြီး ကိုယ့်ကိုယ်ကိုကိုယ် ကျေနပ်နေတာ။
ဒါပေမယ့် ….ပဲကြီးဟင်းရယ် ဆူးပုတ်ရွက်ရယ် ချဉ်ပေါင်ဟင်းရယ် ဒညင်းသီးရယ် ငါးပိရည်ရယ်
အားလုံးပေါင်းပြီးထွက်လာတဲ့ ရနံ့က အီးပေါက်လိုက်တဲ့ ကာယကံရှင် ကျနော်တောင် ရှူ မိတော့မူးသွားတယ်ဗျာ။
ဒီလောက်အနံ့ဆိုးတဲ့အီးမျိုး တစ်ခါမှ မရှူဖူးဘူး။ သွားပါပြီ …… ဆိုပြီး တွေးနေတုန်း နောက်က ကောင်မလေးက ရုတ်တရက် ” အား ” ဆိုပြီး အကျယ်ကြီး ထအော်တယ်။
ကားရပ်ပေးဆိုပြီးတော့လည်း ထအော်တယ်။ ကျနော်လည်း ရုတ်တရက်ဆိုတော့ ကြောင်နေတာနဲ့ ကားမရပ်ပေးမိဘူး။ကောင်မလေးက အခါခါ အာခေါင်ခြစ်အော်တော့မှ ကျနော်ကားထိုးရပ်လိုက်ရတယ်။
ရပ်လိုက်တာနဲ့ ကောင်မလေးက အော်ပြီး ဝုန်းခနဲ ဆင်းပြေးတယ်။
ကျနော်လည်း ရှက်လွန်းတာနဲ့ သူဆင်းပြီးပြီးချင်း ကားကို အမြန်မောင်းထွက်ခဲ့တယ်။
ရှက်လိုက်တာဗျာ။ကိုယ့်အီးနံ့ကြောင့် ခရီးသည်တစ်ယောက် အော်ပြီး ဆင်းပြေးရတယ်ဆိုတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှကြားတောင်မကြားဖူးပါဘူး။
Credit
Zawgyi
န္းဖြင့္တာႀကိဳက္တယ္။ သူကေတာ့ အဲကြန္းမဖြင့္တာပိုႀကိဳက္တယ္တဲ့။ က်ေနာ္ကေတာ့ အဲကြန္းမဖြင့္ေလ ဆီကုန္တာပိုသက္သာေလဆိုေတာ့ အဲကြန္းပ်က္ေနတယ္ပါ ေျပာလိုက္တယ္။ ေအးေရာ။
သူ႔ၾကည့္ရတာ ခ်မ္းတတ္လို႔နဲ႔တူပါတယ္။တကၠစီ ငွားစီးမိတဲ့ အမ်ိဳးသမီးတစ္ေယာက္ ရဲ့ ကိုယ္ေတြ႕ ျဖစ္ရပ္လူပိုလည္းထပ္မတင္နဲ႔တဲ့။ က်ေနာ္ကလည္းမတင္ပါဘူးေျပာလိုက္တာေပါ့။ ထူးဆန္းတာက ကားေမာင္းရင္း ဖုန္းမသုံးနဲ႔ဆိုတာပဲ။
တစ္ေထာင္ပို ေပးမယ္တဲ့။ ဘာလို႔လဲေမးေတာ့လည္းျပန္မေျဖဘူး။ ကဲ …. တစ္ေထာင္ပိုရလည္း မနည္းဘူးဆိုၿပီး ဖုန္းမသုံးပါဘူးေျပာ လိုက္ရတယ္။
တစ္လမ္းလုံး ယာဥ္ေၾကာပိတ္တာကလြဲၿပီး ဘာျပႆနာမွ မတက္ဘူး။ ရွစ္မိုင္မီးပြိဳင့္လည္းေရာက္ေရာ ျပႆနာတက္ ေရာခင္ဗ်။
အိမ္က က်ေနာ္စားလာတဲ့ဟင္းက ခ်ဥ္ေပါင္႐ြက္ခ်ဥ္ရည္ ရယ္ ဆူးပုတ္႐ြက္နဲ႔ပဲႀကီးဟင္းရယ္ ဒညင္းသီးနဲ႔ ငါးပိရည္ရယ္။
အဲဒီ့ျမာ ဒုေကၡစတာ့တာပဲ။ ရွစ္မိုင္လမ္းဆုံေရာက္ေတာ့ ေလလည္ခ်င္ လာေရာ။ က်ေနာ္ ေအာင့္ထားတယ္။ စားထားတဲ့အစာ ကိုၾကည့္လိုက္တာနဲ႔ အနံ႔က ျပင္းမွာ က်ိန္းေသသိေနတာကိုး။
ႏွစ္ေယာက္တည္းပါတဲ့ကားေပၚမွာ က်ေနာ့္ လက္ခ်က္မွန္း သူက်ိန္းေသသိမွာကိုးဗ်။
အဲဒါနဲ႔ က်ေနာ္ေအာင့္ထားတယ္။ ဘက္မွန္ထဲကေနသူ႔ကို ၾကည့္လိုက္ေတာ့ က်ေနာ္ကို မ်က္ေမွာင္ႀကီးက်ဳံ႕ၿပီးစိုက္ၾကည့္ေနသဗ်။
အဲဒါနဲ႔ က်ေနာ္လည္း သူသတိမထားမိတဲ့အခ်ိန္ အသံမျမည္ေအာင္ ႀကိတ္လႊတ္လိုက္မယ္ဆိုၿပီး ဘက္မွန္ထဲ ကေနၾကည့္တာ သူကလည္း က်ေနာ့္ကို မေက်နပ္တဲ့ မ်က္ႏွာေပးႀကီးနဲ႔ ေတာက္ေလွ်ာက္စိုက္ၾကည့္ေနသဗ်။
အဲဒါနဲ႔ ….ေနာက္ဆုံး မေအာင့္ထားႏိုင္ေတာ့တဲ့အဆုံး (ေအာင့္ထားေတာ့ အီးေငြ႕ပမာဏကလည္းပိုပိုမ်ားလာၿပီ)ေပါက္ရေတာ့မယ္။ေအာင့္ၿပီးမွေပါက္ရတာဆိုေတာ့ အသံအက်ယ္ႀကီး ျမည္မွာလည္း ကိုယ့္ဖာသာသိေနတယ္။
အဲဒါနဲ႔ ႐ုတ္တရက္ အႀကံေပၚလာတဲ့အတိုင္း ကားဟြန္းကို အရွည္ႀကီးတီးၿပီး အီးေပါက္ထည့္လိုက္တယ္။ အီးသံကိုဟြန္းသံဖုံးသြားတာေပါ့ေလ။ ပိုင္တယ္ကြာဆိုၿပီး ကိုယ့္ကိုယ္ကိုကိုယ္ ေက်နပ္ေနတာ။
ဒါေပမယ့္ ….ပဲႀကီးဟင္းရယ္ ဆူးပုတ္႐ြက္ရယ္ ခ်ဥ္ေပါင္ဟင္းရယ္ ဒညင္းသီးရယ္ ငါးပိရည္ရယ္
အားလုံးေပါင္းၿပီးထြက္လာတဲ့ ရနံ႔က အီးေပါက္လိုက္တဲ့ ကာယကံရွင္ က်ေနာ္ေတာင္ ရႉ မိေတာ့မူးသြားတယ္ဗ်ာ။
ဒီေလာက္အနံ႔ဆိုးတဲ့အီးမ်ိဳး တစ္ခါမွ မရႉဖူးဘူး။ သြားပါၿပီ …… ဆိုၿပီး ေတြးေနတုန္း ေနာက္က ေကာင္မေလးက ႐ုတ္တရက္ ” အား ” ဆိုၿပီး အက်ယ္ႀကီး ထေအာ္တယ္။
ကားရပ္ေပးဆိုၿပီးေတာ့လည္း ထေအာ္တယ္။ က်ေနာ္လည္း ႐ုတ္တရက္ဆိုေတာ့ ေၾကာင္ေနတာနဲ႔ ကားမရပ္ေပးမိဘူး။ေကာင္မေလးက အခါခါ အာေခါင္ျခစ္ေအာ္ေတာ့မွ က်ေနာ္ကားထိုးရပ္လိုက္ရတယ္။
ရပ္လိုက္တာနဲ႔ ေကာင္မေလးက ေအာ္ၿပီး ဝုန္းခနဲ ဆင္းေျပးတယ္။
က်ေနာ္လည္း ရွက္လြန္းတာနဲ႔ သူဆင္းၿပီးၿပီးခ်င္း ကားကို အျမန္ေမာင္းထြက္ခဲ့တယ္။
ရွက္လိုက္တာဗ်ာ။ကိုယ့္အီးနံ႔ေၾကာင့္ ခရီးသည္တစ္ေယာက္ ေအာ္ၿပီး ဆင္းေျပးရတယ္ဆိုတာ တစ္သက္နဲ႔တစ္ကိုယ္ တစ္ခါမွၾကားေတာင္မၾကားဖူးပါဘူး။
Credit