ျပည္တြင္းသတင္း

ဝယ္လို႔ကို မရေတာ့ပဲ စံခ်ိန္တင္ ထိုးတက္သြားတဲ့ ယေန႔ ေ႐ႊေဈး နဲ႔ ေဒၚလာေဈး…

ဝယ္လို႔ကို မရေတာ့ပဲ စံခ်ိန္တင္ ထိုးတက္သြားတဲ့ ယေန႔ ေ႐ႊေဈး နဲ႔ ေဒၚလာေဈး…

ျပည္တြင္းစီးပြားေရးေစ်းကြက္တြင္ အကယ္ဒမီ မီးလင္းေ႐ႊ (အေခါက္ေ႐ႊ)တစ္က်ပ္သားလွ်င္ ေငြက်ပ္ သိန္း ၃၁ သိန္းအထိ

ေစ်းျမင့္တက္သြားၿပီး ေ႐ႊဝယ္မရေတာ့ေၾကာင္း ရန္ကုန္မီးလင္းေ႐ႊေစ်းကြက္အတြင္းမွ သိရွိရသည္။

“ေရာင္းခ်င္ရင္လာခဲ့ပါ။ ဝယ္ခ်င္ရင္ေတာ့ ပစၥည္းမရွိပါဘူး” ဟု မီးလင္းေ႐ႊဆိုင္သီးသန႔္ ေရာင္းခ်သည့္ ရန္ကုန္ၿမိဳ႕၏ နာမည္ေက်ာ္ေ႐ႊဆိုင္ မန္ေနဂ်ာက ေျပာသည္။

အေမရိကန္ေဒၚလာမွာလည္း တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၃၆၀၀ နီးပါး အထိ

ေစ်းေရာက္ရွိသြားၿပီး ထပ္မံျမင့္တက္မည္ျဖစ္ေၾကာင္း ေစ်းကြက္ကြၽမ္းက်င္သူ ေဒၚလာဝယ္ေရာင္းမ်ားက ေျပာသည္။

” အေမာင့္ Amount မ်ားရင္ ေစ်းညႇိေရာင္းေပးမယ္။ ေစ်းကေတာ့ အခု ဝယ္ၿပီးရင္ ခဏေနတက္တာပဲ” ဟု ရန္ကုန္ေဒၚလာဝယ္ေရာင္း လက္ႀကီးသမားတစ္ဦးက ေျပာဆိုသည္။

စစ္ေကာင္စီက အဖမ္းအဆီးမ်ား ျပဳလုပ္မည္ဟု ၿခိမ္းေျခာက္ထား၍ ေ႐ႊႏွင့္ေငြေစ်းကြက္တြင္ အခ်င္းခ်င္း ယုံၾကည္မႈ ျဖင့္သာ ခ်ိတ္ဆက္ ဝယ္ေရာင္းလုပ္ေနရေၾကာင္း၊

အျပင္လူ မ်က္ႏွာစိမ္းဆိုလွ်င္ အေရာင္းအဝယ္မလုပ္ဟု သိရွိရသည္။

ဓာတ္ပုံ-ေန႔စဥ္ တန္ဖိုးထိုးက်ေနသည့္ ျမန္မာက်ပ္ေငြ။

(အခ်ိန္ႏွင့္အမွ် ေစ်းႏႈန္းေျပာင္းလဲေန၍ သတင္းကို ျပန္လည္ တည္းျဖတ္ ျပင္ဆင္ရပါသည္)

Source – Khit Thit Media

Unicode,

ဝယ်လို့ကို မရတော့ပဲ စံချိန်တင် ထိုးတက်သွားတဲ့ ယနေ့ ရွှေဈေး နဲ့ ဒေါ်လာဈေး…

ပြည်တွင်းစီးပွားရေးဈေးကွက်တွင် အကယ်ဒမီ မီးလင်းရွှေ (အခေါက်ရွှေ)တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၃၁ သိန်းအထိ

ဈေးမြင့်တက်သွားပြီး ရွှေဝယ်မရတော့ကြောင်း ရန်ကုန်မီးလင်းရွှေဈေးကွက်အတွင်းမှ သိရှိရသည်။

“ရောင်းချင်ရင်လာခဲ့ပါ။ ဝယ်ချင်ရင်တော့ ပစ္စည်းမရှိပါဘူး” ဟု မီးလင်းရွှေဆိုင်သီးသန့် ရောင်းချသည့် ရန်ကုန်မြို့၏ နာမည်ကျော်ရွှေဆိုင် မန်နေဂျာက ပြောသည်။

အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၃၆၀၀ နီးပါး အထိ

ဈေးရောက်ရှိသွားပြီး ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ ဒေါ်လာဝယ်ရောင်းများက ပြောသည်။

” အမောင့် Amount များရင် ဈေးညှိရောင်းပေးမယ်။ ဈေးကတော့ အခု ဝယ်ပြီးရင် ခဏနေတက်တာပဲ” ဟု ရန်ကုန်ဒေါ်လာဝယ်ရောင်း လက်ကြီးသမားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက အဖမ်းအဆီးများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ထား၍ ရွှေနှင့်ငွေဈေးကွက်တွင် အချင်းချင်း ယုံကြည်မှု ဖြင့်သာ ချိတ်ဆက် ဝယ်ရောင်းလုပ်နေရကြောင်း၊

အပြင်လူ မျက်နှာစိမ်းဆိုလျှင် အရောင်းအဝယ်မလုပ်ဟု သိရှိရသည်။

ဓာတ်ပုံ-နေ့စဉ် တန်ဖိုးထိုးကျနေသည့် မြန်မာကျပ်ငွေ။

(အချိန်နှင့်အမျှ ဈေးနှုန်းပြောင်းလဲနေ၍ သတင်းကို ပြန်လည် တည်းဖြတ် ပြင်ဆင်ရပါသည်)

Source – Khit Thit Media

Leave a Reply

Your email address will not be published. Required fields are marked *